တော်တော်များများ စိတ်ထဲမှာ ကိုယ့်ကို မြန်မာ့နိုင်ငံရေး တတ်သိကျွမ်းကျင် သူကြီးလို့ ထင်နေသလား မသိပါဘူး။ ၂၀၁၅ အလွန်မှာ ဘာတွေ ဖြစ်လာနိုင် သလဲဆိုတဲ့ မေးခွန်းကို မေးကြတယ်။ တကယ်တော့ ကိုယ်ဟာ နိုင်ငံ ရေးကို နည်းနည်းလေးမှ ဝါသနာမပါတာ အ မှန်။ တစ်နေ့သောအခါ တုန်းကတော့ လွှတ် တော်ထဲမှာ ထဲထဲဝင်ဝင် ဆွေးနွေးဖြေရှင်း နေသူ ကိုယ့်ဆရာကြီး တစ်ဦး ဆီ ရောက်တဲ့အ ခါမှာ သူကလည်း အလားတူ မေးခွန်းမျိုး ဘယ် လောက်တောင် အမေးခံနေရတယ် မသိဘူး။ “၂၀၁၅ မှာ ဘာတွေဖြစ် မလဲ လာမမေးနဲ့။ ဆရာတို့လည်း မသိဘူး။ ဆရာတို့အထက်က နာယကကြီး လည်း မသိဘူး။ ကောင်းမလား ဆိုးမလား။ မပြောနိုင်ဘူး။အကောင်းဘက်ကို မရောက်ဘဲ အဆိုးဘက် ပါသွားမှာစိုးလို့ ဆရာ တို့လည်း ရင်တမမ စောင့်ကြည့်နေကြတယ်။ အကြောက်တရားနဲ့ သူတွေကလည်း ဖိန့်ဖိန့် တုန်အောင် ကြောက်နေကြတုန်းပဲ။ ကိုယ့်အတ္တတွေကို လျှော့ပြီး တိုင်းပြည် အတွက်လက် တွဲ အလုပ်လုပ်နိုင်မှ နှစ်ဦးနှစ်ဖက် ရှေ့ဆက် လို့ရမယ့် ခရီး” တဲ့။
သူပြောတာ နှစ်ဦးနှစ်ဖက်ဆိုပေမယ့် မျက် နှာချင်းဆိုင် ဆွေးနွေးမယ် ကြံလိုက်တော့ ကြည့်ရင်းကြည့်ရင်း ပွားပွား လာလိုက်တာ။ လေးပွင့် ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ဆယ့်နှစ်ပွင့် ဆိုင်၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်။ ခက်တော့နေပါပြီ။ ရှင်မောဂ္ဂလန်ဇာတ်တော် ကဖို့ ခိုးသားငါးရာ မပြည့်မချင်း ထိုင်စောင့် မလို့လားမသိ။ စတိလောက်လည်း ပြီးပါတယ် ဗျာ။
အဓိက ပြဿနာကတော့ ဘယ်သူတွေ ဘယ်လိုပဲ ငြင်းငြင်း ၂၀၁၅ မှာ အမျိုးသမီး ကြီး တစ်ယောက် သမ္မတဖြစ်မလာစေရေးအ တွက် အဟောင်းရော အသစ်ပါ ရှိရှိသမျှ စစ်ဗိုလ်ချုပ်ကြီးတွေက “ပလ္လင်ကို အတင်းလုမယ်လို့တဲ့ ဗိုလ်ထုနဲ့ကြံစည်” ဆိုတဲ့ ဇာတ်ကို ကကြတာပါ။ ကရင်းကရင်း သူတို့ခမျာ မာရ်ညစ်၏ ရန်စစ်သည်တွေလို လူမုန်းများကြမှန်း လည်း မသိရှာဘူး။
ဒါကြောင့် ပြဿနာရဲ့အရင်းအမြစ်ကို ရှာပြီး အပွင့်တွေကို နည်းနိုင်သမျှ နည်းနည်း ဆွေးနွေး ချင်တယ်ဆို ရင် နှစ်ပွင့်တည်းနဲ့ အ ဖြေထွက်တယ်။ အဲ့ဒါ တပ်ဘက်နဲ့ အရပ်ဘက် ဆက်ဆံရေးပဲ။ ကိုယ့်လူ ကိုယ်မီး သေစတမ်း ဆိုရင် ဒေါ်စုနဲ့ကာချုပ်ညှိလိုက်၊ ပွဲပြတ်ကရော။ ဒါပေမဲ့ ကိုယ့်လူကိုယ် မီးမသေ တာက အပွင့်တွေကို ပွားလာစေတာပေါ့။ တစ်ဖက် က အာဏာရ ပါတီဆိုတဲ့ သူတွေဟာ အဲ့သ လိုမျိုး စစ်တပ်နဲ့ မစု တွေ့လိုက်ကြလို့ သူတို့ ချင်း ကျေလည် သွား မှာကို ဘယ်လိုမှ လက်ခံ နိုင်မှာ မဟုတ်ဘူး။ ပါဝါထိပ်သီး ကြီးလေးကြီး လို့ဆိုရမယ့် သမ္မတကြီး ရယ်၊ လွှတ်တော် ဥက္ကဋ္ဌကြီးနှစ်ယောက်ရယ်၊ ကာချုပ်ကြီးရယ် ဟာ သူတို့လေးယောက် စုံညီ မဟုတ်ဘဲ တစ်စုံ တစ်ယောက်သော သူက သီးခြားသွား တွေ့လိုက်လို့ သူတို့မသိလိုက်တဲ့ အတွင်းကျိတ် သဘောတူညီမှု တစ်ခုခုရသွားခဲ့ပြီး ကိုယ့်လူ သူ့ဘက်သား ဖြစ် သွားမှာ ကို သေရမှာ ထက် ကြောက်ကြတယ်။ “အသေသာ ခံပလိုက်မယ်။ တစ်ယောက်ချင်းတော့ သွားမတွေ့ကြနဲ့ဟေ့” လို့ သစ္စာဆိုထားကြသလား မသိ။
သူတို့အားလုံးထဲမှာ အကြောက်တတ်ဆုံး က ဘယ်သူဖြစ်မယ်ထင်သလဲ။ လက်နက် ကိုင်ဆောင်ထားသူဟာ လောကကြီးမှာ အ ကြောက်တတ်ဆုံးတဲ့။ သမိုင်းမှာ ဘယ်လိုပဲ မှတ်တမ်းဝင်ဝင် ၄၃၆ ကို တစ်ဆံခြည်မျှင် အထိမခံ တွန်းလှန်ကာကွယ်နေရတယ်။ ပြည် ပမီဒီယာတွေနဲ့ အင်တာဗျူးတာတောင်မှပဲ နာဂစ်က သွားလေသူတွေပါ ထည့်စာရင်း ကောက်ထားတဲ့ ၉၂.၄၈ ရာခိုင်နှုန်း ဆိုတာ ကြီးကို အပိုင်ချည်ပြီး ပြောပြီးစလစ် နံပါတ် တစ် လုပ်နေတာ။ နော်ဝေက ဘုရင်ကြီးဆိုရင် အံဩလွန်းလို့ သေတော့မယ်။ သူတို့ ဖွဲ့စည်း ပုံဖြင့် အခါ ၂၀၀ လောက် ပြင်ထားတာပါ လေတဲ့။ အဲသလိုလည်း ကြားလိုက်ရော မျက်ကလဲဆန်ပြာ ဖြစ်သွားပြီး လွှတ်တော်က နေ အရေးကြီးအဆို တင်သွင်းတယ်။ မဏ္ဍိုင် သုံးရပ် ဟန်ချက်မညီရင် ကာလုံကနေ သမ္မတ ကြီးကို လွှတ်တော်ဖျက်သိမ်းရေး အဆိုပြုခွင့် ရှိရမတဲ့။ သူကတော့ အဲသည်မဏ္ဍိုင် သုံးရပ် စလုံးထဲ ဘယ်နေရာမှာမပါတာ ရှိလို့များပါ လိမ့်။ ဆိုလိုချင်တာက တပ်က ထွက်သွားပြီး ခေါင်းပေါင်းပေါင်းထားတဲ့ လူကြီးတွေကိုလည်း သူသိပ်မယုံတော့ဘူး ဆိုတာကို ပြောချင်နေ ပုံပဲ။ မုန့်ဆီကြော ်ကတော့ ဘယ်နေမှန်း မသိ ဘူးပေါ့လေ။ နှုတ်ခမ်း ပဲ့တွေကတော့ သူ့ ငါ မယုံ၊ ငါ့ သူမယုံ ဖြစ်ကုန်ပြီ။
တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးမှာ အဲသည် ယုံကြည်မှု ပျက်ပြားသွားတာနဲ့ ဆက်ဆံရေး ဟာလည်း အဓွန့်မရှည်တော့ဘူး။ သူတို့အချင်း ချင်း ကတိကဝတ်တွေ ပြုထားတဲ့အတိုင်း မတည်တဲ့အတွက် သစ္စာဖောက်လို့ သတ်မှတ် ပြီး အနီးကပ်ဆုံး ရန်သူအဖြစ် အရင်ဆုံး ချေ မှုန်းပစ်တယ်။ဥပမာ ဦးဆန်းဆင့်တို့ ဗိုလ်မှူး ကျော်စွာဝင်း တို့လိုပေါ့။ ဒါကြောင့် သူတို့မှာ လေးပွင့်လည်းမဆိုင်ရဲဘူး။ ခြောက်ပွင့်လည်း မဆိုင်ရဲဘူး။ မတော် ကျွတ်တမ်းဝင်သွား ဘယ့် နှယ်လုပ်မတုံး။
မဆွတ်ခင်ကတည်းက ညွှတ် ချင်နေရတဲ့အထဲ ကြာကြာထိုင်နားထောင် လိုက်မိရင် ခေါင်းက ယောင်ယမ်းပြီး ညိတ်မိ သွားတော့ မခက်ပါလား။ တို့ ဒေါက်တာစု က လည်း ဆေးထိုးကြမ်းပါသလေ။ (ဒေါ်ယဉ်နွယ် ကြီးတောင် ကြောက်သွားပုံ ရတယ်) …. လွှတ် တော်ထဲက အစိတ်သားဟာ ကာချုပ်ကြီးကြိုး ဆွဲရာကရတဲ့ ရုပ်သေးရုပ်က လေးတွေ မဟုတ်ရပါဘူး။ သူတို့သဘောနဲ့ သူတို့ဆုံး ဖြတ်ခွင့်ပေးထားပါတယ်လို့ အသံကောင်း ဟစ်လိုက်တဲ့အခါ ဘာမှ ထွေထွေထူးထူး ငြင်း ခုံမနေဘူး။ “ဟတ်လား။ ဒါဆို အိမ်လာလည် ကြပါဦး။ ထမင်းစားဖိတ်တာပါ။ ဘာနိုင်ငံရေး မှမပြောကြေး။ အလွတ်သဘော၊ ခင်ခင်မင် မင်ပေါ့”လို့ ထောက်လိုက်တာ အကုန်ပျားတုပ် ကုန်ရော။ ဗကဘိုးဘိုးကြီးက ဗြုန်းဆိုကော က ရသလို ထမင်းပွဲပြင်ပြီး ဒင်နာချင်း တိုက်ပေး လိုက်ရတယ်။ ဖိတ်တဲ့ဆီ မစားရဲဘဲ အမိန့်ရ တဲ့ဆီသာ စားခွင့်ရတာ လူသိကုန်တာပေါ့ လေ။
ဘယ်နှစ်ပွင့်ဆိုင်ဆိုင်။ ဒေါ်စုကလွဲရင် အကုန် စစ်တပ်က လူတွေချည်းပဲ မဟုတ်ဘူး လား။ ဘောင်းဘီချွတ်ထားလို့ အရပ်သားမှတ် နေကြတာ။ ဗိုလ်ချုပ်ကြီးတွေ န်ိုင်ငံရေးလော ကထဲ ဝင်ဖို့ စစ်တပ်က ထွက်လိုက်ရတဲ့အခါ စစ်တပ်အပေါ်မှာ ဩဇာ မညောင်းတော့လို့ လား။ ဗိုလ်ချုပ်အောင်ဆန်းက “တပ်မတော် ဟာ ဘယ်သူ့ လက်ကိုင်တုတ်မှ မဖြစ်ရဘူး” လို့ ပြောခဲ့ဖူးတယ်။ ဗိုလ်ချုပ်နေဝင်းက “စစ်တပ်ဆိုတာ ပစ်မိန့်ပေးရင် မိုးပေါ်ကို ထောင် မဖောက်ဘူး” လို့ ပြောခဲ့ဖူးတယ်။ စစ်တပ်က ဘယ်သူ့ ဩဇာကို နာခံခဲ့သလဲ။ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွန့်၊ စစ် တပ်က အထုတ်ခံရပြီးတဲ့နောက် ဓာတ်ပုံတွေ တင်မကဘူး။ ဘုရားစောင်းတန် းက ကမ္ပည်း စာတမ်းတွေပါ အဖြုတ်ခံရတယ်။ အပြုတ်ကို အပြုတ်လို သဘောထားတတ်လွန်းတဲ့ သူတို့ လောကကြီးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမိုင်းကို ကလေးတွေ သိအောင် သင်ရိုးညွှန်း တမ်းထဲထည့်ပေးပါတို့၊ မတော်လို့များ နတ်ရွာစံ ကံတော်ကုန်သွားခဲ့သည်ရှိ သော် န်ိုင်ငံတော် အခမ်းအနားနဲ့ သိုက်သိုက်မြိုက် မြိုက် ဈာပနအခမ်းအနား ကျင်းပပြီး န်ိုင်ငံ တော်အလံများ တစ်ဝက်လွှင့်ထူပေးပါရန်တို့ အားရပါးရ လော်ဘီလုပ်နေကြဆဲဆိုတော့ စာဖတ်နေသူကြီးရဲ့ ဩဇာဟာ လက်ရှိတပ်မ တော်အပေါ်မှာ လွှမ်းမိုးထားမှန်း သိသာလွန်း ပါတယ်။
ပိုင်လှချည်လား မှတ်မနေနဲ့။ ပိုင် ချင်လို့ သူ့တူကို သူ့နေရာ ထားခဲ့တာလေ။ သည်စစ်တုရင် ခုံတစ်ခုလုံးကို သူတစ်ယောက် တည်း စိတ်တ်ိုင်းကျ အကွက်တွေ ရွှေ့ထား ခဲ့တာ။ ရထားလည်း ရထားကွက်ပဲ ရွှေ့လို့ရ တယ်။ မြင်းလည်း မြင်းကွက်ပဲ ခုန်လို့ရတယ်။ ဘုန်းကြီးတွေလည်း ဘုန်းကြီးလမ်းကပဲ ကြွ။ လွှတ်တော်ကြီး သုံးရပ်စလုံး သူခင်းတဲ့ဇယား အတိုင်း နင်းနေရတယ်။ ဘာမှ လှုပ်လို့မရ။ ဘာနဲ့ ချုပ်ထားသလဲဆိုတော့ ခြေဥနဲ့ ချုပ် ထားတာလေ။
ကြားရသူအပေါင်း အုတ်အော်သောင်း တင်း ဝမ်းသာအယ်လဲဖြစ်ရတဲ့ ကောလာဟလ သတင်းတွေဟာ တကယ်မဟုတ်မှန်း သိလျက် နဲ့တောင်မှပဲ “ဟုတ်များဟုတ်လို့ကတော့” ဆို ပြီး သံသယရဲ့အကျိုးကို ခံစားဝမ်းသာ ကြရ တယ်။ “ဟစ်တလာ ဘယ်နေ့သေသေ၊ သူသေ တဲ့နေ့ဟာ ဂျူးတွေအတွက် ဝမ်းသာစရာ နေ့ ထူးနေ့မြတ်ပဲ” လို့ ဆိုသလိုပေါ့။ ကိုယ့်တိုင်း ပြည်ရဲ့ အနာဂတ်ဟာ တစ်စုံတစ်ယောက် သောသူရဲ့ နတ္ထိပစ္စယောမှာမှ အလားအလာ ရှိတယ်လို့ မြင်ထားကြ တဲ့အခါ ချိုးလက်ရေ ခါခါပြောင်း ကြာကာညောင်းလည်း ညောင်းနိုင်ဘူးရှင် ဖြစ်လာရတာပေါ့။ အဲဒါနဲ့ ကိုယ်လည်း ၂၀၁၅ အလွန် မြန်မာပြည်ကြီးကို မှန်းဆတွေးမြင်ကြည့်မယ့် အစား ရှောဘရားသားအလွန် မြန်မာပြည်ကို မြင်ယောင်ကြည့် ပါတယ်။ မျှမျှတတ ဖြစ်သွားအောင် ဘိုးတော် ကြီး မရှိတော့ရင် ဘာဖြစ်မလဲတင် မဟုတ်ပါ ဘူး။ ဘွားတော်ကြီး မရှိတော့ရင် ဘာဆက် လုပ်မလဲပါ တွေးထားရပါတယ်။
ဘိုးတော်ကြီး မရှိတော့ရင် သူဆင်ထားတဲ့ အရုပ်တွေက ကိုယ့်အကွက်နဲ့ကိုယ် ဆက်ရွှေ့ ကြရမှာပါ။ သည်အခါ ဗဟိုချုပ်ကိုင်မှု မရှိ တော့တဲ့အတွက် ဟိုးအရှေ့က ပြောခဲ့တဲ့ မယုံ ကြည်မှုတွေ၊ သံသယတွေကြောင့် တစ်စိတ် တည်း တစ်ဝမ်းတည်း မဖြစ်နိုင်တော့ပါဘူး။ အရုပ် ၅ ရုပ်ရှိရင် ၅ ရုပ်စလုံးက ဘိုးတော်ကြီး နေရာဝင်ပြီး ချုပ်ကိုင်မှုရဖို့ ကြိုးစားပါလိမ့် မယ်။ တစ်ဦးဆောင်သော်မရ စုပေါင်းဆောင် သော်ရ၏ ဆိုတဲ့အတွက် ကိုယ်ချင်းကိုယ်ချင်း အတွင်းကျိတ် မဟာမိတ်ကလေးတွေ ဖွဲ့ထား နိုင်မှ တောင်မင်းကို မြောက်မင်း ကယ်လိမ့် မယ်လို့ တွက်လာကြပါလိမ့်မယ်။
ဘယ်လိုမှ ချန်ကစားလို့မရတာက ဘွားတော်ကိုပါ။ သူ့ လက်ထဲမှာ အနိုင်ဖဲရှိတယ်။ ၅၉(စ) ကြောင့် သမ္မတ ဖြစ်မလာခဲ့ရင်တောင် သူ့ကို ယှဉ်နိုင် တဲ့ပါဝါ ဘယ်သူ့မှာမှ မရှိသေးဘူး။ အနှစ် ၂၀ လုံးလုံး သူတို့ကိုယ်တိုင် အမျိုးမျိုး ရိုက်ချိုး လာခဲ့တဲ့ ဘွားတော်ရဲ့ အင်အားကို အပြင်လူ တွေ ထက် သူတို့ကိုယ်တိုင် ပိုသိပါတယ်။ သူ တို့ထဲမှာ ဘွားတော်နဲ့ မဟာမိတ်ပြုထားနိုင် သူကသာ အသာစီးရမှာမို့ အခုချိန်မှာ ထမင်း စားမလာရဲ စကားစမြည် မပြောရဲတဲ့သူတွေ ဟာ အဲသည်အ ချိန်ရောက်ရင် ဘွားတော်အိမ် ကို နောက်ဖေးပေါက်က တက်ရတက်ရ တက် မယ့်သူချည်းပါပဲ။ တကယ်လို့များ သမ္မတကြီး နဲ့ ဥက္ကဋ္ဌကြီးနှစ်ပါးက ဘွားတော်နဲ့ မဟာမိတ် ဖြစ်သွားရင် ကာချုပ်ကြီး တစ်ယောက်တည်း တောင့်ခံန်ိုင်ဖို့ မလွယ်ပါဘူး။ သူ့သက်တမ်းက ပင်စင်နီးပြီဟာကို။
ဘွားတော်တက်လာရင် ငါတို့ ပ်ိုင်ဆိုင်မှု တွေ အကုန်ုသိမ်း၊ ငါတို့လည်း ထောင်ထဲ ဝင်ရမှာပဲလို့ ထိတ်လန့်စိုးရိမ်နေတဲ့ သူတွေ အတွက် ဘွားတော်ကို ခဏလောက် ဖယ် ကြည့်လိုက်ရအောင်။ ဘွားတော် မရှိတော့ရင် သူတို့ အသက်အိုးအိမ် စည်းစိမ်တွေ ပိုလုံခြုံ သွားမယ်လို့ ထင်သလား။ နောက်အသစ်တက် မယ့် သူတိုင်းသူတိုင်းဟာ အရင်လူ ပိုင်ဆိုင် သမျှ မရမက လိုက်သိမ်းဖို့ချည့်ပဲ ရှိမယ်။ တစ်န်ိုင်ငံလုံးစည်းစိမ် သူတို့ဆီပဲရှိတာလေ။ တစ်တိုင်းပြည်လုံး ချွတ်ခြုံကျနေမှ။ မြေတောင် သိမ်းစရာ မရှိတော့ဘူး။ အားလုံးကို သိမ်း ပစ်ခဲ့လို့ ဦးသိမ်းစိန် ဟုခေါ်သည်တဲ့။ သူတို့ပဲ ပြောကြ တာလေ။ ဘွားတော်ရှိနေတဲ့အတွက် ကိုယ်တို့တိုင်းပြည်ကို န်ိုင်ငံတကာက စိတ်ဝင် တစား ကြည့်နေတာ။ ဒါကြောင့်မို့ ဘယ်အစိုးရ တက်တက် စည်းလွတ်ဘောင်လွတ် မတရား သဖြင့် လုပ်လို့ မရဘူး။
ဘွားတော်ကို ဖယ်လိုက်ရင် ကျန်တဲ့လေး ယောက်ဟာ အချင်းချင်းတွေမို့ မြွေမြွေချင်း ခြေမြင်ပြီး သား။ အတွင်းသိ အစင်းသိ။ ဘုံရန် သူ မရှိတော့တာနဲ့ သူတို့တစ်တွေ မိတ်ဆွေ ဘဝက ရပ်စဲ သွားပြီ။ အခု သည်လောက် တည့် နေတယ်ဆိုတာ ငါတို့ချင်းမတည့်ရင် ဟိုမိန်းမကြီး သရဖူဆောင်း သွားမယ်ဆိုပြီး အချင်း ချင်း အောင့်ကာနမ်းနေကြတာ။ မျက်နှာလွှဲ လိုက်တာနဲ့ တထွီထွီ တထွမ်ထွမ်။ ဘွားတော် ကို ဖယ်လိုက်ရင် သူတို့အတူ ရပ်တည်စရာ common ground မရှိတော့ဘူး။ တစ်ဗိုလ်စီ တစ်မင်းစီ ပဲ။ ကြည့်ကောင်းလိုက်မယ့်ပွဲ။
ကိုယ်မှ မရှိတဲ့နောက် တော့ ဘာကြီးဖြစ်နေနေ အရေးကြီးလို့လား ဗျာ။ အရေးကြီးတာက ကိုယ်မှ သေရတော့ မယ်ဆိုရင် က်ိုယ့်နောက်ပါမှာလေးကို လုပ်ချင် တာပေါ့။ ဒါလည်း ကိုယ့်ဆရာကြီးရဲ့ ဩဝါဒ စကားနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။ ဆရာကြီး ပြောတာက ကုသိုလ်တွေ ဘယ်လောက်ပဲ လုပ်ခဲ့ လုပ်ခဲ့ သေခါနီးအချိန်မှာ ပြုတဲ့ကုသိုလ် ကံလောက် အကျိုးပေးမသန်ဘူး။ သေခါနီး မှာပြုတဲ့ ကုသိုလ်ကံဟာ စုတေစိတ်နဲ့ အနီး ဆုံးမှာ ရှိနေတဲ့အတွက် နီးစပ်မှု အရှိန်အဟုန် က ဟုန်းခနဲ တောက်စေတယ်တဲ့။ ဒါကြောင့် မို့ လူဆိုတာ အသက်ကြီးလာရင်၊ သေခါနီး လာရင် ကုသိုလ်ကောင်းမှုတွေ ထုံနေအောင် ပြုပေးရသတဲ့။
တကယ်လို့များ အခွင့်ရမယ်ဆိုရင် ကိုယ်တို့ ဘိုးေတော်များကို ရွှေနားတော် သွင်းချင်ပါတယ်။ အပွင့်တွေ ဆိုင်ချင်ဆိုင် မ ဆိုင်ချင်နေ။ မတော်လို့များ နောင်ဘဝကျ လူ လာဖြစ်သည်ရှိသော် က်ိုယ်တို့အနာဂတ် မြန် မာပြည်ကြီးမှာ ဘယ်လိုနေရာ ဘယ်လိုအရပ် က န်ိုင်ငံသားကလေးတွေ ဖြစ်ချင်ကြသလဲ။ ပညာရေး ကျန်းမာရေး၊ စီးပွားရေး ဘယ်အ ဆင့်လောက် ရှိနေစေချင်သလဲ။ ဗုဒ္ဓသာသနာ တော်ကြီးကိုရော အသေခံ ဗုံးခွဲပြီး ကာကွယ်ယူ ချင်သေးလား။ က်ိုယ့်စိတ်ထဲ ဖြစ်စေချင်တဲ့ ပုံစံကလေး ခန့်မှန်းကြည့်ခဲ့စမ်းပါဗျာ။ အဲ့ဒါတွေ ပြင်ဆင်န်ိုင်ခဲ့မယ်ဆိုရင် တမလွန်မှာ စိတ်တ်ိုင်း ကျ ပြန်လည်ကြီးပြင်းခွင့် ရမယ့်အပြင် အဲသည် ကုသိုလ်ကံ စေတနာအဟုန်ကြောင့် လက်ရှိဘဝမှာလည်း အသက်ရှည်ရာ အနာ မဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှု မင်္ဂလာ ဖြစ်ရ မည်မှာ သေချာသည်ပလေ။
Credit-TheLadyNews

No comments:
Post a Comment