အသင့်စား ခေါက်ဆွဲခြောက် ထုပ်များတွင် ဆားပါဝင်မှုသည် လို အပ်သည်ထက် ပိုမိုများပြားနေသည့် အတွက် ရေရှည်စားသုံးပါက သွေး တိုးရောဂါဖြစ်ပွားနိုင်သည့်အတွက် တစ်ပတ်လျှင် နှစ်ထုပ်ထက် မစားသင့် ကြောင်း သိရသည်။
ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် Sodium ဆားပါဝင်မှုပမာဏမှာ ၇၀၀ mg၊ ၈၀၀ mg ခန့်သာ ပါဝင် သင့်သော်လည်း အချို့သော ခေါက် ဆွဲထုပ်များတွင် ၁၀၀၀ mg နှင့်အ ထက် ဖြစ်ပွားနေကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက် အရ တစ်ရက်လျှင် လူတစ်ဦးစားသုံး ရမည့် ဆားပမာဏမှာ ၂၄၀၀ mg သာ လိုအပ်သော်လည်း ခေါက်ဆွဲ ခြောက်တွင်ပါဝင်သည့် ဆားပမာဏ နှင့် အခြားအစားအစာများတွင်ပါဝင် သည့် ဆားပမာဏတို့ ပေါင်းလိုက် ပါက တစ်နေ့တာလိုအပ်ချက်ထက် ပိုများသွားကာ သွေးတိုးရောဂါဖြစ် ပွားရခြင်းဖြစ်ကြောင်း သိရသည်။
“ခေါက်ဆွဲခြောက်မှာ ဆားတွေ က လိုအပ်တာထက် ပိုပြီးပါဝင်နေပါ တယ်။ နေ့စဉ်စားမယ်ဆိုရင် ရေရှည် မှာ သွေးတိုးရောဂါဖြစ်ပွားနိုင်တဲ့အ တွက် တစ်ပတ်ကို နှစ်ထုပ်ထက်ပိုပြီး မစားသင့်ပါဘူး” ဟု အာဟာရနှင့်ကျန်း မာရေးဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ် သူက ဆိုသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ် တွင် ခေါက်ဆွဲခြောက် အများဆုံးစား သုံးသူများမှာ ဆယ်ကျော်သက်အ ရွယ်များဖြစ်ကြောင်းလည်း သိရ သည်။
“ခေါက်ဆွဲခြောက်ဆိုတာ အမြဲ စားရမယ့် အစားအစာမဟုတ်ဘူး။ အရေးပေါ်စားတာတို့၊ ခရီးသွားရင်ဆောင် သွားတာတို့လောက်ပဲ ကောင်းတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကျောင်း ကျန်းမာရေးဆရာဝန်ကြီး ဒေါက်တာ ခင်စောရီက ပြောသည်။
ခေါက်ဆွဲထုပ်တွင် သုတ်လိမ်း ခေါက်ဆွဲမျှင်များ တစ်ခုနှင့်တစ်ခု မ ကပ်အောင်သုတ်လိမ်းထားသည့် Propyleneglycol မှာလည်း ၁၀၀၀၀/kg သာ ပါဝင်သင့်သော်လည်း အ ချို့သော ခေါက်ဆွဲထုပ်များတွင် ပို မိုပါဝင်လျက်ရှိကြောင်း၊ ၎င်းကြောင့် ခန္ဓာကိုယ်၏ ခုခံစွမ်းအားကို ကျ ဆင်းစေပြီး ပြင်ပမှရောဂါများ ဝင် ရောက်လာစေနိုင်သည့်အပြင် ခန္ဓာ ကိုယ်အတွင်းရှိ ကျောက်ကပ်၊ အ သည်း၊ နှလုံးတို့တွင် အဆိုပါပစ္စည်း များ စုပြုံလာပြီး ပျက်စီးစေတတ် ကြောင်းလည်း အာဟာရဆိုင်ရာ အ ထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်း ဝင်းမြင့်က ဆက်လက်ပြောကြား သည်။
“ဖော့ဘူးကို ရေနွေးပူပူနဲ့လောင်း လိုက်လို့ ဓာတ်ပြုပြီး ထွက်လာတာ တွေကလည်း ဘေးဥပါဒ်ဖြစ်စေနိုင် သလို ခေါက်ဆွဲအမျှင်တွေကို တစ်ခု နဲ့တစ်ခု မကပ်အောင် သုပ်လိမ်းထား တဲ့ အဆီတွေကလည်း ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်” ဟု ယင်းက ဆိုသည်။
No comments:
Post a Comment