Twitter Bird Gadget

Friday, November 7, 2014

မုန့်ဟင်းခါး,သမိုင်းကြောင်း,မုန့်ဟင်းခါးယဉ်ကျေးမှု




မုန့်ဟင်းခါး
မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သောမုန့်ဟင်းခါသည် အချဉ်ဖောက်ပြုလုပ်သည့်
ဆန်ခေါက်ဆွဲဖတ်(မုန့်ဖတ်)လေးများနှင့် ငါးဖြင့်အဓိကချက်လုပ်သောဟင်းခါးရည်တို့
ကိုအတူတွဲဖက် စားသုံးရသောသွားရေစာတစ်မျိုးဖြစ်သည်။မုန့်ဟင်းခါးကိုမြန်မာနိုင်ငံ
၏အမျိုးသားရေးစားဖွယ်အဖြစ် အချို့ကယူဆကြသည်။မြန်မာနိုင်ငံတစ်ဝန်းလုံးရှိမြို့၊
ရွာတိုင်းတွင် မုန့်ဟင်းခါးရောင်းချကြပြီးနံနက်စာမှသည် နေ့လည်၊နေ့ခင်းအစာပြေအ
ပြင်၊ညလည်စာအဖြစ်ပါ နှစ်ခြိုက်စွာစားသုံးလေ့ရှိကြသည်။ထို့အပြင် မုန့်ဟင်းခါးတွင်
အာဟာရအားဖြင့် ပရိုတင်း၊ကာဗိုဟိုက်ဒရိုတ်နှင့် ဓာတ်ဆားများပါဝင်ပြီးချက်ပုံချက်
နည်းရိုးရှင်လွယ်ကူသည့်အပြင် ကုန်ကြစရိတ်ပါသက်သာသောကြောင့် မြန်မာလူမျိုး
တိုင်းနှစ်သက်သောအစားအစာလည်းဖြစ်သည်။

သမိုင်းကြောင်း
ရှေးမြန်မာသနိုင်းတစ်လျှောက်တွင် မုန့်ဟင်းခါးနှင့်ပါတ်သက်၍ ကျောက်စာ၊စာပေများ
ဖြင့် မှတ်တမ်းတင်ခဲ့ချင်းမရှိသဖြင့် မုန့်ဟင်းခါးပေါ်ပေါက်ရာဇာတိနှင့်ခေတ်ကာလအား
သိရှိရန် များစွာခက်ခဲလှပေသည်။မုန့်ဟင်းခါးကိုအစောဆုံးအထောက်အထားဖြင့် တွေ့
ရှိရသည့် နေရာမှာကုန်းဘောင်ခေတ်စာဆိုပညာရှင်စလေဦးပုည၏ အလင်္ကာများအနက်
မှ တစ်ခုတွင်ဖြစ်ပြီး “မုန့်ဟင်း”ဟုသုံးနှုန်းခဲ့သည်။ ယနေ့တိုင် အချို့ဒေသများတွင် မုန့်
ဟင်းခါးကို “မုန့်” “မုန့်ဟင်း”အစရှိသဖြင့် ခေါ်ဝေါ်လျှက်ရှိဆဲဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်ပြီးဖြစ်သည်ဟုယူဆကြသည်။တဖန် ပျူ
မြို့ဟောင်းများတူးဖော်ရာတွင် ဆန့်မှုန့်နှင့် အချဉ်ဖောက်ပြုလုပ်သောကိရိယာအများအ
ပြားတူးဖော်ရရှိခဲ့သောကြောင့် ထမင်းအစားထိုး၊ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့်မုန့်ဟင်း
ပေါ်ပေါက်နေခဲ့ကြောင်းကောက်ချက်ချကြသည်။ထို့အပြင် မုန့်ဟင်းခါးသမိုင်းကိုစနစ်တကျ သုတေသနပြုရန် ကြိုးစားခဲ့သောဒေါက်တာခင်မောင်ညွန့်၏ အဆိုအရ
မုန့်ဟင်းခါးချက်နည်းသည် ရျေးနန်းတွင်းဟင်းချက်နည်းမျိုးစုံစာရင်းတွင် ရှာမတွေ့
ခဲ့ခြင်းကြောင့် သာမန်အရပ်သားလူအများတို့ ၏အစားအစာသာဖြစ်နိုင်ကြောင်း။
ထို့ကြောင့်ပင် မည်သူတစ်ဦးတယောက်မျှ အရေးတယူမှတ်တမ်းမတင်ခဲ့ခြင်းဖြစ်နိုင်
ကြောင်းဆိုထားသည်။

မုန့်ဟင်းခါးယဉ်ကျေးမှု
မုန့်ဟင်ခါးကိုမြန်မာ့လူ့အဖွဲ့အစည်းအတွင်းတွင်နက်ရှိုင်းစွာအမြစ်တွယ်နေပြီးဖြစ်
သောအစားအစာဖြစ်သည့် အားလျှော်စွာနေရာ၊ ဒေသ၊အချိန်အခါ မရွေးရရှိနိုင်သော
အစားအစာဖြစ်သည်။ နာမည်ကျော် ဆိုင်ကြီးကနားကြီးများတွင် သာမက ၊လမ်းဘေး
ပလက်ဖေါင်းပေါ်ရှိဆိုင်ငယ်များတွင်လည်းကောင်း၊ဆိုင်းထမ်း၊ ခေါင်းရွက်ဗျတ်ထိုး၊
လက်တွန်းလှည်း၊ဆိုက်ကားများဖြင့် လှည့်လည်ရောင်းချသူများထံတွင် လည်းကောင်း
ဝယ်ယူရရှိနိုင်သည်။မြို့ကြီးအချို့ရှိကားဂိတ်၊သင်္ဘောဆိပ်၊ဘူတာရုံအစရှိသည့် လူစည်
ကားရာအရပ်များတွင် ၂၄ နာရီပတ်လုံးရောင်းချသည့်  ဆိုင်များလည်းရှိလေသည်။
ထို့အပြင် မုန့်ဟင်းခါးသည် လူမျိုး၊ ဘာသာမရွေးစားသုံးနိုင်ခြင်းကြောင့် အလှူမင်္ဂလာ
ဆွမ်းကျွေးကဲ့သို့သောသာရေးများမှ အသုဘ၊နာရေးအထိမပါမဖြစ်သောအစားအစာ
ဖြစ်သည်။ယခုအခါတွင် မုန့်ဟင်းခါးသည် မြန်မာလူမျိုးများသွားရောက် အလုပ်လုပ်ကိုင်
အခြေချရာစင်္ကာပူ၊ထိုင်း၊မလေးရှား၊ဂျပန်၊ကိုရီးယား၊ဗြိတိန်၊အမေရိကန်နှင့် အခြားကမ္ဘာ့
နိုင်ငံအများအပြားသို့ မြန်မာများနှင့်အတူပျံ့နှံ့ရောက်ရှိလာခဲ့သည်။ထို့ကြောင့် ပြည်ပဈေး
ကွက်အတွက် အထူရည်ရွယ်ထုတ်လုပ်လာသောအသင့်ချက်ပြုတ်ပြုလုပ်နိုင်သည့် မုန့်
ဟင်းခါးခြောက်ထုတ် များလည်းပေါ်ပေါက်လာခဲ့သည်။

Credit : မှတ်စုစာအုပ်

No comments:

Post a Comment