Twitter Bird Gadget

Saturday, November 22, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှ ၁၆၈ ချက်ပြင်နိုင်လျင် ဖက်ဒရယ် ဖော်ဆောင်နိုင်မည်ဟုဆို


ပြည်ထောင်စု လွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းတွင်ပါဝင် သည့် အချက်များထဲမှ ၁၆၈ ချက်အား ပြင်ဆင်နိုင်လျှင် ဖက်ဒရယ်ပြည်ထောင်စု ရရှိနိုင်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့် ကပြောသည်။
အဆိုပါ ၁၆၈ ချက်မှ ၄ ပုံ ၃ ပုံသည်ဖက်ဒရယ်အရေးပါဝင်ပြီး ၈၀ ရာခိုင်နှုန်း နှင့် ၉၀ ရာခိုင်နှုန်းသည် ငြိမ်းချမ်းရေးအတွက် ပါဝင်သည့် အချက်များဖြစ်ကြောင်း ၄င်းကဆိုသည်။

“ ၁၆၈ ချက် အကုန်ပြင်လို့ရရင် ဖက်ဒရယ်ပြည်ထောင်စုုဖြစ်တယ်။ တိုင်းရင်း သား အခွင့်အရေး လဲရမယ်” ဟု ပုသိမ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ကပြောသည်။

ပြင်ဆင်မည့်အချက်တချို့မှာ ပုဒ်မ ၄၃၆ အပါအဝင် တိုင်းရင်းသားအခွင့်အရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူမှုအခွင့်အရေး စသည်တို့ ပါဝင်သည်။

လဲချား မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က “ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မတွေအားလုံးရဲ့ သော့ချက်ဘဲဖြစ်တယ်။ ပုဒ်မ ၄၃၆ ကို ပြင်နို်င်မှ တပ်မတော် သားကိုယ်စားလှယ် ရာခိုင်နှုန်းတွေ ကို လျှော့ချနိုင်မယ်” ဟု ဆိုသည်။

အဆိုပါ ၄၃၆ ပြင်နိုင်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး၊ တည်ငြိမ်မှုရှိပြီး၊ ငြိမ်းချမ်း မှုတွေရမယ်၊ ဖက်ဒရယ် ပြည်ထောင်စုနှင့် ရှေ့ကို လှမ်းချီနိုင်မည်ဖြစ်ပြီး ယင်း ပုဒ်မ ပြင်နိုင်မှုမရလျှင် ဒုံရင်းဒုံရင်းနှင့် ပြန်ဖြစ် သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းတွင် အချက်ပေါင်း ၄၅၀ ကျော် ပါဝင်ပြီး ပြည်ထောင်စု လွှတ်တော်၌ နိုဝင်ဘာ ၁၃ မှ ၂၅ ရက်နေ့ထိ ၁၆၈ ချက်ပြင်ဆင်ရန်ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းထဲမှ ၁၆၈ ချက်ကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ပြီး ပါတီဝင် ၄၀ ခန့် ပါဝင်ဆွေးနွေးသွားမည် ဖြစ်သည်။
                            

No comments:

Post a Comment