၂၀၀၈ စက်တာဘာ ၉ ရက်နေ့၌ ထိုင်းနိုင်ငံ အခြေခံဥပဒေတရားရုံးက
ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ထောရဝေ့ဇ်အား အခြေခံဥပေဒေ ပုဒ်မ ၂၆၇ နှင့်
ညှိစွန်းကျူးလွန်သဖြင့် ၀န်ကြီးချုပ် ရာထူးကုန်ဆုံးရပ်ဆိုင်းပြီးသား
ဖြစ်ကြောင်း စီရင်ချက်ချ လိုက်၏။ ယခင်ဝန်ကြီးချုပ်ဟောင်း ထတ်ဆင်၏ ရုပ်သေး
PPP ပါတီ အစိုးရအား သုံးလကျော်ကြာဆန့်ကျင် ဆန္ဒပြပြီး ဆမတ် ရာထူးမှ
ဆင်းပေးရန် အစဉ်တစိုက် ဖိအားပေး တောင်းဆိုခဲ့ကြသော ပြည်သူ့ဒီမိုရေစီ
မဟာမိတ် PDA အဖို့ တစိတ်တပိုင်း အောင်ပွဲ အဖြစ် ဟစ်အော်ကြွေးကျော်
ကြိုဆိုခဲ့ကြ၏။ အဆိုပါ အခြေခံဥပဒေ တရားရုံး၏ စီရင်ချက်မှာ တရားသူကြီး ၉ ဦး
စလုံး၏ တခဲနက် ဆုံးဖြတ်ချက်ဖြစ်သည် ဟုဆိုသည်။
ဤဖြစ်ရပ်ထူးကြီးကား ဒီမိုကရေစီလိုလား မြတ်နိုးသူ ထိုင်းလူထုအတွက် သာမက ဒီမိုကရေစီ ငတ်ပြတ်မွတ်သိပ် နေကြသည့် မြန်မာပြည်သူများအတွက် ချီးကျူးအားရစရာ၊ စံနမူယူစရာ၊ အတုယူစရာ ဖြစ်၏။ ထို့ထက်မက အမှန်တရား လက်ကိုင်ထားသူ ဗမာစစ်ဗိုလ်များအဖို့ သတိမူစရာ သံဝေဂရစရာဖြစ်၏။ကြမ်းတမ်းသည့်ခရောင်းတော လမ်း ကို အနှစ် ရ၀ ကျော်ဖြတ်သန်းလာခဲ့သည့် ထိုင်းဒီမိုကရေစီ ရေစီးကြောင်းအဖို့ တိုးတက်ပြောင်းလဲမှု တရပ်နှင့် အဆင့်သစ် နိုင်ငံရေး ကဏ္ဍဦး တည်မှု ခြေလှမ်းလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း သန်းကြွယ်သူဌေးကြီး ထတ်ဆင်၏ အလိုတောရိဟု သတ်မှတ်ခြင်းခံရသည့် ဆမတ်အား အခြေခံဥပဒေတရားရုံးမှ ၀န်ကြီးချုပ်ရာထူး ကုန်ဆုံးရပ်ဆိုင်းပြီးသားဖြစ်ကြောင်း စီရင်ချက်ချလိုက်ရခြင်းမှာ ပုဂ္ဂလိက ကုမ္မဏီများထံမှ အခကြေးငွေရယူခဲ့သောကြောင့်ဖြစ်၏။ ၀န်ကြီးချုပ်ရာထူး ယူထားသူဖြစ်လျက်နှင့် တီဗွီရှိုး အချက် အပြုတ် ကြော်ငြာဖြင့် အကျိုးအမြတ် ပိုက်ဆံလက်ခံခြင်းသည် အခြေခံဥပေဒေ ပြဌာန်းချက် ချိုးဖောက်ခြင်းဖြစ်သော ကြောင့်ပင်။
ဤမျှလောက်နှင့် ၀န်ကြီးချုပ်ရာထူးမှ ဆမတ်ဖယ်ရှားခြင်းခံရသည်ဆိုလျှင် ဗမာစစ်ဘုရင်ကြီး ဗိုလ်သန်းရွှေအဖို့ပြော ဘွယ်ရာမရှိ။ စစ်အုပ်စု ထိပ်သီး ဗိုလ်သန်းရွှေနှင့် ထိုက်တန်သော ပြစ်ဒဏ်ကား အတိုင်းအဆမရှိတော့။ဗိုလ်စောမောင် အား ဖယ်ရှားပထုတ်ပြီး ၁၉၉၂ ကတည်းက ယနေ့ထက်တိုင် အာဏာအလွှဲသုံးစား ပြုလုပ်ခြင်း၊ တရားမျှတမှုချိုးဖောက် ကျူးလွန်ခြင်းများအပေါ် စုံစမ်း စစ်ဆေးအရေးယူနိုင်လျှင် အဝီစိငရဲသည် ဗိုလ်သန်းရွှေအဖို့နည်းပါး နေဦးမည်။နိုင်ငံပိုင် ဘဏ္ဍာငွေကို မိသားစုပိုင်လို သဘောထားသည့် လုပ်ရပ်အစ၊ မင်္ဂလာဆောင်ည၌ သမီးတော်ဆင်မြန်းပြသည့်စိန်စီသော ဓနအဆုံး၊ ဘယ်ကဘုံး ထားကြသနည်း။ ဘယ်ရွေ့ ဘယ်မျှကြံုးခဲ့ကြမည်နည်း။ မည်သည့် ပြစ်ဒဏ်များနှင့်ထိုက်တန် သနည်း?။ ဒီမိုကရေစီနှင့် အာဏာရှင်သည် ကောင်းကင်နှင့် မြေလွှာ၊ ဆီနှင့် ရေပမာ ခြားနားလှပေစွ။ ကွာဟမှုမှန်းဆ ခက်လှသည်။
ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတို့သည် ဒီမိုကရေစီစံနစ်ကို ကျားကန်ပေးထားကြသော မဏ္ဍိုင်ကြီး ၃ ရပ် ဖြစ်၏။ အကြောင်းမှာ ထို အာဏာ ၃ ရပ်သည် အပြန်အလှန်တည်မှီထိန်းညှိ ထောက်ကူပံ့ပိုးနေကြ သော ကြောင့်ဖြစ်၏။ အထူးသဖြင့် တရားစီရင်ရေး လွတ်လပ်မျှတမှုရှိလေ၊ ပြည်သူတရပ်လုံး၏ ဆန္ဒလိုလားမှုနှင့် ကိုက်ညီလေ၊ လူထု၏ အခွင့်အရေးအတွက် အာမခံချက် ရှိလေဖြစ်၏။ အဆင့်မြင့် စစ်မှန်သော ဒီမိုကရေစီသည် လူများစု၏ဆန္ဒ အပေါ် အလေးထား၊ လူနည်းစု၏ အခွင့်အရေးအား ကာကွယ်၊ တရားမျှတမှု နယ်ပယ်ကိုလွမ်းခြံုထား နိုင်သောကြောင့် ဖြစ်သည်။
တရားစီရင်ရေးအာဏာသည် သစ္စာမဏ္ဍိုင်၊ အမှန်တရားလက်ကိုင်ထား၊ အရာအားလုံး-အရှိ အတိုင်း ဟုတ်တိုင်းမှန်ရာ ထောက်ပြ၊ တရားမျှတမှုကိုသာ ရှေ့ရှု၏။ သို့ဖြစ်၍ တကယ့်တရားစီရင်ရေးသည် ရေများနေနိုင်၊ မီးများမီးနိုင်နှင့် ဆန့်ကျင်ဖက်ဖြစ်၏။ ဒီမိုကရေစီခိုင်မာလာလျှင် နိုင်ငံရေးအာဏာရှိတိုင်း၊ အုပ်ချုပ်ရေးအာဏာ လက်ကိုင်ထားတိုင်း၊ ငွေများတိုင်း၊ သေနတ် အားကိုးတိုင်း တရားစီရင်ရေးအပေါ် မလွမ်းမိုးနိုင်ပေ။ ဤသက်သေအထောက်အထားကို အာရှနိုင်ငံ များအကြား ထိုင်းက ပူးပူးနွေးနွေး ပြသခဲ့့လေပြီ။ ထတ်ဆင်နှင့် ဆမတ်တို့ လှလှကြီးခံလိုက်သောဖြစ်ရပ်များသည် တရားစီရင်ရေး ကဏ္ဍ၏ စံနမူနာ ကောင်းကြီးဖြစ်သည်။ အုပ်ချုပ်ရေးအာဏာအမြင့်ဆုံး နိုင်ငံ့အကြီးအကဲကိုပင် အပြစ်ရှိလျှင်ရှိ သလို သမာသမတ်ကျကျ စီရင်ချက်ချလိုက်ခြင်းသည် ဒီမိုကရေစီအုဋ်မြစ် ကျစ်လစ်ခိုင်မာစေသော အချက်ကြီးဖြစ်သည်။
၇၆ နှစ် ဒီမိုကရေစီခရီးဖြတ်သန်းပြီးခဲ့သော ယနေ့ထိုင်းနိုင်ငံ၏ တရားစီရင်ရေးသည် ပြည်သူလူထုအတွက်၊ အတိတ်ကာလနှင့် မတူ ပိုမိုမှီခို ထောက်ကူအားထားလာနိုင်၏။ လက်ရှိ ထိုင်းတရားစီရင်ရေး စံထားချက်လောက် နှင့် မျက်မောက် ဗမာပြည်၏ တရားစီရင်ရေးအပေါ် ချိန်ထိုး သုံးသပ်ကြည့်နိုင်၏။ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအရ၊ အမျိုးသားပြည်လည်သင့်မြတ်ရေးအရ၊ ငှဲ့ကွက်ထည့်တွက်ခြင်း မပြုဘဲ၊ တရားမျှတမှုနှင့် ဥပဒေကြောင်းအရ ထောက်ပြရလျှင်၊ စစ်အာဏာရှင် ဗိုလ်သန်းရွှေသည် ထတ်ဆင်၊ ဆမတ်တို့ထက် အဆပေါင်းထောင်သောင်းမက ပြစ်ဒဏ် ကျခံသင့်လှသည်။ ၎င်းတို့သည် စစ်မှန်လွတ်လပ် မျှတသော တရားစီရင်ရေးကို အလေးထားဖေါ်ဆောင်ဘို့ နေနေသာသာ၊ နိုင်ငံရေးစစ်ရေး အာဏာဖြင့် တရားစီရင်ရေး အပေါ် ခြယ်လှယ်လွမ်းမိုးကြီးစိုးထား၏။ အာဏာရှင်ပီပီ တိုင်းပြည်၏ အချုပ်အခြာ အာဏာသုံးရပ် အပေါ် သေနတ်အားကိုး စိုးမိုးအုပ်ချုပ်လာခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အား မတရား-နှစ်လလွန် အကျယ်ချုပ်ထားခြင်း၊ သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ စိုင်းညွှန့်လွင်၊ ဗိုလ်ချုပ်ဆေထဲန့်တို့အား လူ့သက်တမ်း၏ ၂ ဆ ၃ ဆ ထောက်ဒဏ် နှစ်ရှည်ချလိုက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရဆဲ နိုင်ငံရေး အကျဉ်းသား တထောင်ကျော်အား လံကြုပ်စွဲချက် အမျိုးမျိုးဖြင့် ပြစ်ဒဏ်ချခြင်းတို့သည် လွတ်လပ်မျှတသော တရားစီရင်ရေး ကဏ္ဍနှင့် လားလားမျှ အကြံုးမဝင်။ အာဏာရှင်တို့အညှိုးထားမုန်ယိုမှု အလိုဆန္ဒ ချည်းဖြစ်၏။ ဗမာပြည်ကား တရားဥပဒေစိုးမိုး မှုအလျဉ်းမျှ မရှိကြောင်းအထင်းသားပေါ်လွင်နေသည်။ သျှမ်းခေါင်းဆောင်များ ၊ စုစုနွေးတို့ကဲ့သို့ NLD ပါတီဝင်များ၊ မင်းကိုနိုင်၊ မမီးမီး စသည့် ၈၈ မျိုးဆက်သစ်ကျောင်းသားဆောင်းဆောင်များ၊ အရှင်ဂဘ္မီရတို့လို ရွှေဝါရောင်တော်လှန်ရေး အာဇာနည်များ အား အများပြည်သူရှေ့မောက် စီရင်ချက်မချ၊ ရှေ့နေမရ၊ ချေပခွင့်မရှိဘဲ အင်းစိန်ထောင်ထဲ တခါးပိတ်တရားရုံးတွင် တဖက်သက်စီရင်ချက် ချခဲ့ခြင်းသည် မှန်ကန်သည့် တရားစီရင်ရေး လုံးဝ ကင်းမဲ့သော သာဓကများဖြစ်သည်။
တပြည်လုံးတရားသူကြီးမှန်သမျှအား မတရားသူကြီးအာဏာရှင်တို့က နဖားကြိုးတပ်အမိန့်ပေးနိုင်သည့် အနေအထားမှာ ဗိုလ်သန်းရွှေ စစ်အုပ်စု လက်ထက် တရားစီရင်ရေး ပြယုဂ်ကြီးဖြစ်၏။ နအဖ ဖွဲ့စည်းပုံရေးဆွဲရေး ကော်မရှင် ဥက္ကဌ၊ ဖွဲ့စည်းပုံ အတည်ပြုရေး ဆန္ဒခံယူပွဲ ကော်မတီ ဥက္ကဌ၊ ၂၀၁၀ ရွေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ စသည့် တာဝန်ရာထူးများ ရယူထားကြ သော ဦးအောင်တိုးတို့ကဲ့သို့ ရှေ့နေချုပ်/ တရားသူကြီးချုပ်များသည်လည်း ဗိုလ်သန်းရွှေစစ်အုပ်စုအား အလုပ်အကြွေးပြု ရသူများဖြစ်၏။ အာဏာရှင်များ ကြိုးဆွဲတိုင်းကနေရသည့် လက်ပါးစေများသာဖြစ်၏။ ဤသို့ဖြင့် ဗမာပြည်တရားစီရင်ရေး ကား-မတရားစီရင်ရေး ဖြစ်နေရသည်။
ဒီမိုကရေစီ စနစ်အုဋ်မြစ် အခြေခိုင်စေသော၊ တရားစီရင်ရေး မဏ္ဍိုင်အပေါ် မည်သည့် အာဏာမျှ မလွမ်းနိုင်သည့် တိုင်းပြည်များ ၌ အမြင့်ဆုံးနိုင်ငံ့ အုပ်ချုပ်ရေး အာဏာပိုင်ဆိုင်ကြသူများ ပင်လျှင် တရားဥပဒေ၏ အဆုံးအဖြတ်ကို မလွန်ဆန်နိုင်။ တိုးတက် သည့် မဟာ အင်အားကြီးနိုင်ငံများ၏ နိုင်ငံ့အကြီးအကဲများပင်လျှင် တရားစီရင်ရေးအာဏာကို အာခံဖီဆန်ခြင်းမပြုနိုင်။ ဖိလိပင်းမှ ဖါဒီနန်များကို့စ်၊ အာဂျင်တီးနားမှ ပီနိုချေး၊ ပီရူးမှ ဖူဂျီမိုရီတို့ကအစ၊ အမေရိကန်ပြည်ထောင်စု သမ္မတများ ဖြစ်သည့် နစ်ဆင်၊ ကလင်တန်တို့အဆုံး၊ တရားစီရင်ထုံး၏ ဆုံးမမှုကို ခံခဲ့ကြရ၏။
ကျွနု်ပ်တို့၏ နောက်ဖေး အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း ထတ်ဆင်လည်း ငွေများတိုင်းတရားမနိုင်၊ ဆမတ်လည်း ရွေးကောက်ပွဲ အနိုင်ရ ၀ယ်မဲများပြားတိုင်း တရားမနိုင်-ရင်ဆိုင်ခဲ့ကြပြီ။
ယနေ့ ဗမာပြည် ဥပဒေပြုအာဏာပိုင်-ဖွဲ့စည်းပုံရေးဆွဲရေး ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ သည်၎င်း၊ အုပ်ချုပ်ရေးအာဏာပိုင်-နိုင်ငံတော်တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့သည်၎င်း၊ အုပ်ချုပ်ရေး အာဏာပိုင်- အစိုးရခေါင်းဆောင်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများသည်၎င်း၊ ဗိုလ်သန်းရွှေ လက်အောက် ပြားပြားမှောက်ကြရသည် ချည်းဖြစ်၏။ ထတ်ဆင်၊ ဆမတ် နှင့် ဗိုလ်သန်းရွှေတို့၏ အနေအထားမှာ ကားနှင့်လှည်း၊ အမဲနှင့်အဖြူ ပမာကွာခြားလှသည်ကို နှိုင်းပြခြင်းငှာ မတူမတန်ရာ ဟုဆိုချင်ကဆိုနိုင်သည်။
@ သျှမ်းသံတော်ဆင့်သတင်းဌာနမှ

- တရားစီရင်ရေးသည် ဒီမိုကရေစီ စနစ်၏ မဏ္ဍိုင်ကြီးတခု
- တရားစီရင်ရေးသည် ဒီမိုကရေစီစနစ်အတွက် စံချိန်စံနှုန်း
- တရားစီရင်ရေးသည် ဒီမိုကရေစီ အဆင့်အပေါ် တိုင်းတာဖေါ်ပြမှုဖြစ်သည်။

No comments:
Post a Comment