စင်္ကာပူအခြေစိုက် ဘိုင်အိုမိက်ခရို
က သွေးအတွင်းရှိဂလူးကို့စ်အမာဏအားစောင့်ကြည့်
ပေးသည့်ကြိုးမဲ့ ကိရိယာအားဖန်တီးလျက်ရှိကြောင်းကြေငြာခဲ့သည်။
သွေးချိုရောဂါရှိသူများအနေဖြင့်
လက်ရှိတွင်သွေးအတွင်းဂလူးကို့စ်ပမာဏသိရှိနိုင်ရန်
နေ့စဉ်လက်ထိပ်ဖောက် စစ်စေးမှုပြုရန်လိုအပ်သည်။သွေးချိုရောဂါများကြောင့်
ဖြစ်တတ် သည့်နှလုံးရောဂါများ၊ ကျောက်ကပ်နှင့်အာရုံကြောပျက်စီးခြင်းကိုကာကွယ်ရန်အတွက်
သွေးအတွင်းဂလူးကိုစ်ပမာဏအားစောင့်ကြည့်နေရန်လိုအပ်ပေသည်။လက်ရှိနည်းစနစ်
မှ လုပ်ငန်းအဆင့်များစွာကျော်လွှားရန်ရည်ရွယ်၍
Biomicroကခန္တာကိုယ်အတွင်း
ထည့်သွင်းနိုင်သည့် စောင့်ကြည့်ကိရိယာကိုတီထွင်ကြံဆနေခြင်းဖြစ်သည်။
ထိုကိရိယာအားလူနာ၏ကိုယ်တွင်းသို့
ခွဲစိတ်ထည့်သွင်းပေးပါကသွေးအတွင်းဂလူးကို့စ် အခြေအနေကိုအလိုအလျောက်စောင့်ကြည့်မှတ်သားကာအချက်အလက်များ
ကိုပြင်ပရှိလက်ခံကိရိယာထံကြိုးမဲ့ချိတ်ဆက်ပေးပို့
သည့် စနစ်ဖြစ်သည်။
နည်းပညာတိုးတက်လာမှုနှင့် ကျန်မာရေးစောင့်ရှောက်မှုကြိုးမဲ့ကိရိယာများအသုံးပြုမှု
များလာခြင်းကြောင့် ထိုဈေးကွက်အပေါ်အကောင်းမြင်မှုတိုးပွားစေပြီးကမ္ဘာတစ်ဝန်းရှိ
No comments:
Post a Comment