Twitter Bird Gadget

Wednesday, January 14, 2015

ကျွန်ခေတ်ကိုပဲ လွမ်းရမလိုလို





|| ဆောင်းပါး - ငြိမ်းချမ်းရေး ||

ငယ်စဉ်က လွတ်လပ်ရေး သမိုင်းစာအုပ် တွေဖတ်ရင်း လွတ်လပ်ရေးကို ချစ်မြတ်နိုး စိတ် နိုးကြားခဲ့ရတယ်။ ဒါပေမဲ့ ကြီးပြင်းခဲ့တဲ့ စစ်အစိုးရခေတ်အဆက်ဆက်ဟာ လွတ်လပ် ရေးရဲ့ အရသာကို တစက် ကလေးမှတောင် မခံစားရတော့ပါဘူး။ ကျနော်ဟာ သမိုင်းက နေ သူ့ကျွန်ဘ ဝရဲ့ အောက်တန်းကျမှုတွေကို လေ့လာမိခဲ့သလို ကောင်းကွက်တွေကိုလည်း ကိုယ့်မျက်မှောက် ဖြတ်သန်းနေရတဲ့ ခေတ်နဲ့ နှိုင်းယှဉ်ကြည့်ရင်း အတွေးမျိုးစုံ ကွန့်မြူးခဲ့ရ ပါတယ်။

အင်္ဂလိပ် ဘာလုပ်ပေးခဲ့သလဲ

သက်ဦးဆံပိုင် ပဒေသရာဇ် စနစ်ဆိုးကို စည်းမျဉ်းခံဘုရင်စနစ် အခြေခံ လစ်ဘရယ် ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ အစားထိုးခဲ့တယ်၊ အရင်းရှင် စီးပွားရေး စနစ်ကို မိတ်ဆက်ပေး အခြေကျစေခဲ့တယ်။ စနစ်ကျတဲ့ အုပ်ချုပ် ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ခေတ်လောက ဓာတ် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ အခြေခံအဆောက်အအုံတွေကို ထူထောင်ပေး ခဲ့တယ်။ စပါး၊ ရေနံ၊ ကျွန်းသစ် နဲ့ သဘာဝ သယံဇာတများ နိုင်ငံခြား ကုန်သွယ်စီးပွားပြု မှုကို ဖွံ့ဖြိုးစေခဲ့တယ်။ ဒါတွေ အားလုံးဟာ ကျွန်သက်ရှည်ရေး၊ အရင်းရှင်စနစ် စည်ပင် ရေးအတွက် ကုန်ကြမ်းပေါပေါရှာဖို့၊ ကုန်ချော များများ ရောင်းရဖို့အလို့ငှာ အင်္ဂလိပ်တွေ ကမ္ဘာ အနှံ့က ကိုလိုနီဒေသတွေမှာ လုပ်ခဲ့တာ တွေ နည်းတူပါပဲ။

ဥရောပနဲ့ အာရှကို ပိုမိုလွယ်ကူ ဆက်သွယ် ပေးနိုင်တဲ့ စူးအက်တူးမြောင်း ၁၈၆၉ ပြီးချိန် ကစလို့ တိုင်းပြည်ရဲ့ဆန်စပါးကဏ္ဍဟာ ပြည် တွင်းစားသုံးမှု လိုအင်အတွက်သာမက ပြည် ပပို့ကုန်အထိပါ တဖြည်းဖြည်း ပြောင်းလာခဲ့ တယ်။ ဒီဖြစ်စဉ်ကနေ အခြေခံလုပ်သား လို အပ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး အိန္ဒိယ တိုက်သား အများအပြား အခြေချမှုတွေလည်းဖြစ်ခဲ့တယ်။

အင်္ဂလိပ်ရောက်လာလို့ အကြွင်းမဲ့ အာ ဏာရှင် မင်းဆိုးစနစ်က လွတ်ခဲ့တယ်။ အဲဒီ ခေတ် အခြေအနေအရ အင်္ဂလိပ်ဗြူရိုကရေစီ အုပ်ချုပ်ရေးဟာ အရင် အကြောင်းသုံးပါး မ ရွေးတဲ့ ဘုရင်ခေတ် အုပ်ချုပ်ပုံထက် အများ ကြီး ပိုကောင်းတယ်။ စီးပွားအခွင့်အရေးတွေ လည်း ပွင့်လာတယ်။ နောက်ဆုံး မင်းဆက် သီပေါခေတ် ၁၈၇၈-၁၈၈၅ မှာ အဆိုးဆုံး ဖြစ်ခဲ့တဲ့ ခိုးဆိုးလုယက် သူခိုး၊ ဓားပြဒဏ် မတည်ငြိမ်မှုတွေ၊ မင်းမြှောက်ကပ်ပါးတွေရဲ့ ဖိနှိပ်မှုတွေ အားလုံးဟာ အင်္ဂလိပ်အောက်မှာ ပျောက်ခဲ့ပြီး အခြေခံလူထုအများ လွတ်လွတ် လပ်လပ် ကုန်သွယ်စီးပွား ပြုလာနိုင်တယ်။ လူမှုစီးပွား မြင့်တက်လာခဲ့တယ်။

အင်္ဂလိပ်ကို ဘာမကျေနပ်ခဲ့ကြတာလဲ

ဒီလို ကောင်းမွန်တဲ့ လူမှုဘဝကို ထိုက် သင့်သလောက် မြန်မာတွေ ခံစားခဲ့ ရပေမယ့် ဘာကို မကျေနပ်ခဲ့ကြသလဲ။ ကိုယ့်စီးပွား ကိုယ် ရှာစားရတဲ့ လူသာမန်အများစုဟာ အင်္ဂလိပ် အောက်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး၊ စနစ်ရှိတယ် ဆိုတာ သိပေမယ့် ကိုယ့်မင်းကိုယ့် ချင်းသာ လိုချင်တဲ့ အမျိုးသားရေး စိတ်အခံ ရှိတယ်။ မြန်မာဘုရင်ခေတ်မှာ အခွင့်ထူးခံရ တဲ့ သာသနာ့ ဝန်ထမ်းနဲ့ မင်းမှုထမ်း လူတစု ကလည်း ဒီစိတ်အခံကို ပိုပြင်းစေ တယ်။ သူ များ ကျွန်ဘဝ၊ အထူးသဖြင့် ဘာသာ သာသ နာ၊ လူမျိုး၊ စာပေ ဂုဏ်ညှိုးနွမ်းရခြင်းကို အသားပေးပုံဖော် လူအများကို နာစေတယ်။ စီးပွားဖွံ့ဖြိုး မှုနဲ့ အတူပါလာတဲ့ လူမျိုးခြား လွှမ်းမိုးခံရမှုကို မနှစ်လိုခဲ့ကြဘူး။ ဒီလိုနဲ့ ဝိုင် အမ်ဘီအေ၊ ဂျီစီဘီအေ စတဲ့အဖွဲ့အစည်းတွေ ပေါ်လာပြီး အမျိုးသားရေး လှုပ်ရှား မှုတွေ သန္ဓေ တည်လာခဲ့တယ်။ အင်္ဂလိပ်ကလည်း ပြုပြင် ပြောင်းလာမှုအနေနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို စတင်မိတ်ဆက်ပေးတဲ့ ဒိုင်အာခီအုပ် ချုပ်ရေး ၁၉၂၃ ကို ကျင့်သုံးစေခဲ့တယ်။ မြန် မာတွေ အုပ်ချုပ်ရေးမှာ ပိုမို ပါဝင်ခွင့် ရလာ တယ်။

၂၀ ရာစုအစ ကမ္ဘာမှာလည်း ၁၉၁၇ ရုရှား အောက်တိုဘာ တော်လှန်ရေး အောင်မြင်မှုနဲ့ အတူ လက်ဝဲဝါဒဟာ တဖြည်းဖြည်း ထင်ရှား လာခဲ့တယ်။ ဒီလိုအနေအထားမှာ ၁၉၃၀ ကမ္ဘာ့ စီးပွားပျက်ကပ်ဟာ တိုင်းပြည်ရဲ့ အောင် မြင်နေတဲ့ ဆန်စပါးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ လယ်သမားတွေ ငတ် လာတယ်၊ လယ် ပိုင်ရှင်တွေရဲ့ လယ်တွေ လူ မျိုးခြား လက်ထဲ ရောက်ကုန်တယ်။ လယ် ယာ လုပ်ငန်း ဖွံ့ဖြိုးခဲ့မှုကို အထောက်အပံ့ အများကြီး ပေးခဲ့တဲ့ ချစ်တီးတွေရဲ့ ငွေချေး လုပ်ငန်းဟာ စီးပွားပျက် မြေတွေဆုံးရတော့ နောက်ဆုံးမှာ အပြစ်ဖို့စရာ ဖြစ်သွားခဲ့တယ်။

ဒီလိုနဲ့ နိုင်ငံရေးမှာ ဒိုင်အာခီ အုပ်ချုပ် ရေးကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုသံ ညံ နေချိန်မှာပဲ ဆရာစံဦးဆောင်တဲ့ လယ်သမား လက်နက်ကိုင်တော်လှန်ရေး ပေါ်လာပြီး အ ထွေထွေ အမျိုးသားရေး လှုပ်ရှားမှုကြီး ကို တွန်းအားဖြစ်စေခဲ့တယ်။ ၁၉၃၀ မှာ နောင် လွတ်လပ်ရေး မျိုးစေ့ဖြစ်မယ့် သခင်ဘသောင်း ဦးဆောင်တဲ့ သခင်အဖွဲ့အစည်း ပေါ်လာခဲ့ တယ်။ နောက်တော့ အင်္ဂလိပ်က ပြုပြင်ပြောင်း လဲမှုအနေနဲ့ ၉၁ ဌာန အုပ်ချုပ်ရေး ကို ပြောင်း ခဲ့တယ်။ တိုင်းပြည်လည်း ဗြိတိသျှ-အိန္ဒိယ ကနေ ခွဲထွက် သီးသန့်ရပ်တည်ခဲ့တယ်။

၁၉၂၀ ပထမ ကျောင်းသားသပိတ်ဟာ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင် ခဲ့သလို ၁၉၃၆ ဒုတိယကျောင်းသားသပိတ်ဟာ နိုင်ငံ ရေးဝါဒကို အခြေခံတဲ့ လုံးဝလွတ်လပ်ရေး လှုပ်ရှားမှုကို ဖြစ်စေခဲ့တယ်။ သခင်နု၊ သခင် စိုး၊ သခင် သန်းထွန်း၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်း အစရှိတဲ့ လူငယ်ခေါင်းဆောင် တွေဟာ နယ်ချဲ့ဆန့်ကျင်ရေး လက်ဝဲဝါဒတွေ ကို တိုင်းပြည်နဲ့ မိတ်ဆက်ပေးခဲ့ပြီး အမျိုးသား ရေး လှုပ်ရှားမှု ကနေ နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ပီပီပြင်ပြင် ဖြစ်စေခဲ့တယ်။ ဒီလိုနဲ့ ၁၃၀၀ ပြည့် အရေးတော် ပုံကြီးအပြီးမှာ လုံးဝလွတ်လပ် ရေးအတွက် နိုင်ငံခြား အကူအညီနဲ့ လက် နက်ကိုင် တော်လှန်ဖို့စိတ်ကူး စတင်ခဲ့ပြီး နောက်ဆုံး သခင်အောင်ဆန်းနဲ့ လူငယ် တစု ဟာ ဂျပန် အကူအညီနဲ့ ခေတ်သစ်တပ်မ တော်ဖွဲ့၊ အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်၊ ဒုတိယ ကမ္ဘာစစ်ဖြစ်၊ ဂျပန်ကို ထပ်တော် လှန်၊ နောက်ဆုံးစစ်ပြီး၊ အင်္ဂလိပ်ပြန်ဝင်၊ နိုင်ငံ ရေးနည်းနဲ့ လွတ်လပ်ရေးတောင်းဆို စတဲ့ သမိုင်းဖြစ်စဉ်တွေ ပေါ်လာပြီး လွတ်လပ်ရေး ရလာခဲ့တယ်။

လွတ်လပ်ရေးယူခဲ့တာ မှားသလား

မမှားပါ။ ယူခဲ့ပုံသာ မှားခြင်းပါ။ မြန်မာအပါ အဝင် လူမျိုးစုအားလုံးဟာ လူမျိုးရေးရာ ကို သာ ရှေ့တန်းတင်ခဲ့ကြတယ်၊ အမြင်ကျဉ်း မြောင်း ခဲ့ကြတယ်။ နိုင်ငံရေး အယူဝါဒရေးရာ မှာလည်း တယူသန် အစွန်းရောက် ခဲ့ကြတယ်။ အင်္ဂလိပ်ရဲ့ ပယောဂမကင်းတဲ့ ဗိုလ်ချုပ်အောင် ဆန်း အပါအဝင် ခေါင်းဆောင်ကြီးများ လုပ် ကြံသတ်ဖြတ်ခံခဲ့ရခြင်းဟာလည်း လွတ်လပ်စ တိုင်းပြည်ကို ထိခိုက်ခဲ့တယ်။ ကျွန်ဘဝ လွတ် မြောက်ရေးမှာ စုစည်းခဲ့တဲ့ ဝါဒစုံ၊ လူမျိုးစုံ ညီညွတ်မှုဟာ လွပ်လပ်ချိန်မှာ အတ္တ၊ မာန၊ အာဃာတများကြောင့် ပြိုကွဲခဲ့ရတယ်။

လူမျိုးစုစုံရဲ့ ဥမကွဲ သိုက်မပျက် စိတ် ဓာတ်ဟာ အင်္ဂလိပ်ရဲ့ သွေးထိုးမှု၊ လူမျိုးရေး သူငယ်နာမစင်မှုနဲ့ နိုင်ငံရေး သဘောတွေ ကြောင့် မှေးမှိန်လာခဲ့တယ်။ အခြေခံဥပဒေ ၁၉၄၇ မှာကိုက ပြည်ထောင်စုစစ်စစ်မူ မျှတ တဲ့ ပြည်နယ်၊ အာဏာ၊ ခွဲဝေမှု အုပ်ချုပ်ရေး သဘောနဲ့ အကြိုသဘောတူညီထားခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေကို အပြည့်အဝ မဖော် ဆောင်နိုင်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ တိုင်းရင်းသား လူမျိုးစု အချင်းချင်း သတ်ရတဲ့ ပြည်တွင်းစစ် ဟာ လွတ်လပ်ရေးရဲ့ ဖွားဖက်တော် အဖြစ် တွဲပါလာခဲ့တယ်။

ကိုလိုနီ အမွေဆိုးလား

ဒါကို နောက်ပိုင်း စစ်အာဏာရှင်များက ကိုလိုနီအမွေဆိုးလို့ လုံးလုံးခေါင်းစဉ် တပ်ချင် ကြတယ်။ အပြည့်အဝ မမှန်ပါ။ လူမျိုးရေး အမြင်မကြည်လင်အောင် အင်္ဂလိပ်တွေ သွေး ခွဲအုပ်ချုပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပြည်တွင်း စစ်မီး နှစ် ၆၀ ကျော် လက်ရှိတိုင် တောင်လောင်နေရခြင်းဟာ စစ်အစိုးရ အ ဆက်ဆက် ကျင့်သုံးတဲ့ မူဝါဒတွေ၊ သဘော တွေ မမှန်လို့၊ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပင် လုံစိတ်ဓာတ် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် မတည်ဆောက်နိုင်ခြင်းကြောင့်က အဓိကပါ။

လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီ၁၀ နှစ်တာ

ဖဆပလခေတ် ၁၉၄၈-၅၈ မှာ ပြည်တွင်း စစ်ဒုက္ခ ခံစားနေရပေမယ့် အထိုက် အလျောက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လွတ်လပ် တဲ့ ဒီမိုကရေစီ ဝါဒ ထွန်းကားခဲ့တယ်။ ကိုရီး ယားပြည်တွင်းစစ်၊ နောက် ဗီယက်နမ်စစ်တွေ ကြောင့် ဆန်စပါးတင်ပို့နိုင်မှု ဈေးကွက်ကို ချုပ်ကိုင်နိုင်ရင်း တိုင်းပြည်စီးပွားလည်း တိုး လာတယ်။ လယ်ယာလုပ်ငန်းကနေ စက်မှု လုပ်ငန်းကို တက်လှမ်းနိုင်ဖို့ အစပျိုးနိုင်ခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ကြွေးဒဏ်ကနေ နာလန်ပြန်ထူရုံ မက ဒေသတွင်းမှာ အချမ်းသာဆုံးနိုင်ငံ အဖြစ်ရပ်တည်နိုင်ခဲ့တယ်။ တစ်တိုင်းပြည်လုံး အနေအထား မဟုတ်ပေမယ့် လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အစစအရာရာ လူအများစု လူတမ်းစေ့အောင် ဖော်ဆောင်နိုင်မှု လမ်း ကြောင်း မှန်ပေါ်မှာ ရှိနေခဲ့တယ်၊ အလားအ လာ ကောင်းခဲ့တယ်။

ဒါပေမဲ့ တဖက်ကလည်း ပြည်တွင်းစစ် ဒဏ်၊ တရုတ်ဖြူ ကျူးကျော်ခံရမှု ဒဏ်ကြောင့် တပ်မတော်ရဲ့ ဩဇာအာဏာနဲ့ လုပ်ပိုင်ခွင့်ဟာ တဖြည်းဖြည်းကြီး လာပြီး စစ်တပ်ပိုင် စီးပွား လုပ်ငန်း အကျိုးစီးပွားတွေ ပေါ်လာတယ်။ ဒါတွေ ကို ရေရှည်တည်တံ့ဖို့ စစ်ခေါင်းဆောင် တွေ စိတ်ကူးမိလာတယ်။ ဒါ့အပြင် နိုင်ငံရေး မှာ ဖဆပလ မညီညွတ် နှစ်ခြမ်းကွဲမှုက စစ် တပ်နေရာ ဝင်ယူ ဖို့ အခွင့်ကောင်း ဖြစ်လာ တယ်။ ဒီလိုနဲ့ ၁၉၅၈ မှာ စစ်တပ်ဟာ နိုင်ငံရေး အကွဲအပြဲကို ထိန်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက် မှာ အိမ်စောင့်အစိုးရ အမည်နဲ့ အာဏာကို စတင်မြည်းစမ်းခဲ့တယ်။ ၁၉၆၂ မှာ တိုင်းရင်း သားတွေ လိုလားတဲ့ ဖက်ဒရယ်မူကို အပြစ် ဖို့ ပြည်ထောင်စုကြီး ပြိုကွဲမယ့်ရန် ကာကွယ် ရမယ်ဆိုပြီး တိုင်းပြည်ကို အပြီးအပိုင် မောင် ပိုင်စီးခဲ့ကြတယ်။

စစ်ဝါဒအောက်မှာ အရာရာပြိုလဲခြင်း

တော်လှန်ရေးကောင်စီ၊ မဆလ ပါတီ၊ ဆိုရှယ်လစ်ဝါဒ ဒီမျက်နှာဖုံးများအောက် က စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်မှာ ကောင်း မွန် အခြေတည် စပြုနေပြီဖြစ် တဲ့ ဒီမိုကရေစီ စနစ်ကို အလုံးစုံ ဆိတ်သုဉ်းစေခဲ့တယ်။ လွတ် လပ်စွာ ပြောဆိုခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့် အားလုံးကို ထိန်းချုပ်ခဲ့တယ်။ ဆိုရှယ်လစ်စီး ပွားရေး ဖော်ဆောင်မှုဟာ အကျင့်ပျက် ခြစား မှုအောက်မှာ ကျဆုံးခဲ့ရတယ်။ အမျိုးသားရေး ဝါဒကို တလွဲအစွန်းရောက်သုံးခဲ့ပြီး တိုင်းပြည် ကို တံခါးပိတ်၊ နားပိတ်၊ မျက်စိပိတ် ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခဲ့တယ်။ အမျိုးသားရေး စိတ်အခြေခံတဲ့ ပညာရေးမူဝါဒ အမှားတွေကို ဖော်ဆောင် ခဲ့တယ်။ ကျောင်းသားကို ပုန်ကန် သူအဖြစ်ပါ တွဲမြင်လာတာကြောင့် ပညာရေး စနစ်နဲ့ ပညာရေးလွတ်လပ်ခွင့်ကို စနစ်တကျ အမဲဖျက်ခဲ့တယ်။ ၁၉၈၈ ဒုတိယ အကြိမ် စစ် အာဏာ ထပ်သိမ်းချိန်မှာလည်း စစ်ခေါင်း ဆောင်များဟာ ဒါတွေကို မပြုပြင်ခဲ့ဘဲ ပိုသာ ဆိုးတဲ့ ဖိနှိပ်မှု၊ ကိုယ်ကျိုးရှာမှုတွေ ပြုလုပ်ခဲ့ ကြတယ်။

ဆယ်စုနှစ် ၅ စုကျော်မှာ အာဏာရစစ် အုပ်စုနဲ့ အပေါင်းအပါတစုသာ အရာရာ အ သာစီးရ စံစားနေခဲ့ပြီ လူထုအများကတော့ ဆင်းရဲတွင်း နက်သထက်နက် ခဲ့ရတယ်။ ဒီလို အမှားအစုစုဒဏ်ကြောင့် အရှေ့တောင်အာရှ မှာ အချမ်းသာဆုံး၊ အာရှရဲ့ အလားအလာ အကောင်းဆုံး နိုင်ငံအဖြစ်ကနေ လွယ်လပ် ရေး ရပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်အကြာ လက်ရှိမှာတော့ ဒေသတွင်းမှာ အနိမ့်ကျဆုံး၊ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ဖြစ်နေတဲ့ တိုင်း ပြည်ကို ဝမ်းနည်း ဖွယ် မြင်ရတော့တယ်။

မျက်မှောက် အစိုးရသစ်

လက်ရှိမှာတော့ စစ်ခေါင်းဆောင်ဟောင်း များဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုပါတယ်။ ဒါပေမဲ့ ရေရှည် စစ်ဝါဒကြီးစိုး ရေးအတွက် စီမံခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ကိုတော့ ပြုပြင်ပေးဖို့ ဝန်လေးနေကြတယ်။ စစ်တပ် အုပ်ချုပ်မှု၊ စစ်အာဏာရှင်စနစ် စိုးမိုး ခဲ့မှု အပြစ်တွေကို အခုအချိန်ထိ ဝန်မခံနိုင်၊ အမှန်မမြင်နိုင် ဖြစ်နေကြတယ်။ စစ်ဗိုလ်ချုပ် အဟောင်း အသစ်များဟာ တိုင်းပြည်တာဝန် ကို တပ်မတော်က ကျရာနေရာက ဝင်ယူခဲ့ရ တာမှန်တယ်၊ အနာဂတ်နိုင်ငံရေးမှာ တပ်မ တော်ရဲ့ ဦးဆောင်မှု ကဏ္ဍလိုတယ် ယုံကြည် ဆဲ ဖြစ်နေတယ်။ အမှားတွေကို ဝန်မခံချင်၊ သမိုင်းသင်ခန်းစာ မယူချင် အတ္တ၊ မာန၊ အုပ်စု အကျိုးစီးပွားကို ရှေ့တန်းတင်လိုဆဲ ဖြစ်နေ တယ်။

သင်္ကြန်အမြောက် ဗိုလ်ရှုခံ (သို့မဟုတ်) မလွတ်လပ်သေးတဲ့ လွတ်လပ်ရေး

စစ်တပ်စီးပွားအာဏာကို စိုးစဉ်းမျှ မထိပါး နိုင်အောင် ပြင်ဆင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်က သမ္မတဆိုသူကလည်း ခပ်တည် တည်ပဲ အခု လွတ်လပ်ရေးနေ့မှာ သူ့ဩဇာ မတည်တဲ့ စစ်တပ်ရဲ့ အလေးပြု ဗိုလ်ရှုခံခဲ့တယ်။ ဒီမိုကရေစီစနစ်မှာ စစ်တပ်ဟာ အရပ်သား သမ္မတအောက်မှာ ဖြစ်တာကြောင့် ဒီလို အ လေးပြုခံရခြင်းဟာ တကယ်တော့ ကြိုဆိုအပ် တာပေါ့။ ဒါပေမဲ့ လက်ရှိ စစ်ဖွဲ့စည်းပုံအောက် မှာတော့ ဒီလုပ်ရပ်ဟာ ဟန်ပြသဘော အ နှစ်သာရမဲ့နေ ဆဲပါ။ စစ်အုပ်စုနဲ့ အပေါင်းအပါ တသိုက်သာ တိုင်းပြည်မှာ အခွင့်ထူးခံ လူ တန်းစားအဖြစ် သီးသန့်ရပ်တည်ရင်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အရာရာ လွှမ်းမိုး ဗိုလ်ကျနေနိုင်ခွင့် ရှိနေခြင်းဆိုတဲ့ အခြေခံ သဘောက မပြောင်းလဲပါ။ စစ်ကျွန်ဘဝ မလွတ်လပ်သေးတဲ့ ပြည်သူအများရဲ့ ဒုက္ခက တော့ ဗိုလ်ရှုခံရုံမျှနဲ့ လျော့သွားနိုင်မှာမဟုတ် ပါ။ လူထု ချွေးနှဲစာ ပြည်သူ့ဘဏ္ဍာ ကုဋေချီ သာ အလဟဿ ကုန်သွားခဲ့တယ်။

ကျွန်ခေတ်ကိုပဲ လွမ်းရမလိုလို

ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းအတွက် လွတ်လပ်ရေးယူခဲ့ပြီးမှ စစ်ဖိနပ်အောက် မှာ ကိုယ့်နိုင်ငံသားချင်း ဆက်လက် ကျွန်ပြုဖိနှိပ် ခံရင်း ကိုယ့်နိုင်ငံသားများ လူမှု၊ စီးပွားအတွက် နိုင်ငံတကာ ကျွန်ထွက်ခံနေရတဲ့ ဘဝ၊ နိုင်ငံ ကြီးငယ်များရဲ့ လူမလေးခွေးမခန့် ခေတ်သစ် ကျွန်ပြုခံဖြစ်နေရတဲ့ လက်ရှိ အနေအထား ဟာ ‘လွတ်လပ်ရေး’ ရဲ့ အဓိပ္ပာယ်ကိုမဲ့စေ တယ်။ မှီတင်းနေထိုင်နေတဲ့ လူမျိုး၊ ဘာသာစုံ တိုင်းသူပြည်သားများဟာ တန်းတူညီမျှ ဖွံ့ဖြိုး တိုးတက် လူ့သိက္ခာအပြည့်ရှိ လူစဉ်မီတဲ့ ‘တကယ့် လွတ်လပ်ရေး’ အရသာ ကို မခံစားရ သေးပါ။ ‘အမေကျော် ဒွေးတော်လွမ်း’ ဆိုသ လို ‘ကျွန်ခေတ်ကိုပဲ လွမ်းရမလိုလို’ အမှတ်မှားနေကြရတယ်။

နိဂုံး

တကယ်တော့ တပ်မတော်ရဲ့ မှားယွင်း တဲ့ မူဝါဒ၊ အကျင့်၊ အလုပ်တွေရဲ့ဒဏ် ရာစု ဝက်ခံခဲ့ရပြီး ဓားမနောက်ပိတ်ခွေး ဖြစ်ခဲ့ရတဲ့ လက်ရှိ တိုင်းပြည်ကို လွပ်လပ်ရေးအရယူပေး ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှေးလူကြီးများ သာ မြင်ခွင့် ရခဲ့ရင် ‘ငါတို့ လွတ်လပ်ရေးယူ ပေးခဲ့တာ မှားလေခြင်း’ လို့ ‘လုံးဝ’ ဆိုမှာ မဟုတ်ပါ။ အကြောင်းက တပ်မတော် ဖခင် ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ဟာ သူမမြင်လိုက်ရတဲ့ တပ်မတော်ရဲ့ သမိုင်းအမှား တွေ ကို မသိဘဲနဲ့တောင်ဆိုခဲ့ဖူးပါတယ်။ ‘ပြည်သူကို အလုပ်မကျွေးမပြုဘဲ ဖိနှိပ်တဲ့ တပ်မ တော် ရှိနေခြင်းထက် မရှိခြင်းက ပိုကောင်းပါ တယ်’ တဲ့။ ဆိုတော့ လက်ရှိတိုင်းပြည်ကို ဗိုလ်ချုပ်သာ မြင်ခွင့်ရရင် ပြည်သူအတွက် အကျိုးမဲ့စေတဲ့ စစ်ဝါဒ၊ တပ်မတော်ကြီးစိုးမှု အလုံးစုံ ပပျောက်ရေးကိုသာ လမ်းညွှန်မှာပါ။ လူထု လူတန်းစား အသီးသီးသာတူညီမျှ လူ မှုတရားမျှတမှုရရှိစေတဲ့ ဒီမိုကရေစီ စနစ်ကိုသာ တိုင်းပြည်မှာ ရှင်သန်အမြစ်တွယ်အောင် တိုက်တွန်း မှာပါ။

၂၀၁၅ နှစ်သစ် အခါသမယမှာ စစ်တပ် ခေါင်းဆောင် အဟောင်း/အသစ် များဟာ ‘ကျွန်ခေတ်ကိုပဲ လွမ်းရမလိုလို’ ယုံမှတ်မှားနေ ကြရတဲ့ လွတ်လပ်ရေး ရပေမယ့် မလွပ်လပ်နိုင် သေးဘဲ လူမှု စီးပွားဒဏ် ကျောကော့အောင် လှိမ့်ခံနေ ရဆဲဖြစ်တဲ့ ပြည်သူအများရဲ့ ဆင်းရဲနုံချာလှတဲ့ ဘဝတွေကို အမှန်တကယ် စာ နာနားလည် ကိုယ်ချင်းစာရင်ဖြင့် အနာဂတ်ကောင်းအောင် ဖွဲ့စည်းပုံပြင် ဆင်ရေး အပါအဝင် အခြေခံအတွေး အခေါ်၊ ခံယူချက်၊ အယူဝါဒ၊ အလုပ်ပြောင်း လဲမှုများကို ဒီမိုကရေစီအင်အားစုနဲ့ပူးပေါင်း အမှတ်တကယ် လုပ် ဆောင်ကြဖို့ တိုက်တွန်းလိုက်ရကြောင်းပါ ခင်ဗျာ။

(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)

ငြိမ်းချမ်းအေး
ကျွန်ခေတ်ကိုပဲ လွမ်းရမလိုလို || ဆောင်းပါး - ငြိမ်းချမ်းရေး || ငယ်စဉ်က လွတ်လပ်ရေး သမိုင်းစာအုပ် တွေဖတ်ရင်း လွတ်လပ်ရေးကို ချစ်မြတ်နိုး စိတ် နိုးကြားခဲ့ရတယ်။ ဒါပေမဲ့ ကြီးပြင်းခဲ့တဲ့ စစ်အစိုးရခေတ်အဆက်ဆက်ဟာ လွတ်လပ် ရေးရဲ့ အရသာကို တစက် ကလေးမှတောင် မခံစားရတော့ပါဘူး။ ကျနော်ဟာ သမိုင်းက နေ သူ့ကျွန်ဘ ဝရဲ့ အောက်တန်းကျမှုတွေကို လေ့လာမိခဲ့သလို ကောင်းကွက်တွေကိုလည်း ကိုယ့်မျက်မှောက် ဖြတ်သန်းနေရတဲ့ ခေတ်နဲ့ နှိုင်းယှဉ်ကြည့်ရင်း အတွေးမျိုးစုံ ကွန့်မြူးခဲ့ရ ပါတယ်။ အင်္ဂလိပ် ဘာလုပ်ပေးခဲ့သလဲ သက်ဦးဆံပိုင် ပဒေသရာဇ် စနစ်ဆိုးကို စည်းမျဉ်းခံဘုရင်စနစ် အခြေခံ လစ်ဘရယ် ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ အစားထိုးခဲ့တယ်၊ အရင်းရှင် စီးပွားရေး စနစ်ကို မိတ်ဆက်ပေး အခြေကျစေခဲ့တယ်။ စနစ်ကျတဲ့ အုပ်ချုပ် ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ခေတ်လောက ဓာတ် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ အခြေခံအဆောက်အအုံတွေကို ထူထောင်ပေး ခဲ့တယ်။ စပါး၊ ရေနံ၊ ကျွန်းသစ် နဲ့ သဘာဝ သယံဇာတများ နိုင်ငံခြား ကုန်သွယ်စီးပွားပြု မှုကို ဖွံ့ဖြိုးစေခဲ့တယ်။ ဒါတွေ အားလုံးဟာ ကျွန်သက်ရှည်ရေး၊ အရင်းရှင်စနစ် စည်ပင် ရေးအတွက် ကုန်ကြမ်းပေါပေါရှာဖို့၊ ကုန်ချော များများ ရောင်းရဖို့အလို့ငှာ အင်္ဂလိပ်တွေ ကမ္ဘာ အနှံ့က ကိုလိုနီဒေသတွေမှာ လုပ်ခဲ့တာ တွေ နည်းတူပါပဲ။ ဥရောပနဲ့ အာရှကို ပိုမိုလွယ်ကူ ဆက်သွယ် ပေးနိုင်တဲ့ စူးအက်တူးမြောင်း ၁၈၆၉ ပြီးချိန် ကစလို့ တိုင်းပြည်ရဲ့ဆန်စပါးကဏ္ဍဟာ ပြည် တွင်းစားသုံးမှု လိုအင်အတွက်သာမက ပြည် ပပို့ကုန်အထိပါ တဖြည်းဖြည်း ပြောင်းလာခဲ့ တယ်။ ဒီဖြစ်စဉ်ကနေ အခြေခံလုပ်သား လို အပ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး အိန္ဒိယ တိုက်သား အများအပြား အခြေချမှုတွေလည်းဖြစ်ခဲ့တယ်။ အင်္ဂလိပ်ရောက်လာလို့ အကြွင်းမဲ့ အာ ဏာရှင် မင်းဆိုးစနစ်က လွတ်ခဲ့တယ်။ အဲဒီ ခေတ် အခြေအနေအရ အင်္ဂလိပ်ဗြူရိုကရေစီ အုပ်ချုပ်ရေးဟာ အရင် အကြောင်းသုံးပါး မ ရွေးတဲ့ ဘုရင်ခေတ် အုပ်ချုပ်ပုံထက် အများ ကြီး ပိုကောင်းတယ်။ စီးပွားအခွင့်အရေးတွေ လည်း ပွင့်လာတယ်။ နောက်ဆုံး မင်းဆက် သီပေါခေတ် ၁၈၇၈-၁၈၈၅ မှာ အဆိုးဆုံး ဖြစ်ခဲ့တဲ့ ခိုးဆိုးလုယက် သူခိုး၊ ဓားပြဒဏ် မတည်ငြိမ်မှုတွေ၊ မင်းမြှောက်ကပ်ပါးတွေရဲ့ ဖိနှိပ်မှုတွေ အားလုံးဟာ အင်္ဂလိပ်အောက်မှာ ပျောက်ခဲ့ပြီး အခြေခံလူထုအများ လွတ်လွတ် လပ်လပ် ကုန်သွယ်စီးပွား ပြုလာနိုင်တယ်။ လူမှုစီးပွား မြင့်တက်လာခဲ့တယ်။ အင်္ဂလိပ်ကို ဘာမကျေနပ်ခဲ့ကြတာလဲ ဒီလို ကောင်းမွန်တဲ့ လူမှုဘဝကို ထိုက် သင့်သလောက် မြန်မာတွေ ခံစားခဲ့ ရပေမယ့် ဘာကို မကျေနပ်ခဲ့ကြသလဲ။ ကိုယ့်စီးပွား ကိုယ် ရှာစားရတဲ့ လူသာမန်အများစုဟာ အင်္ဂလိပ် အောက်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး၊ စနစ်ရှိတယ် ဆိုတာ သိပေမယ့် ကိုယ့်မင်းကိုယ့် ချင်းသာ လိုချင်တဲ့ အမျိုးသားရေး စိတ်အခံ ရှိတယ်။ မြန်မာဘုရင်ခေတ်မှာ အခွင့်ထူးခံရ တဲ့ သာသနာ့ ဝန်ထမ်းနဲ့ မင်းမှုထမ်း လူတစု ကလည်း ဒီစိတ်အခံကို ပိုပြင်းစေ တယ်။ သူ များ ကျွန်ဘဝ၊ အထူးသဖြင့် ဘာသာ သာသ နာ၊ လူမျိုး၊ စာပေ ဂုဏ်ညှိုးနွမ်းရခြင်းကို အသားပေးပုံဖော် လူအများကို နာစေတယ်။ စီးပွားဖွံ့ဖြိုး မှုနဲ့ အတူပါလာတဲ့ လူမျိုးခြား လွှမ်းမိုးခံရမှုကို မနှစ်လိုခဲ့ကြဘူး။ ဒီလိုနဲ့ ဝိုင် အမ်ဘီအေ၊ ဂျီစီဘီအေ စတဲ့အဖွဲ့အစည်းတွေ ပေါ်လာပြီး အမျိုးသားရေး လှုပ်ရှား မှုတွေ သန္ဓေ တည်လာခဲ့တယ်။ အင်္ဂလိပ်ကလည်း ပြုပြင် ပြောင်းလာမှုအနေနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို စတင်မိတ်ဆက်ပေးတဲ့ ဒိုင်အာခီအုပ် ချုပ်ရေး ၁၉၂၃ ကို ကျင့်သုံးစေခဲ့တယ်။ မြန် မာတွေ အုပ်ချုပ်ရေးမှာ ပိုမို ပါဝင်ခွင့် ရလာ တယ်။ ၂၀ ရာစုအစ ကမ္ဘာမှာလည်း ၁၉၁၇ ရုရှား အောက်တိုဘာ တော်လှန်ရေး အောင်မြင်မှုနဲ့ အတူ လက်ဝဲဝါဒဟာ တဖြည်းဖြည်း ထင်ရှား လာခဲ့တယ်။ ဒီလိုအနေအထားမှာ ၁၉၃၀ ကမ္ဘာ့ စီးပွားပျက်ကပ်ဟာ တိုင်းပြည်ရဲ့ အောင် မြင်နေတဲ့ ဆန်စပါးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ လယ်သမားတွေ ငတ် လာတယ်၊ လယ် ပိုင်ရှင်တွေရဲ့ လယ်တွေ လူ မျိုးခြား လက်ထဲ ရောက်ကုန်တယ်။ လယ် ယာ လုပ်ငန်း ဖွံ့ဖြိုးခဲ့မှုကို အထောက်အပံ့ အများကြီး ပေးခဲ့တဲ့ ချစ်တီးတွေရဲ့ ငွေချေး လုပ်ငန်းဟာ စီးပွားပျက် မြေတွေဆုံးရတော့ နောက်ဆုံးမှာ အပြစ်ဖို့စရာ ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ နိုင်ငံရေးမှာ ဒိုင်အာခီ အုပ်ချုပ် ရေးကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုသံ ညံ နေချိန်မှာပဲ ဆရာစံဦးဆောင်တဲ့ လယ်သမား လက်နက်ကိုင်တော်လှန်ရေး ပေါ်လာပြီး အ ထွေထွေ အမျိုးသားရေး လှုပ်ရှားမှုကြီး ကို တွန်းအားဖြစ်စေခဲ့တယ်။ ၁၉၃၀ မှာ နောင် လွတ်လပ်ရေး မျိုးစေ့ဖြစ်မယ့် သခင်ဘသောင်း ဦးဆောင်တဲ့ သခင်အဖွဲ့အစည်း ပေါ်လာခဲ့ တယ်။ နောက်တော့ အင်္ဂလိပ်က ပြုပြင်ပြောင်း လဲမှုအနေနဲ့ ၉၁ ဌာန အုပ်ချုပ်ရေး ကို ပြောင်း ခဲ့တယ်။ တိုင်းပြည်လည်း ဗြိတိသျှ-အိန္ဒိယ ကနေ ခွဲထွက် သီးသန့်ရပ်တည်ခဲ့တယ်။ ၁၉၂၀ ပထမ ကျောင်းသားသပိတ်ဟာ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင် ခဲ့သလို ၁၉၃၆ ဒုတိယကျောင်းသားသပိတ်ဟာ နိုင်ငံ ရေးဝါဒကို အခြေခံတဲ့ လုံးဝလွတ်လပ်ရေး လှုပ်ရှားမှုကို ဖြစ်စေခဲ့တယ်။ သခင်နု၊ သခင် စိုး၊ သခင် သန်းထွန်း၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်း အစရှိတဲ့ လူငယ်ခေါင်းဆောင် တွေဟာ နယ်ချဲ့ဆန့်ကျင်ရေး လက်ဝဲဝါဒတွေ ကို တိုင်းပြည်နဲ့ မိတ်ဆက်ပေးခဲ့ပြီး အမျိုးသား ရေး လှုပ်ရှားမှု ကနေ နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ပီပီပြင်ပြင် ဖြစ်စေခဲ့တယ်။ ဒီလိုနဲ့ ၁၃၀၀ ပြည့် အရေးတော် ပုံကြီးအပြီးမှာ လုံးဝလွတ်လပ် ရေးအတွက် နိုင်ငံခြား အကူအညီနဲ့ လက် နက်ကိုင် တော်လှန်ဖို့စိတ်ကူး စတင်ခဲ့ပြီး နောက်ဆုံး သခင်အောင်ဆန်းနဲ့ လူငယ် တစု ဟာ ဂျပန် အကူအညီနဲ့ ခေတ်သစ်တပ်မ တော်ဖွဲ့၊ အင်္ဂလိပ်ကို လက်နက်ကိုင်တော်လှန်၊ ဒုတိယ ကမ္ဘာစစ်ဖြစ်၊ ဂျပန်ကို ထပ်တော် လှန်၊ နောက်ဆုံးစစ်ပြီး၊ အင်္ဂလိပ်ပြန်ဝင်၊ နိုင်ငံ ရေးနည်းနဲ့ လွတ်လပ်ရေးတောင်းဆို စတဲ့ သမိုင်းဖြစ်စဉ်တွေ ပေါ်လာပြီး လွတ်လပ်ရေး ရလာခဲ့တယ်။ လွတ်လပ်ရေးယူခဲ့တာ မှားသလား မမှားပါ။ ယူခဲ့ပုံသာ မှားခြင်းပါ။ မြန်မာအပါ အဝင် လူမျိုးစုအားလုံးဟာ လူမျိုးရေးရာ ကို သာ ရှေ့တန်းတင်ခဲ့ကြတယ်၊ အမြင်ကျဉ်း မြောင်း ခဲ့ကြတယ်။ နိုင်ငံရေး အယူဝါဒရေးရာ မှာလည်း တယူသန် အစွန်းရောက် ခဲ့ကြတယ်။ အင်္ဂလိပ်ရဲ့ ပယောဂမကင်းတဲ့ ဗိုလ်ချုပ်အောင် ဆန်း အပါအဝင် ခေါင်းဆောင်ကြီးများ လုပ် ကြံသတ်ဖြတ်ခံခဲ့ရခြင်းဟာလည်း လွတ်လပ်စ တိုင်းပြည်ကို ထိခိုက်ခဲ့တယ်။ ကျွန်ဘဝ လွတ် မြောက်ရေးမှာ စုစည်းခဲ့တဲ့ ဝါဒစုံ၊ လူမျိုးစုံ ညီညွတ်မှုဟာ လွပ်လပ်ချိန်မှာ အတ္တ၊ မာန၊ အာဃာတများကြောင့် ပြိုကွဲခဲ့ရတယ်။ လူမျိုးစုစုံရဲ့ ဥမကွဲ သိုက်မပျက် စိတ် ဓာတ်ဟာ အင်္ဂလိပ်ရဲ့ သွေးထိုးမှု၊ လူမျိုးရေး သူငယ်နာမစင်မှုနဲ့ နိုင်ငံရေး သဘောတွေ ကြောင့် မှေးမှိန်လာခဲ့တယ်။ အခြေခံဥပဒေ ၁၉၄၇ မှာကိုက ပြည်ထောင်စုစစ်စစ်မူ မျှတ တဲ့ ပြည်နယ်၊ အာဏာ၊ ခွဲဝေမှု အုပ်ချုပ်ရေး သဘောနဲ့ အကြိုသဘောတူညီထားခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေကို အပြည့်အဝ မဖော် ဆောင်နိုင်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ တိုင်းရင်းသား လူမျိုးစု အချင်းချင်း သတ်ရတဲ့ ပြည်တွင်းစစ် ဟာ လွတ်လပ်ရေးရဲ့ ဖွားဖက်တော် အဖြစ် တွဲပါလာခဲ့တယ်။ ကိုလိုနီ အမွေဆိုးလား ဒါကို နောက်ပိုင်း စစ်အာဏာရှင်များက ကိုလိုနီအမွေဆိုးလို့ လုံးလုံးခေါင်းစဉ် တပ်ချင် ကြတယ်။ အပြည့်အဝ မမှန်ပါ။ လူမျိုးရေး အမြင်မကြည်လင်အောင် အင်္ဂလိပ်တွေ သွေး ခွဲအုပ်ချုပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပြည်တွင်း စစ်မီး နှစ် ၆၀ ကျော် လက်ရှိတိုင် တောင်လောင်နေရခြင်းဟာ စစ်အစိုးရ အ ဆက်ဆက် ကျင့်သုံးတဲ့ မူဝါဒတွေ၊ သဘော တွေ မမှန်လို့၊ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပင် လုံစိတ်ဓာတ် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် မတည်ဆောက်နိုင်ခြင်းကြောင့်က အဓိကပါ။ လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီ၁၀ နှစ်တာ ဖဆပလခေတ် ၁၉၄၈-၅၈ မှာ ပြည်တွင်း စစ်ဒုက္ခ ခံစားနေရပေမယ့် အထိုက် အလျောက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လွတ်လပ် တဲ့ ဒီမိုကရေစီ ဝါဒ ထွန်းကားခဲ့တယ်။ ကိုရီး ယားပြည်တွင်းစစ်၊ နောက် ဗီယက်နမ်စစ်တွေ ကြောင့် ဆန်စပါးတင်ပို့နိုင်မှု ဈေးကွက်ကို ချုပ်ကိုင်နိုင်ရင်း တိုင်းပြည်စီးပွားလည်း တိုး လာတယ်။ လယ်ယာလုပ်ငန်းကနေ စက်မှု လုပ်ငန်းကို တက်လှမ်းနိုင်ဖို့ အစပျိုးနိုင်ခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ကြွေးဒဏ်ကနေ နာလန်ပြန်ထူရုံ မက ဒေသတွင်းမှာ အချမ်းသာဆုံးနိုင်ငံ အဖြစ်ရပ်တည်နိုင်ခဲ့တယ်။ တစ်တိုင်းပြည်လုံး အနေအထား မဟုတ်ပေမယ့် လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အစစအရာရာ လူအများစု လူတမ်းစေ့အောင် ဖော်ဆောင်နိုင်မှု လမ်း ကြောင်း မှန်ပေါ်မှာ ရှိနေခဲ့တယ်၊ အလားအ လာ ကောင်းခဲ့တယ်။ ဒါပေမဲ့ တဖက်ကလည်း ပြည်တွင်းစစ် ဒဏ်၊ တရုတ်ဖြူ ကျူးကျော်ခံရမှု ဒဏ်ကြောင့် တပ်မတော်ရဲ့ ဩဇာအာဏာနဲ့ လုပ်ပိုင်ခွင့်ဟာ တဖြည်းဖြည်းကြီး လာပြီး စစ်တပ်ပိုင် စီးပွား လုပ်ငန်း အကျိုးစီးပွားတွေ ပေါ်လာတယ်။ ဒါတွေ ကို ရေရှည်တည်တံ့ဖို့ စစ်ခေါင်းဆောင် တွေ စိတ်ကူးမိလာတယ်။ ဒါ့အပြင် နိုင်ငံရေး မှာ ဖဆပလ မညီညွတ် နှစ်ခြမ်းကွဲမှုက စစ် တပ်နေရာ ဝင်ယူ ဖို့ အခွင့်ကောင်း ဖြစ်လာ တယ်။ ဒီလိုနဲ့ ၁၉၅၈ မှာ စစ်တပ်ဟာ နိုင်ငံရေး အကွဲအပြဲကို ထိန်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက် မှာ အိမ်စောင့်အစိုးရ အမည်နဲ့ အာဏာကို စတင်မြည်းစမ်းခဲ့တယ်။ ၁၉၆၂ မှာ တိုင်းရင်း သားတွေ လိုလားတဲ့ ဖက်ဒရယ်မူကို အပြစ် ဖို့ ပြည်ထောင်စုကြီး ပြိုကွဲမယ့်ရန် ကာကွယ် ရမယ်ဆိုပြီး တိုင်းပြည်ကို အပြီးအပိုင် မောင် ပိုင်စီးခဲ့ကြတယ်။ စစ်ဝါဒအောက်မှာ အရာရာပြိုလဲခြင်း တော်လှန်ရေးကောင်စီ၊ မဆလ ပါတီ၊ ဆိုရှယ်လစ်ဝါဒ ဒီမျက်နှာဖုံးများအောက် က စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်မှာ ကောင်း မွန် အခြေတည် စပြုနေပြီဖြစ် တဲ့ ဒီမိုကရေစီ စနစ်ကို အလုံးစုံ ဆိတ်သုဉ်းစေခဲ့တယ်။ လွတ် လပ်စွာ ပြောဆိုခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့် အားလုံးကို ထိန်းချုပ်ခဲ့တယ်။ ဆိုရှယ်လစ်စီး ပွားရေး ဖော်ဆောင်မှုဟာ အကျင့်ပျက် ခြစား မှုအောက်မှာ ကျဆုံးခဲ့ရတယ်။ အမျိုးသားရေး ဝါဒကို တလွဲအစွန်းရောက်သုံးခဲ့ပြီး တိုင်းပြည် ကို တံခါးပိတ်၊ နားပိတ်၊ မျက်စိပိတ် ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခဲ့တယ်။ အမျိုးသားရေး စိတ်အခြေခံတဲ့ ပညာရေးမူဝါဒ အမှားတွေကို ဖော်ဆောင် ခဲ့တယ်။ ကျောင်းသားကို ပုန်ကန် သူအဖြစ်ပါ တွဲမြင်လာတာကြောင့် ပညာရေး စနစ်နဲ့ ပညာရေးလွတ်လပ်ခွင့်ကို စနစ်တကျ အမဲဖျက်ခဲ့တယ်။ ၁၉၈၈ ဒုတိယ အကြိမ် စစ် အာဏာ ထပ်သိမ်းချိန်မှာလည်း စစ်ခေါင်း ဆောင်များဟာ ဒါတွေကို မပြုပြင်ခဲ့ဘဲ ပိုသာ ဆိုးတဲ့ ဖိနှိပ်မှု၊ ကိုယ်ကျိုးရှာမှုတွေ ပြုလုပ်ခဲ့ ကြတယ်။ ဆယ်စုနှစ် ၅ စုကျော်မှာ အာဏာရစစ် အုပ်စုနဲ့ အပေါင်းအပါတစုသာ အရာရာ အ သာစီးရ စံစားနေခဲ့ပြီ လူထုအများကတော့ ဆင်းရဲတွင်း နက်သထက်နက် ခဲ့ရတယ်။ ဒီလို အမှားအစုစုဒဏ်ကြောင့် အရှေ့တောင်အာရှ မှာ အချမ်းသာဆုံး၊ အာရှရဲ့ အလားအလာ အကောင်းဆုံး နိုင်ငံအဖြစ်ကနေ လွယ်လပ် ရေး ရပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်အကြာ လက်ရှိမှာတော့ ဒေသတွင်းမှာ အနိမ့်ကျဆုံး၊ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ဖြစ်နေတဲ့ တိုင်း ပြည်ကို ဝမ်းနည်း ဖွယ် မြင်ရတော့တယ်။ မျက်မှောက် အစိုးရသစ် လက်ရှိမှာတော့ စစ်ခေါင်းဆောင်ဟောင်း များဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုပါတယ်။ ဒါပေမဲ့ ရေရှည် စစ်ဝါဒကြီးစိုး ရေးအတွက် စီမံခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ကိုတော့ ပြုပြင်ပေးဖို့ ဝန်လေးနေကြတယ်။ စစ်တပ် အုပ်ချုပ်မှု၊ စစ်အာဏာရှင်စနစ် စိုးမိုး ခဲ့မှု အပြစ်တွေကို အခုအချိန်ထိ ဝန်မခံနိုင်၊ အမှန်မမြင်နိုင် ဖြစ်နေကြတယ်။ စစ်ဗိုလ်ချုပ် အဟောင်း အသစ်များဟာ တိုင်းပြည်တာဝန် ကို တပ်မတော်က ကျရာနေရာက ဝင်ယူခဲ့ရ တာမှန်တယ်၊ အနာဂတ်နိုင်ငံရေးမှာ တပ်မ တော်ရဲ့ ဦးဆောင်မှု ကဏ္ဍလိုတယ် ယုံကြည် ဆဲ ဖြစ်နေတယ်။ အမှားတွေကို ဝန်မခံချင်၊ သမိုင်းသင်ခန်းစာ မယူချင် အတ္တ၊ မာန၊ အုပ်စု အကျိုးစီးပွားကို ရှေ့တန်းတင်လိုဆဲ ဖြစ်နေ တယ်။ သင်္ကြန်အမြောက် ဗိုလ်ရှုခံ (သို့မဟုတ်) မလွတ်လပ်သေးတဲ့ လွတ်လပ်ရေး စစ်တပ်စီးပွားအာဏာကို စိုးစဉ်းမျှ မထိပါး နိုင်အောင် ပြင်ဆင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်က သမ္မတဆိုသူကလည်း ခပ်တည် တည်ပဲ အခု လွတ်လပ်ရေးနေ့မှာ သူ့ဩဇာ မတည်တဲ့ စစ်တပ်ရဲ့ အလေးပြု ဗိုလ်ရှုခံခဲ့တယ်။ ဒီမိုကရေစီစနစ်မှာ စစ်တပ်ဟာ အရပ်သား သမ္မတအောက်မှာ ဖြစ်တာကြောင့် ဒီလို အ လေးပြုခံရခြင်းဟာ တကယ်တော့ ကြိုဆိုအပ် တာပေါ့။ ဒါပေမဲ့ လက်ရှိ စစ်ဖွဲ့စည်းပုံအောက် မှာတော့ ဒီလုပ်ရပ်ဟာ ဟန်ပြသဘော အ နှစ်သာရမဲ့နေ ဆဲပါ။ စစ်အုပ်စုနဲ့ အပေါင်းအပါ တသိုက်သာ တိုင်းပြည်မှာ အခွင့်ထူးခံ လူ တန်းစားအဖြစ် သီးသန့်ရပ်တည်ရင်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အရာရာ လွှမ်းမိုး ဗိုလ်ကျနေနိုင်ခွင့် ရှိနေခြင်းဆိုတဲ့ အခြေခံ သဘောက မပြောင်းလဲပါ။ စစ်ကျွန်ဘဝ မလွတ်လပ်သေးတဲ့ ပြည်သူအများရဲ့ ဒုက္ခက တော့ ဗိုလ်ရှုခံရုံမျှနဲ့ လျော့သွားနိုင်မှာမဟုတ် ပါ။ လူထု ချွေးနှဲစာ ပြည်သူ့ဘဏ္ဍာ ကုဋေချီ သာ အလဟဿ ကုန်သွားခဲ့တယ်။ ကျွန်ခေတ်ကိုပဲ လွမ်းရမလိုလို ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းအတွက် လွတ်လပ်ရေးယူခဲ့ပြီးမှ စစ်ဖိနပ်အောက် မှာ ကိုယ့်နိုင်ငံသားချင်း ဆက်လက် ကျွန်ပြုဖိနှိပ် ခံရင်း ကိုယ့်နိုင်ငံသားများ လူမှု၊ စီးပွားအတွက် နိုင်ငံတကာ ကျွန်ထွက်ခံနေရတဲ့ ဘဝ၊ နိုင်ငံ ကြီးငယ်များရဲ့ လူမလေးခွေးမခန့် ခေတ်သစ် ကျွန်ပြုခံဖြစ်နေရတဲ့ လက်ရှိ အနေအထား ဟာ ‘လွတ်လပ်ရေး’ ရဲ့ အဓိပ္ပာယ်ကိုမဲ့စေ တယ်။ မှီတင်းနေထိုင်နေတဲ့ လူမျိုး၊ ဘာသာစုံ တိုင်းသူပြည်သားများဟာ တန်းတူညီမျှ ဖွံ့ဖြိုး တိုးတက် လူ့သိက္ခာအပြည့်ရှိ လူစဉ်မီတဲ့ ‘တကယ့် လွတ်လပ်ရေး’ အရသာ ကို မခံစားရ သေးပါ။ ‘အမေကျော် ဒွေးတော်လွမ်း’ ဆိုသ လို ‘ကျွန်ခေတ်ကိုပဲ လွမ်းရမလိုလို’ အမှတ်မှားနေကြရတယ်။ နိဂုံး တကယ်တော့ တပ်မတော်ရဲ့ မှားယွင်း တဲ့ မူဝါဒ၊ အကျင့်၊ အလုပ်တွေရဲ့ဒဏ် ရာစု ဝက်ခံခဲ့ရပြီး ဓားမနောက်ပိတ်ခွေး ဖြစ်ခဲ့ရတဲ့ လက်ရှိ တိုင်းပြည်ကို လွပ်လပ်ရေးအရယူပေး ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှေးလူကြီးများ သာ မြင်ခွင့် ရခဲ့ရင် ‘ငါတို့ လွတ်လပ်ရေးယူ ပေးခဲ့တာ မှားလေခြင်း’ လို့ ‘လုံးဝ’ ဆိုမှာ မဟုတ်ပါ။ အကြောင်းက တပ်မတော် ဖခင် ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ဟာ သူမမြင်လိုက်ရတဲ့ တပ်မတော်ရဲ့ သမိုင်းအမှား တွေ ကို မသိဘဲနဲ့တောင်ဆိုခဲ့ဖူးပါတယ်။ ‘ပြည်သူကို အလုပ်မကျွေးမပြုဘဲ ဖိနှိပ်တဲ့ တပ်မ တော် ရှိနေခြင်းထက် မရှိခြင်းက ပိုကောင်းပါ တယ်’ တဲ့။ ဆိုတော့ လက်ရှိတိုင်းပြည်ကို ဗိုလ်ချုပ်သာ မြင်ခွင့်ရရင် ပြည်သူအတွက် အကျိုးမဲ့စေတဲ့ စစ်ဝါဒ၊ တပ်မတော်ကြီးစိုးမှု အလုံးစုံ ပပျောက်ရေးကိုသာ လမ်းညွှန်မှာပါ။ လူထု လူတန်းစား အသီးသီးသာတူညီမျှ လူ မှုတရားမျှတမှုရရှိစေတဲ့ ဒီမိုကရေစီ စနစ်ကိုသာ တိုင်းပြည်မှာ ရှင်သန်အမြစ်တွယ်အောင် တိုက်တွန်း မှာပါ။ ၂၀၁၅ နှစ်သစ် အခါသမယမှာ စစ်တပ် ခေါင်းဆောင် အဟောင်း/အသစ် များဟာ ‘ကျွန်ခေတ်ကိုပဲ လွမ်းရမလိုလို’ ယုံမှတ်မှားနေ ကြရတဲ့ လွတ်လပ်ရေး ရပေမယ့် မလွပ်လပ်နိုင် သေးဘဲ လူမှု စီးပွားဒဏ် ကျောကော့အောင် လှိမ့်ခံနေ ရဆဲဖြစ်တဲ့ ပြည်သူအများရဲ့ ဆင်းရဲနုံချာလှတဲ့ ဘဝတွေကို အမှန်တကယ် စာ နာနားလည် ကိုယ်ချင်းစာရင်ဖြင့် အနာဂတ်ကောင်းအောင် ဖွဲ့စည်းပုံပြင် ဆင်ရေး အပါအဝင် အခြေခံအတွေး အခေါ်၊ ခံယူချက်၊ အယူဝါဒ၊ အလုပ်ပြောင်း လဲမှုများကို ဒီမိုကရေစီအင်အားစုနဲ့ပူးပေါင်း အမှတ်တကယ် လုပ် ဆောင်ကြဖို့ တိုက်တွန်းလိုက်ရကြောင်းပါ ခင်ဗျာ။ (ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။) ငြိမ်းချမ်းအေး

No comments:

Post a Comment