Twitter Bird Gadget

Sunday, February 22, 2015

( တရုတ်ကစားတဲ့ ဖဲသုံးချပ်နည်း ဒိုင်းပဲစားတယ် )





ကျုပ်ကို ဘာဖြစ်လို့ ကိုးကန့်ကိစ္စမှာ တိုင်းရင်းသားတွေဘက်က မရပ်ပဲ ကိုးကန့်ကို တိုက်ဖို့့ပဲ ပြောနေရတာလဲတဲ့ ။

ဒီနေ့ ကိုးကန့်လူဦးရေစာရင်းက တသိန်းခွဲလောက်ရှိနေတယ် အဲ့ဒီအထဲမှာ မြန်မာပြည်ပေါက် ကိုးကန့်လူမျိုးဆိုတာက ၁၀% ပဲရှိတယ် ။ ကျန်တာက ကိုးကန့်အမည်ခံပြီး တရုတ်ပြည်ထဲက တရုတ်ကိုးကန့်တွေ ၊ တရုတ်မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့လူတွေက ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးရတော့ အိမ်စျေးမြေစျေးကြီးတဲ့ တရုတ်ပြည်ကနေ ကိုးကန့်ဒေသမှာ ရွှေ့ပြောင်းလာနေကြတာဖြစ်တယ် ။

ရန်ကုန်မှာ အိမ်စျေးကြီးလို့ ပဲခူးတို့ တိုက်ကြီးတို့ဘက်မှာ ပြောင်းရွှေ့ပြီး နေကြသလိုပေါ့ ။

ကိုးကန့်ကို မြန်မာပြည်လို့သာပြောတာ .. စသင်တာကလဲ တရုတ်စာ၊ ဘာသာစကားကလဲ တရုတ်ဘာသာစကား၊ ငွေသုံးတော့လဲ တရုတ်ငွေ ၊ အစားအသောက်ကလဲ တရုတ်အစားအသောက်၊ ဆက်သွယ်ရေးကလဲ တရုတ်ဆက်သွယ်ရေး၊ အလုပ်လုပ်တော့လဲ တရုတ်ပြည်မှာ သွားလုပ်ကြတယ် ။ အဲ့ဒီအထဲမှာမ မူးယာဇ်ဆေးဝါးနဲ့ လက်နှက်စက်ရုံကတည်လိုက်သေးတယ် ။ စီးပွားရေးက လမ်းဖြောင့်သွားတဲ့အပြင် တရုတ်ပြည်နဲ့ ဘာမှ မထူးဘူး ။

ဘာဖြစ်လို့ ကိုးကန့်တရုတ်တွေက တရုတ်ပိုင်ဒေသကနေပြီး မြန်မာဘက်အခြမ်းကို ပြောင်းရွှေ့လာကြတာလဲ ၊ တရုတ်ကရော ဘာဖြစ်လို့ မြန်မာဘက်အခြမ်းမှာ ကိုးကန့်တွေပြောင်းပြီးလာနေတာကို သဘောကျတာလဲ ၊ အကူအညီတွေပေးတာလဲ အဲ့ဒါသိဖို့ မလိုအပ်ဘူးလား ။

မြန်မာတရုတ် လမ်းမပွင့်ခင်က မြန်မာဘက်ကနေ တရုတ်ပြည်မှာရှိတဲ့ ကိုးကန့်တွေက မူးယာဇ်ဆေးဝါးနဲ့ နိုင်ငံခြားပစ္စည်၊ နိုင်ငံခြားအရက်၊ မှောင်ခိုပစ္စည်းပေါင်းစုံကို တရုတ်ပြည်ထဲကို သံလွင်မြစ်ကြောင်းကနေတဆင့် ခိုးသွင်းတယ် ၊ ကုန်းလမ်းကလဲ လားတွေနဲ့ ခိုးသွင်းတယ်ပေါ့ ။

တရုတ်ရဲက မဖမ်းရဲဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကိုးကန့်တွေက တရုတ်ပြည်မှာ ရာဇဝတ်မှု့ကျူးလွန်ပြီးရင် မြန်မာဘက်အခြမ်းကို ထွက်ပြေးပြီးနေတယ် ။ တရုတ်ရဲတွေလဲ မကြခဏ အသတ်ခံရတယ် ။ လူသတ်မှု့တွေ ရာဇဝတ်မှု့တွေ ကျူးလွန်ပြီးရင် မြန်မာဘက်အခြမ်းမှ လာနေလိုက်တယ် အေးအေးဆေးဆေးပဲ ။

ဒီတော့ မြန်မာဘက်ကနေ အဲ့ဒီ မှောင်ခိုပစ္စည်းတွေကို ဘယ်ကရသလဲလို့ မေးစရာရှိတယ် ၊ အဲဒီမှောင်ခိုပစ္စည်းတွေက ယိုးဒယားဘက်ကနေ ဝင်လာတာဖြစ်တယ် ။ ပုံမှာ ပြထားတဲ့အတိုင်း ယိုးဒယားကနေတဆင့် ဝဒေသကိုဖြတ်ပြီး ကိုးကန့်နယ်ကိုရောက်တယ် ၊ ဒီတော့ ကိုးကန့်တွေက တကယ့် စီးပွားရေးကို အချက်အခြာလုပ်ကိုင်လို့ကောင်းတဲ့ လူမျိုးတွေဖြစ်လာတယ် ။ မှောင်ခိုတရုတ်သူဌေးတွေဖြစ်လာခဲ့တယ် ။

တရုတ်မြန်မာ လမ်းပွင့်သွားပြီးတဲ့အခါမှာတော့ တရုတ်ပြည်ကို မြန်မာပြည်ကနေတင်သွင်းလို့ရတဲ့ ကုန်သည်ကြီးတွေဖြစ်လာသလို ကိုးကန့်တွေက ယိုးဒယားနဲ့ တရုတ်ပြည်ကို သံလွင်မြစ်ကြောင်းကနေတဆင့် မှောင်ခိုကုန်သွယ်မှု့တွေလဲ လုပ်နေဆဲပဲဖြစ်တယ် ။

ဒီတော့ မှောင်ခိုလုပ်ငန်းနဲ့ တရားဝင်ကုန်သွယ်မှု့လုပ်ငန်းကို နည်းမျိုးစုံလုပ်ပိုင်ခွင့်ရနေကြတဲ့ အခွင့်ထူးခံ တရုတ်နိုင်ငံသားကိုးကန့်တွေဟာ မြန်မာပြည်ဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အပိုင်စီးလာကြတော့တာပါပဲ ။

တရုတ်ပြည်မကြီးက တရုတ်အစိုးရနဲ့ ယူနန်ပြည်နယ်အစိုးရတို့ကလဲ မူယာဇ်ရာဇာ မှောင်ခိုတရုတ်တွေ ယူနန်ပြည်နယ်ထဲမှာ မိုက်ကြေးခွဲနေတာနဲ့စာရင် လွတ်လပ်တဲ့သီးခြားနယ်မြေတခုမှာ သွားရောက်လုပ်ကိုင်နေတာက ပြည်နယ်အတွက်ပိုပြိး လုံခြံမှု့ရှိတယ် ၊ အကျိုးဖြစ်််ထွန်းတယ်ဆိုတာ သဘောပေါက်တယ် ။ နောက်တခုက နယ်မြေစိုးမိုးရေး မြေပုံကျူးကျော်ရေးတွေနဲ့အတူ စီးပွားရေးပါ ပိုပြိး အမြတ်ထွက်တာကို တွေရတဲ့အတွက် တရုတ်ပြည်အစိုးရက တရုတ်နိုင်ငံသား ကိုးကန့်တရုတ်တွေကို အလုံအရင်းနဲ့ ထောက်ပံပေးပြီး အကာအကွယ်ပေးထားတော့တာပါပဲ ။

ထိုနည်းအတူ အရေးအခင်းမဖြစ်ခင်က သုံးသောင်းလောက်သာရှိတဲ့ မြန်မာပြည်ပေါက် ဝ တွေကလဲ ကိုးကန့်တွေအတိုင်းပါပဲ စီးပွားရေး လူမှု့ရေး ပညာရေး ဆက်သွယ်ရေးတွေက တစ်သဝေမတိန်းတူပါတယ် ။

ဝတွေကကိုးကန့်တွေထွက်သာတာက တရုတ်နိုင်ငံသား ၁၀ သိန်းကျော်ရှိတဲ့ ဝ တွေဟာ မြန်မာပြည်ဘက်အခြမ်းမှာ သုံးသောင်းလောက်သာရှိတဲ့ ဝ တွေကို အုပ်ချုပ်ပြီးတော့ လွတ်လပ်တဲ့နယ်မြေတခု ရသွားခဲ့တဲအပြင် တရုတ်နယ်စပ်တခုထဲတင်သာမက ယိုးဒယားနယ်စပ် ကိုပါ ဒေသခွဲပြီးတော့ ပိုင်ဆိုင်ထားတယ်မဟုတ်လား ( မြေပုံထဲတွင် ကြည့်ပါ )။

ဒီတော့ တရုတ်လူမျိုးတသန်းကျော်လောက်အတွက် စီးပွားရေး လမ်းကြောင်းဟာ အလွန်ကောင်းတဲ့နေရာကြီးတခု ဖြစ်လာတယ် ။ ယိုးဒယားနယ်စပ်မှာလဲ ဝဒေသအပိုင်ရှိသလို တရုတ်ပြည်နယ်စပ်မှာလဲ ဝဒေသအပိုင် ဧရိယာက အလွန်ကျယ်ပြောစွာ ပိုင်ဆိုင်ထားကြပါတယ် ။

ကိုးကန့်ဆိုတာလဲ တရုတ်နိုင်ငံသားတရုတ်တွေ ၉၀%ဖြစ်သလို ဝ ဆိုတာကလဲ တရုတ်နိုင်ငံသား ၉၀%ပါပဲ ၊ ဒီတော့ ဝဒေသဟာ ကိုးကန့်ဒေသထက် ပိုပြီးတော့ ကျယ်ပြောပြီး အချက်အခြာကျခြင်း လူဦးရေ များပြားခြင်းတို့ကြောင့် ဝ ဒေသကို ပိုပြီးတော့ တရုတ်ပြည်က မျက်စိကျတာဖြစ်ပါတယ် ။

ထို့အတူ ကိုးကန်တရုတ်ကြိးစိုးဒေသနဲ့ ဝ တရုတ်ကြီးစိုးဒေသတို့ဟာ နယ်မြေတဆက်တည် တည်ရှိနေတာကြောင့် လူမျိုးကလဲ နှစ်မျိုးစလုံမှာ တရုတ်၉၀% ပါဝင်နေတာကြောင့် ထိုဒေသတွေကို တရုတ်က အပိုင်စီးဖို့ ဆောင်ရွက်လာတာဖြစ်ပါတယ် ။

တကယ်လို့ ကိုးကန့်ဒေသနှင့် ဝဒေသိုတို့ဟာ ယူကရိန်းက ခရိုင်မီယာဒေသကဲသို့ ခွဲထွက်ခွင်ရသွားပြီး တရုတ်ပြည်၏ လက်အောက်ခံပြည်နယ်တခုအဖြစ် ခံယူခွင့်ရသွားပြိဆိုပါက သံလွင်မြစ်ဟာလဲ အလိုအလျှောက် တရုတ်ပိုင်မြစ်ကြောင်းဖြစ်သွားပြီး ယူန်ပြည်နယ်ကြီးအတွက် ကိုးကန့်နှင့် ဝဒေသကိုဖြတ်၍ လာအိုနိုင်ငံကို ခွကျော်ပြီးတော့ ယိုးဒယားနှင့်စီပွားရေးအချက်အချာအားဖြင့် တရုတ်ပြည်၏ အနောက်တံခါးပေါက်တခု ဖြစ်ပေါ်လာနိုင်တော့မည်ဖြစ်ပါတယ် ။ သံလွင်မြစ်၏ အရှေ့ဘက်တခြမ်းလုံး တရုတ်ပိုင်အဖြစ် သိမ်းသွင်းလို့ ရသွားနိုင်တော့မယ် ။

နောက်တချက်က မကြာခင်မှာ မြန်မာပြည်တွင် စစ်မှန်တဲ့ ရွေးကောက်ပွဲကျင်းပပြီး စစ်မှန်တဲ့အရပ်သားအစိုးရတက်လာပြီးတော့ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပေါ်လာပါက တရုတ်အစိုးရအနေဖြင့် မြေပုံအရ ကိုးကန့်နှင့် ဝဒေသတို့ကို အနိုင်ကျင့်ပြီး ခရိုင်မီယာကဲ့သိုဖြစ်ပေါ်အောင် ဖန်တီးရတာလဲ အလွန်ခက်ခဲသွားမှာဖြစ်ပါတယ် ။

ဒီမိုကရေစီရရှိသွားပါက အနောက်နိုင်ငံကြီးများနှင့် မဟာမိတ်ဖြစ်သွားပြီး တရုတ်ကွန်မြူနစ်အစိုးရ၏ အနိုင်ကျင့်မှု့မှ အကာအကွယ်ဖြစ်ပေါ်လာတော့မည်ကို တရုတ်အစိုးရက မလိုလားပါဘူး ။

မြန်မာပြည်ကို တရုတ်အစိုးရက ၄င်းတို့၏ တရားမဝင် မယားငယ်အဖြစ် အနောက်တံခါးပေါက်ကို အသုံးချခွင့် ရနေခြင်းကြောင့်ပင်ဖြစ်ပါတယ် ။

အထက်ပါ အနည်းငယ်သော ဖော်ပြချက်များအရ မြန်မာပြည်၏ တည်ငြိမ်မှု့နှင့် ဒီမိုကရေစီရရှိရေး၊ နိုင်ငံ၏ နိုင်ငံတကာလူမှု့ဆက်ဆံရေးစသည်တို့ကို ချုပ်ကိုင်နိုင်ရန် တရုတ်အစိုးရ၏ အနိုင်ကျင့်ခံနေကြဖြစ်သော မြန်မာစစ်အာဏာရှင်များကို ငယ်နိုင်အဖြစ် ထိပ်ခေါက်ပြီး ရန်စအပြစ်ရှာက ဖဲသုံးချပ်ကစားသူများကိုသို့ ဘာပဲထိုးထိုး အနိုင်စားဖို့ ဒိုင်စားဖို့သာ ကြံစည်ခြင်းဖြစ်ကြောင်း တိုင်းချစ် ပြည်ချစ် မြန်မာနိုင်ငံသားများ သိရှိကြစေရန်း ရေးသားလိုက်ပါသည် ။

( ဦးနိုင်ဝင်း လန်ဒန် )

No comments:

Post a Comment