ပြည်ထောင်စုနေ့နောက်ပိုင်းမှ
ကျောင်း သားကိစ္စ ဆွေးနွေးပွဲ ကို ပြန်လုပ် မယ်ဆိုတဲ့ အစိုးရကြီးက ကျောင်းသား ကိုယ်စားလှယ်
အဲန်အဲန်အီးအာ ကိုယ်စားလှယ်များနဲ့ညှိနှိုင်း ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပဲ တွေ့ဆုံ
ဆွေးနွေးဖို့ သဘောတူလိုက်တဲ့ သတင်းကို မနေ့ညက ရှစ်နာရီ သတင်းမှာ ကြားလိုက်ရပါ တယ်။
‘အမလေး ဝမ်းသာလိုက်တာ၊ အခုမှ အလုံးကြီး ကျသွားတော့တယ်’ ဆိုတာမျိုး ရင့်ကျူးပြီး ကျေနပ်ကြိုဆို
ရမှာ ဖြစ်ပေမယ့် စိတ်ထဲမှာ အဲဒီလို မခံစားရဘူးခင်ဗျ။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်တဲ့အခါ
‘ယခင်အခါကလည်း ဒါမျိုး သတင်းကြားခဲ့ ဖူးပြီး ဝမ်းသာခဲ့ဖူးလေပြီ၊ ထိုမှတစ်ဖန် ပြော သည့်အတိုင်း
မလုပ်သဖြင့် နှလုံးကြေကွဲ ဝမ်း နည်းရဖူးလေပြီ’ လို့ အဖြေထွက်သဗျ။
ဒီသတင်းမျိုးကို မကြာလှသေးခင်ကပဲ
ကြားခဲ့ပြီး ‘ဒီတစ်ပွဲကဖြင့် အေးချမ်း သာယာ ပြီးလေပြီ’ လို့ ဝမ်းသာဖူးခဲ့သကိုး။ ဝမ်းသာ
တာက ကြာကြာ မခံ၊ နေပြည်တော်မှာ ဂွဲလန် သွားခဲ့တာ အားလုံးအသိမို့ အထူးပြော မနေ တော့ပါဘူး။
ဒါပေမဲ့ ဝမ်းမသာနိုင်လောက် အောင် တခြားရင်ကို မှန်ထားတဲ့ ဒဏ်ရာတွေ ကလည်း ရှိနေသေးသဗျ။
အဲဒါတွေထဲက တစ်ခုက ဆိုရင် ဆွေးနွေးမယ့် ကျောင်းသား ကလေးများနဲ့ ဆရာများ စည်ပင် ရိပ်သာ
မှာ တည်းခိုခွင့် သဘောတူပြီးပါမှ (အမည်မသိရ တဲ့) ဝန်ကြီးတစ်ဦးက ပိတ်ပြီး တစ်ညလုံး ဒုက္ခပေးရက်တာ၊
ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် က ကျောင်းသားတွေနောက်မှ ကြိုးကိုင် နေသူတွေ ရှိတယ်ဆိုပြီး
ဟိုးလွန် ခဲ့တဲ့ နှစ် ပေါင်းသုံးဆယ်ကျော် ကျွန်တော်တို့ ကျောင်း သားဘဝကတည်းက ကြားနေကျ
စီဒီအပဲ့ ကြီးကို ပြန်ဖွင့်နေတာ၊ ပဲခူးတိုင်း နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းနဲ့
အဖွဲ့က ကျောင်းသားကျောင်းသူနဲ့ ဆရာဆရာမများ ကို တွေ့ဆုံပြီး သပိတ်မှာမပါဝင်ဖို့ ပြောရာမှာ
‘အခုသပိတ်မှာ ပါဝင်တဲ့ ဘုန်းကြီးတွေဟာ လည်း သပိတ်ကျမှ လူကနေ(ခါတော်မီ) ဝတ်ထားတဲ့ ဘုန်းကြီးတွေဖြစ်ကြောင်း၊
နိုင်ငံရေး သမားတွေက ကြိုးကိုင်ပြီး အဲဒီကြိုး ကိုင်သူ တွေက ပိုက်ဆံရကြောင်း’ စသဖြင့်
ပြောတယ် ဆိုတာ စသဖြင့် ကြားရတာတွေက စိတ်ပျက် စရာ အမှိုက်အတွေးအကြံဟောင်းတွေက လာတဲ့
တိုက်ဆွေး အသံဟောင်းတွေမို့ စိတ်မ ချမ်းသာဖြစ်ရတော့ ဒီလို သတင်းလောက်နဲ့ တော့ ဘယ်လိုလုပ်
ပျော်နိုင်ပါ့မလဲ။
‘နိုင်ငံရေးသမားတွေက ကြိုးကိုင်တယ်’
ဆိုတဲ့ စီဒီအပဲ့ကြီး ပြန်နားထောင် ရတဲ့အခါ ကျောင်းသားဘဝ အသက် ၂၀ လောက်မှာ ဦးသန့် အရေးအခင်းနဲ့
ကြုံကြိုက်ခဲ့တာကို ပြန် သတိရမိတယ်။ ဦးသန့်ရဲ့ ရုပ်အလောင်း လေဆိပ် ကိုရောက်လာတော့ အဲဒီတုန်းက
မဆလ အစိုးရ တာဝန်ရှိသူတွေ သွားမကြိုကြတဲ့ အပြင် အငြိုးအတေးနဲ့ ဈာပနကို ကျိုက္ကဆံကွင်း
မှာ ဖြစ်သလို ပစ်ထားတဲ့အကြောင်း လူတကာက ပြောကြတဲ့အခါ ကျွန်တော် ဘယ်ယုံနိုင် ပါ့ မလဲ။
ကိုယ့်အစိုးရ ကောင်းတာဆိုးတာထက် ဒီလောက်ကြီး အောက်တန်း ကျတယ်ဆိုတာ မဖြစ်နိုင်ဘူးပေါ့။
သေတဲ့သူ အပေါ်မှာမှ အငြိုး အတေးထားတယ်ဆိုတဲ့အထိ ဘယ်လိုလုပ် ယုတ်ညံ့နိုင်ပါ့မလဲပေါ့။
ဒါကြောင့် ကိုယ့်အစိုးရ ကြီးဟာ ဒီလောက် မယုတ်ညံ့ကြောင်း သက် သေပြဖို့ အချိန် ကုန်၊
ငွေကုန်ခံပြီး ကျိုက္ကဆံ ကွင်းအထိ ကျွန်တော်သွားကြည့်ခဲ့တယ်။ အဲဒီ မှာ ကျွန်တော်တို့
မြန်မာနိုင်ငံ ဂုဏ်ကိုဆောင် ပြီး ကမ္ဘာက လေးစား ရတဲ့ ခေါင်းဆောင်ကြီးရဲ့ ခြောက်ကပ်ကပ်
ဈာပနကိုကြည့်ပြီး ကျွန်တော် ရင်ထဲ ဆို့သွားတာပဲ။ ဒီဈာပနကို မစည်ကားအောင် လုပ်ထားတယ်ဆိုတာ
ဟာ ကောလာဟ လ မဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။
ဒီနောက်တော့ ကျွန်တော်တို့ အဆောင်
နောက်က စက်ရုံတွေ၊ ကျွန်တော့် မိသားစုလို ခင်မင်တဲ့ ဆရာမ တစ်ယောက်ရဲ့ကျောင်း စ သည်ကို
‘ဦးသန့် အသုဘကို လိုက်မပို့ဖို့၊ ပန်း ခွေ၊ ပန်းခြင်းမပို့ဖို့’ ညွှန်ကြားချက်တွေ ရောက်
လာတာ သိလိုက်ရတဲ့အခါ ရင်ထဲမှာ မခံချင် စိတ်တွေ အလိပ်လိပ် တက်လာ တာပါပဲ။ အဲဒီ နောက်
ဘယ်သူကမှ ကြိုးမကိုင်၊ ဘယ်သူ့ ဩဝါဒမှလည်း မနာခံ ဖူးဘဲနဲ့ ကိုယ်တိုင် မြင် တွေ့ခံစားရတာကဖြစ်တဲ့
ခံစားချက်နဲ့ ကျွန် တော်ကျောင်းမှာ ဦးသန့်အသုဘကို လိုက်ပို့ ဖို့ သိသူရော၊ မသိသူရော
တစ်ဦးချင်းကို လိုက်စည်းရုံး ပြောဆိုတယ်၊ ဦးသန့်အကြောင်း၊ ဦးသန့်ကို ဘာကြောင့် လေးစားသင့်ကြောင်း၊
တစ်နိုင်တစ်ပိုင် စာတွေရေးပြီး ဝေခဲ့ တယ်၊ (ဘယ်ကမှ ပိုက်ဆံမရတဲ့အပြင် ကိုယ့်ရှိတာ လေးကုန်တဲ့အထိ
လုပ်ခဲ့ တာပါဗျာ)။
နောင်တော့ ဦးသန့်အရေးအခင်းကို အုတ်
ဂူဆောက်တဲ့အထိ တစ်ယောက် တစ်လက် အားနဲ့ပါဝင်ပြီး နယ်ပြန်တဲ့အခါ မြို့ရောက် တော့ ပါတီကောင်စီက
လူကြီးတွေက မလိမ့် တပတ်နဲ့ လာစုံစမ်းတာ၊ စည်းရုံးပြောဆိုတာ ခံရပါရော။ ‘မင်းကော အသုဘပို့ခဲ့သေးလား’
‘အဲဒါ မင်းတို့ကို နိုင်ငံရေး သမားတွေက ကြိုး ကိုင်အသုံးချနေတာဆိုတာ မင်းသဘော မ ပေါက်ဘူး
မဟုတ်လား’ စသဖြင့်ပေါ့ဗျာ။ ကဲ ဗျာ။ အစိုးရဘက်က မခံချင်လို့ သွားကြည့်မိ ရာကနေ အစိုးရကို
ပြန်အာခံချင်စိတ် ဖြစ်လာ စေတာဖြင့် ဘယ်သူက လှုံ့ဆော်တာလဲ၊ ဘယ် သူတွေလဲ၊ လုပ်ဆောင်ချက်တွေက
ကျွန်တော် တို့ကို အဲဒီနေရာကို တွန်းပို့ခဲ့တာလဲ။ ပြန် လည်း စဉ်းစားကြည့်ပါဦး။ ကျွန်တော်
တို့ကို ကြိုးကိုင် လှုံ့ဆော်ခဲ့တာတွေကတော့ (အဲဒီ ကာလက) အစိုးရရဲ့ မရိုးသားမှု၊ လှည့်ဖြားမှု၊
လိမ်လည်မှု၊ မနာလိုမှု၊ ရန်ငြိုးထားမှု၊ ကလေး ဆန်မှုတွေသာဖြစ်ပြီး ကျန်နိုင်ငံရေးသမားတွေ
နဲ့ ကျွန်တော်တို့ ဟာ နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် နိုင်ငံရေးနယ်ထဲ ကျင်လည်
တော့ မှ ထောင်ထဲမှာ (အစိုးရကြီးကျေးဇူးနဲ့) တွေ့ဆုံ ခင်မင်ခွင့် ရကြပြီး ကျောင်းသားဘဝ
က ဘယ်လိုလုပ် အဆက်အသွယ်ရှိမှာမို့တုံး။ အခုလည်း လာပြန်ပြီ။ ကြိုးကိုင်ပြန်သတဲ့။ ဒီဘောင်းဘီဝတ်သူများရဲ့
ဘာသာ စကားက ဘယ်ခေတ်မဆို ဒီလို အတူတူချည်းလားတော့ မသိပါဘူး။ ကျွန်တော်ကတော့ ဒီလိုစကား
တွေကြောင့် မခံချင်စိတ်ဖြစ်ပြီး ပညာရေး နယ် ထက် နိုင်ငံရေးနယ်ကို အာရုံပိုရောက်သွား
မယ့် ကျောင်းသား ကလေးတွေ (ကိုယ်ငယ် ငယ်ကလို) ဖြစ်ကုန်မှာ (တကယ်စိတ်ရင်းနဲ့) ပူပန်မိတာ
အမှန်ပါပဲ။
တကယ်တော့ ကြိုးကိုင်တာ၊ မကိုင်တာ
တွေ အသာထား၊ ပထမအချက် က ကျောင်း သားတွေ တောင်းဆိုနေတာဟာ ပညာရေး သက်သက်ဖြစ်ပြီး ဘယ်အဖွဲ့အစည်း
အာဏာ ရရေး ဘယ်လူစု ကောင်းစားရေးဆိုတာမျိုးမှ မပါသလို လက်ရှိအစိုးရကို ဖြုတ်ချရေးဆိုတာ
မျိုး၊ အစိုးရနုတ်ထွက်ပေးရေး ဆိုတာမျိုးလည်း လုံးဝမပါပါဘူး။ ဒုတိယအချက်က ကျောင်းသား
ကလေးတွေ တောင်းဆိုနေတဲ့အထဲက အဓိကအချက်များဟာ ဒီနိုင်ငံမှာ အရင်က ရှိခဲ့ပြီးသားတွေဖြစ်တဲ့
ကျောင်းသားသမဂ္ဂ ဖွဲ့ စည်းခွင့်ပြုဖို့တို့၊ တက္ကသိုလ်ကျောင်းများ လွတ် လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့်ရရှိရေးတို့၊
ပညာ ရေးဘတ်ဂျက် တိုးမြှင့်ရရှိရေးတို့ဆိုတာဟာ အရင် နိုင်ငံရေးအစိုးရ လက်ထက်မှာ ရခဲ့ပြီး
သား အခွင့်အရေးမျိုးတွေပါပဲ။ ဒီတော့ ဒီန်ိုင်ငံ မှာ ရှိခဲ့ဖူးတာတွေကို ပြန်တောင်းရာမှာ
မလုပ် ပေးနိုင်စရာမရှိဘူး ထင်တာပါပဲ။ ပြီးတော့ ဒါတွေဟာ လုပ်ပေးရမှာတွေ၊ လုပ်ပေးသင့်
တာတွေဖြစ်ကြောင်း သမ္မတကြီးရော၊ လွှတ် တော်ကပါ လက်ခံထားပြီးတော့ ငြင်းတဲ့လူလည်း မတွေ့ပါဘူး။
ငြင်းတဲ့သူမရှိဘဲ ဘယ် သူမှလုပ်မပေးဘဲ ထားတာကိုက အံ့ဩစရာ ကြီးဖြစ်နေတာ။
ပြီးတော့ ပဲခူးတိုင်းဝန်ကြီးပြောတဲ့
‘ဘုန်းကြီးတု’ ဆိုတဲ့ကိစ္စမျိုးဟာလည်း ဒီအချိန်မှာ မပြောသင့်ပါဘူး။ ဒီကိစ္စကို စေတနာမှန်နဲ့
ဝိုင်းဝန်း ကူညီ စောင့်ရှောက်နေတဲ့ ဆရာတော် ကြီးများကိုပါ ပုတ်ခတ်စော်ကား ရာ ရောက်
နေပါတယ်။ ဒီစကားမျိုးက ဘယ်သူမှလည်း ယုံမှာ မဟုတ်ဘူး၊ ပြောသူကိုယ်တိုင်လည်း သူ့ ကိုယ်သူ
ယုံကြည်စရာမရှိဘူး၊ ဒီစကားမျိုး ကြောင့် အစိုးရကိုသာ လူထုက အယုံအကြည် ကင်းမဲ့စေပြီး
ဘာအကျိုးမှတော့ ရှိမှာမဟုတ် ပါဘူး။ ၂၀၀၇ ခုတုန်းကလည်း ဒီအကုသိုလ် မျိုး တဝကြီးယူပြီးပြီမို့
တော်သင့်နေပါပြီ။ ပြီးတော့ တက္ကသိုလ်ကျောင်းသား ဆိုတာ နောင် ၂ နှစ်၊ ၃ နှစ်ဆိုရင် ဘွဲ့ရပြီး
နိုင်ငံ့တာဝန် ထမ်း ဆောင်ကြမယ့် အသိပညာရှင်၊ အတတ်ပညာ ရှင်လောင်းလျာများဖြစ်ပြီး သူတို့ဟာ
သူများ ကြိုးကိုင်တာ ခံမယ့်သူတွေ မဟုတ်ပါဘူး။ ခက်တာက ‘သူခိုးဟာ ရိုးတတ် တယ်’ ဆိုတာလို
ကြိုးကိုင်ခံနေကျသူများက ‘လွတ်လပ်စွာတွေး ခေါ်လုပ် ကိုင်နိုင်တဲ့ အဖြစ်’ ကို မယုံကြည်
တတ်ကြပါဘူး။ ပြီးတော့ ‘နိုင်ငံရေး သမား တွေက ကြိုးကိုင်ပြီး ပိုက်ဆံရတယ်ဆိုတဲ့စ’ကားကို
ဘာရည်ရွယ် ချက်နဲ့ ပြောမှန်း နား ကိုမလည်နိုင်ဘူး။ အခုကိစ္စမှာ ဘယ်ကများ ပိုက်ဆံ ဘယ်လိုရမှာပါလိမ့်။
ခိုင်းတာလုပ်နေကျလူဟာ လူဆိုတာကိုယ်
ပ်ိုင်တွေးခေါ် လုပ်ကိုင်နိုင်စွမ်း ရှိတယ်ဆိုတာ ကို ယုံကိုမယုံတတ်ဘူးဗျ။ ပြီးတော့
ငွေရမှ ကိုယ်ကျိုးရှိမှ လုပ်တတ်သူတွေကလည်း အနစ် နာခံလုပ်သူတွေကို နားမလည်နိုင်တတ် ပါဘူး။
ဥပမာတွေ ပြောပြရရင် ၈၈ အရေးအခင်းတုန်း က လေတပ်က တပ်သားတွေ အုပ်စုလိုက် ဆန္ဒပြကြတဲ့အခါ
လေတပ်အရာရှိက သူ့တပ် သားတွေကို ‘မင်းတို့တစ်တွေ ဘာနားမလည်၊ ညာနားမလည်နဲ့ သူများ ဒီမိုကရေစီဆို
မင်း တို့ကလည်း လိုက်ပြီး ဒီမိုကရေစီလုပ်ကြတာ၊ မင်းတို့ ဒီမိုကရေစီဆိုတာ ဘာမှန်းလဲ
သိ တဲ့ကောင်တွေ မဟုတ်ဘုး’ လို့ ပြောတယ် တဲ့။ အဲဒီတော့ အရာရှိပြောသမျှ ငုံ့ခံရနေကျ တပ်
သားတွေထဲက ယုံကြည် ချက်ကို ထိလာတော့ မခံနိုင်တော့ဘဲ ‘ကျွန်တော်ကတော့ ဒီမိုက ရေစီဆိုတာ
ဘာလဲသိပါတယ် ဗိုလ်ကြီး၊ ကျွန် တော် ဥပဒေနဲ့ ဘွဲ့ရထားတာပါ၊ ဒီမိုကရေစီ ဆိုတာက ...’ ဆိုပြီး
ဂရိခေတ် ဒီမိုကရေစီ ကနေ ဒီနေ့ခေတ် ဒီမိုကရေစီ လုပ်ထုံးလုပ် နည်းအထိ အကြမ်းဖျဉ်း ပြောပြတုံ့ပြန်လိုက်
တာကို လေတပ်က ရဲဘော်တစ်ဦး ပြန်ပြော ပြလို့ ကြားခဲ့ရဖူးတယ်။ တကယ်တော့ ကိုယ် မသိတာနဲ့
သူလည်း သိမှာမဟုတ်ဘူး ထင် နေသလား မဆိုနိုင်ဘူးခင်ဗျ။
ဒီလိုပဲ ကိုယ့်စရိတ်ကိုယ်စားပြီး
ဘယ်အ ဖွဲ့အစည်းကမှ ကြိုးမကိုင်၊ ဘယ်သူ ကမှ ငွေ မပေးဘဲ ကိုယ့်အသိ စိတ်ဓာတ်နဲ့ကိုယ် ဘီဘီစီ
ကို သတင်းပေးခဲ့ တာမို့ ဘီဘီစီဦးနေမင်းလို့ လူသိများတဲ့ ရှေ့နေကြီးတစ်ဦး ရှိပါတယ်။
ဒီရှေ့နေကြီးကို အဲဒီအမှုအတွက် ဖမ်းမိတော့ သူတို့က ငွေရလို့လုပ်တယ်ပဲ ထင်နေတယ်။ ဖုန်းဆက်တာကအစ
အစစအရာရာ ကိုယ့် အိတ်ထဲက စိုက်ပြီး ကိုယ့်ယုံကြည်ချက်အတွက် လုပ်တယ်ဆိုတာတော့ သူတို့လိုလူတွေ
အမြင် မှာ ‘အင်း၊ စိတ်မှမှန်ရဲ့လား’ လို့ ထင်စရာ ဖြစ်ပုံပေါ်တယ်။ မနေနိုင် မထိုင်နိုင်
စစ်ဆေး ရေးလုပ်တဲ့ ဗိုလ်ကြီးတစ်ယောက်က ‘ခင်ဗျားကို ငွေရလို့ လုပ်တာပဲလို့ ထင်နေတာ၊
အခု တော့ ခင်ဗျားဟာက ကိုယ့်အိတ်ထဲ ကတောင် စိုက်လုပ်ရတယ် ဆိုတော့ ဘာသဘောလဲဆို တာ နားကို
မလည်န်ိုင်ဘူးဗျာ’ လို့ ဆိုသတဲ့။ ဦးနေမင်းက ‘အာဏာရှင်စနစ်နဲ့ ဖိနှိပ်မှု က နေ ပြည်သူတွေ
လွတ်အောင် ကိုယ်တတ်နိုင် တာ ကိုယ်လုပ်တာပါပဲ၊ အခု မဆလပါတီ ပျက်သွားတော့ ဗိုလ်ကြီးတို့ပါ
ဖိနှိပ်ခံနေရတာ ကနေ လွတ်သွားတယ် မဟုတ်လား’လို့ ပြော တော့ ‘အင်း၊ ဒါတော့ ဟုတ်တယ်’ လို့
ပြောသတဲ့။ ကဲ၊ သူများခိုင်းလို့ လုပ်ရသူများ၊ ငွေရ၊ အခွင့်အရေးရ၊ ရာထူး တိုးရ၊ မျက်နှာကောင်းရ၊
အရိုးအရင်းရ စသဖြင့် တစ်ခုခုရမှ လုပ်တတ်သူများ ဟာ အခြားသူများလည်း ကိုယ့်လိုပဲ ထင်တတ်တာက
အံ့ဩစရာမဟုတ်ဘူး ထင် ပါ့ဗျာ။
ဒီနေရာမှာ နောက်ကွယ်က ကြိုးကိုင်
တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မအူပင် ကွန် ပျူတာတက္ကသိုလ်က ကျောင်းသားလေး မောင်ဟိန်းထက်ကျော်
ပြော တာက သဘောကျ စရာပဲ။ ‘ကျွန်တော်တို့ကို ကြိုးကိုင်နေတာက သန်း ၅၀ သော မိဘပြည်သူတွေပါပဲတဲ့၊
ရင်ဘတ်ချင်း ဂျက်ပေါက်ထိုးထားတဲ့ ကြိုးနဲ့ပါ တဲ့’။ ကဲ၊ ရှင်းပါတယ်နော်။
အမှန်တော့ အခုကိစ္စဟာ ကလေးတွေ လည်း
အခုလောက်ပင်ပန်း၊ မိဘတွေ လည်း ပူပန်စိတ်နွမ်း ဖြစ်စရာမလိုဘဲ ပြီးသွားရမှာမျိုးပါ။ နိုင်ငံရေးစိန်ခေါ်မှု
မဟုတ်သလို ဘယ်သူ မှလည်း နစ်နာဖို့ မမြင်ပါဘူး။ ဒီနေရာမှာ အ စိုးရ အပါအဝင် တက္ကသိုလ်
ဆရာကြီးများက အစ အမြင်ကျယ်ကျယ်နဲ့ ပူးပေါင်းဆောင်ရွက် ဖို့တော့ လိုပါလိမ့်မယ်။ မကြာသေးမီက
တက္ကသိုလ် ဆရာကြီးတစ်ဦးက တီဗီအင်တာ ဗျူး တစ်ခုမှာပြောပုံက အခုတဲ့ ပညာသင် ကြားမှုနဲ့
စီမံခန့်ခွဲမှု လွတ်လပ်မှု့ ရနေပြီဖြစ်ပြီး ဘဏ္ဍာရေးလွတ်လပ်မှုပဲ လိုပါတယ်တဲ့။ အဲ ဒါက
အစိုးရက တစ်ပြားမှ မပေးတော့ဘူးဆိုရင် ကိုယ့် ဘာသာ ရပ်တည်နိုင်တာ မဟုတ်လို့ မဖြစ်န်ိုင်သေးဘူးလို့
ဆိုသွားပါတယ်။ အင်း၊ ကလေးတွေတောင်းတဲ့အထဲမှာ အစိုးရ က တစ်ပြားမှ မပေးရေး ဆိုတာတော့
မပါဘူး ထင်တာပါပဲ။ တက္ကသိုလ်တွေ လွတ်လပ်စွာ အုပ်ချုပ်နေ ပါတယ်ဆိုတဲ့ န်ိုင်ငံကြီးတွေမှာ
အ စိုးရက တစ်ပြားမှမပေးဘူးလား ဆိုတာ ပြန် လေ့လာလိုက်ပါဦးလို့ ပြောပါရစေခင်ဗျား။
မြန်မာ့ဆိုရိုးမှာ ‘ချစ်တီးခေါင်း
သန်းရှာတယ်’ လို့ အဆိုရှိပါတယ်။ ပြောင်နေ တဲ့ ခေါင်းမှာ သန်းရှာတာက အလုပ်မဟုတ်တာ ကို
လုပ်တာ၊ အချိန်ဆွဲတာ၊ မရှိတဲ့အပြစ်ကို ရှာတာ၊ အချိန်ဖြုန်းတာ၊ လူရယ်စရာကိစ္စတွေ နဲ့
အချိန်ကုန် တာစသဖြင့် အဓိပ္ပာယ်ရပါတယ်။ အခု ပြောနေဆိုနေ ဝေဖန်နေပုံကဖြင့် လူတိုင်း
သိနေပြီးဖြစ်တဲ့ ‘ညစ်နည်းဟောင်းတွေနဲ့’ ချစ်တီးခေါင်း သန်းရှာ ဦးမယ့်ပုံပေါက်နေတာမို့
ဒါမျိုးတွေ တော်ကြတန်ကြပါတော့လို့ တောင်းပန် ချင်လှပါတယ်။
ဖြစ်သင့်တာကို လိုက်လျောပေးခြင်းနဲ့
ဖြေ ရှင်းလိုက်ပြီး အားလုံး လက်တွဲ လုပ်ရမယ့် အရေးကြီးကိစ္စ များစွာအတွက် အချိန်ပေးကြရ
အောင်ပါ လို့ လေးလေးစားစား (ဘယ်သူကမှ ကြိုးကိုင်လို့ မဟုတ်ဘဲ) တောင်းဆို ချင်ပါတယ်
ခင်ဗျား။
ရီနေနိုင်
The Ladies News Journal ပါ သရော်စာ
No comments:
Post a Comment