Twitter Bird Gadget

Tuesday, October 21, 2014

သမိုင်းထဲကအာဏာရူးနှင့် ခေတ်သစ်အာဏာရူး





အာဏာရှင်ရဲ့ဖြုတ်ထုတ်သတ်စနစ်မှာ.....ဦးဆန်းဆင့်က
“မင်းတို့တစ်တွေလာဘ်စားထားတဲ့စာရင်တွေ ငါ့မှာရှိတယ် ငါ့ကိုမတရားလုပ်ရင် အကုန်
လုံးကိုဖော်ထုတ်ပစ်မယ်။”ဆိုတဲ့ စကားတစ်ခွန်းကြောင့် ထောင်ဒဏ် ၁၃နှစ် ကျသွားတာ
ဖြစ်ပါတယ်။ ဒါဟာအလွန်ကံကောင်းသွားတာပါ၊ဗိုလ်ချုပ်မှူးကြီးစောမောင်အလှည့်တုန်း
ကရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကိုပြန်မယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် မတရား
ဖြုတ်ချတာကိုခံလိုက်ရအပြီးအချင်းချင်းဖော်ကောင်းလုပ်မှာစိုးရိမ်လို့ ဗိုလ်ချုပ်သန်းရွှေ
နဲ့ ဗိုလ်ချုပ်ခင်ညွန့် တို့ နှစ်ယောက်ပေါင်းပြီးဗိုလ်ချုပ်စောမောင်ကိုဆေထိုးပြီးတော့သတ်
ပစ်ခဲ့ကြတယ်။ ဗိုလိချုပ်စောမောင်ရဲ့ ကတော်ကြီးကထိုအချိန်ကတဲကစပြီးစစ်ဆိုရင် အ
ရမ်းမုန်းပြီးတော့ အိမ်မှာတောင် ရေစစ်မသောက်နဲ့လို့ မကြာခဏပြောလေ့ရှိသတဲ့။....။


မျက်ဖြေလင်္ကာ (အနန္တသူရိယ)
သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ပျက်လင့်ကာသာဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ကြနန်းလည်းခံ
မတ်ပေါင်းရံလျက်၊ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊မင်းချမ်းသာကား
သမုဒ္ဒရာ၊ရေမျက်နှာထက်
ခဏတက်သည့်၊ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ငါ့အားမသတ်
ယခုလွတ်လည်း၊မလွတ်ကြမ္မာ
လူတကာတို့၊ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ဖောက်လွဲတတ်သည်
မချွတ်စသာ၊သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ကြိုက်လက်တုံမူ
တုံ့မယူလို၊ကြည်ညိုစိတ်သန်
အခင်မွန်ကို၊ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စ၊ငါ့ခန္တာတည်း
(အနန္တသူရိယ)
အနန္တသူရိယအမတ်သည် ပုဂံခေတ်ကထင်ရှားကျော်စောသောပညာရှိသူခမိန်ကြီးဖြစ်
သည်။မြန်မာနှစ်-၅၃၃ (ခရစ်နှစ်၁၁၇၁)တွင် ပုဂံထီးနန်းကိုသိမ်းပိုက်စိုးစံသောဘုရင်
မင်းယဉ်နရသိင်္ခသည် ညီတော်အိမ်ရှေ့စံနရပတိစည်သူ၏ မိဖုရားဝေဠုဝတီကိုအတင်း
အဓမ္မသိမ်းပိုက်ယူသောကြောင့် မြန်မာနှစ်-၅၃၆ တွင် ညီတော်နရပတိစည်သူကနောင်တော်ကိုပုန်ကန်သတ်ဖြတ်လုပ်ကြံပြီးနန်းတက်ခဲ့သည်။ထို့နောက် နောင်တော်၏
အထိန်းတော်လည်းဖြစ် ၊လူယုံအဖြစ်ခစားသူလည်းဖြစ် သည့် အနန္တသူရိယအမတ်၏အပေါ်တွင် အမျက်ပွါ့အငြိုးထားပြီး “ဖမ်း၍သတ်စေ” ဟုသူသတ်တို့အားအ
မိန့်မှာလေ၏။
ရဲရင့်တည်ကြည်သောအနန္တသူရိယအမတ်သည် အသတ်ခံရအံ့စဲစဲတွင် လောက၏ဖြစ်
ပျက်ဓမ္မတာသဘောကိုဆင်ခြင်၍အေးဆေးတည်ငြိမ်စွာ “သူတည်းတစ်ယောက် ကောင်းမှုရောက်မူ”အစဖြာသောမျက်ဖြေလင်္ကာကိုသူသတ်ကုန်းတွင်းရုတ်ချည်းစပ်ဆို
ပြီးမင်းကြီးအားဆက်သပါဟုမှာကြားခဲ့လေသည်။မင်းချင်းတို့ဆက်သသောသံတေဂ
အလင်္ကာကိုနရပတိစည်သူမင်းကြီးကြာလေသော်...သံတေဂရ၍ ချက်ခြင်းလွတ်ရန်
အမိန့်ပေးသော်လည်းအနန္တသူရိယအမတ်ကားသေလွန်ခဲ့လေပြီ။
မင်းသုံးဆက်ရဲ့သက်တော်ရှည်အမတ်ကြီး
အနန္တသူရိယအမတ်ကြီးသည် အလောင်းစည်သူမင်းကြီး (ခရစ်နှစ်၁၀၉၀-၁၁၆၀)နှင့်
သားတော်ကုလားကျမင်းဟုနာမည်တွင်သောနရသူ (၁၁၁၇-၁၁၆၅)
ထိုနရသူမင်း၏သားတော်မင်းယဉ်နရသိင်္ခ (၁၁၄၁-၁၁၇၃)
ဤမင်းသုံးဆက်လက်ထက်တော်တို့တွင် အထိန်းတော်သားအဖြစ်အမှု့တော်ကိုကျေ
ပွန်စွာထမ်းဆောင်ခဲ့သူဖြစ်သည်။
အထိန်းတော်သားဆိုသည်မှာမင်းယဉ်နရသိင်္ခနှင့် နရပတိစည်သူမင်းသားညီနောင်တို့
၏အထိန်းတော်ကြီး “အိုပေါင်သင်”၏သားဖြစ်သောကြောင့်ဖြစ်သည်။၎င်းသည်ငယ်
ရွယ်နုနယ်သေးသောမင်းသမီး၊မင်းသားကလေး၊သူငယ်များကိုထိန်သိမ်းစောင့်ရှောက်
ရသည့်အထိန်းအယတစ်နည်းအားဖြင့် မင်းညီ၊မင်းသား၊မင်းသမီးများနှင့်သာသက်
ဆိုင်သောကြောင့်မင်းထိန်းမင်းယပင်ဖြစ်ပါသည်။
အလောင်းစည်သူမင်းကြီးသည် အထိန်းတော်သားအနန္တသူရိယကိုသနားတော်မူ၍လုပ်
ရည်ကိုင်ရည်ကိုလည်းနှစ်သက်တော်မူသဖြင့် မင်းသားတို့သာဝဈတ်ထိုက်သောဒုယင်
အခြေတပ်ဝတ်လုံတစ်ထည်ကိုပေးတော်မူ၏။ထိုဝတ်လုံကိုမင်းပွဲသဘင်ရှိသောအခါ
အနန္တသူရိယကဝတ်၍ ပွဲတက်သည်ကိုသားတော်မင်းရှင်စောမြင်လေသော်ဤဖျင်ကား
မင်းညီမင်းသားတို့သာဝတ်ထိုက်သောဝတ်ရုံဖြစ်သည်။ဤကဲ့သို့အရောရောမတတ်စေနဲ့
ဟုဆိုကာအနန္တသူရိယနှင့် ထိုက်သောဝတ်လုံကိုပေး၍ ဒုယင်တပ်သောဝတ်လုံကို ချွတ်၍
လဲစေ၏ဟုဦးကုလား၏ မဟာရာဇဝင်ကြီးပထမတွဲစာမျက်နှာ(၂၄၇)တွင်ဆိုထားသည်။
ဤနေရာ၌အနန္တသူရိယသည် အလောင်းစည်သူမင်းကြီးကိုငယ်စဉ်အခါကာလမှစ၍ထိန်း
သိမ်းစောင့်ရှောက်လာဘိသကဲ့သို့ဖြစ်နေလေသည်။စင်စ်သော်ကားအလောင်းစည်သူ
မင်းကြီးလက်ထက် မင်းကြီး၏သားမြေးများကိုထိန်သိမ်းစောင့်ရှောက်ရသောမင်းထိန်း
မင်းယအထိန်းတော်သားတစ်ဦးသာဖြစ်ခြေသည်။
သက္ကရာဇ် ၅၃၂ခုနှစ်တွင်ငယ်စဉ်အခါမှစ၍ အနန္တသူရိယအမတ် ထိန်းသိမ်းစောင့်ရှောက်ခဲ
ရသောမင်းယည်နရသိင်္ခ နန်းတက်တော်မူလေသည်။နန်းတက်တော်မူသောအခါ ညီတော်
နရပတိစည်သူကိုအိမ်ရှေ့ပေးသနားတော်မူ၏။သို့ရာတွင် သက္ကရာဇ် ၅၃၅ ခုနှစ်တွင် မင်း
ယဉ်နရသိင်္ခသည် ညီတော်နရပတိစည်သူ၏ အိမ်ရှေ့မိဖုရားဝေဠုဝတီမင်းသမီးကိုလှည့်ဖြားသိမ်းပိုက်ခဲ့သဖြင့် ထိုနှစ်အတွင်းမှာပင် နောင်တော်ကိုပုန်ကန်သတ်ဖြတ်၍ နန်း
တက်တော်မူလေသည်။ထို့နောက် နောင်တော်မင်းယဉ်နရသိင်္ခအားငယ်စဉ်အခါမှစ၍ အ
စစအရာရာတွင် သွန်သင်ပြသဆုံးမပဲ့ပြင်ဖူးသည့် အထိန်းတော်သားအနန္တသူရိယအမတ်
ကိုလည်းဖမ်း၍သတ်လေဟုပါးကွက်သူသတ်တို့အားအပ်လေ၏။သုဿန်သို့ အနန္တသူ
ရိယအမတ်ကြီးရောက်လေသော် ဆယ်နှစ်ခန့်အတောအတွင်းမှာပင် ဖြစ်ပျက်ခဲ့သည့်များ
ကိုအမတ်ကြီးတဖြည်းဖြည်းမြင်ရောင်လာမိသည်။၊စွာမိမိအရေးနှင့် ပတ်သက်၍ မင်းရှင်
စောအားမြို့မှ နှင်ထုတ်လိုက်သည်ကိုမြင်မိသည်။ နောက်မင်းရှင်စောမရှိ၍ ပြည်ထြအမှုစီ
ရင် ၊ကွပ်ညှပ်စေရန် သားတော်အလတ်ဖြစ်သောနရသူကိုခမည်းတော်အလောင်းစည်
သူမင်းကြီးက လွှဲအပ် ၊ခန့်ထားကြောင်းအလောင်းစည်သူမင်းကြီးသည်းထန်စွနာတော်မူ
ခိုက် အဝတ်ပုဆိုးတို့ဖြင့်ဖိ၍ သတ်ပြန်သည်ကိုမြင်လိုက်သည်။ပြီးမှနောင်တော်မင်းရှင်
စောကိုအဆိပ်ကျွေးသတ်မှုမြင်ရပြန်သည်။ ထိုနရသူမင်းပင်လျှင်လည်းကုလားရှစ်
ယောက်တို့၏လက်ချက်ဖြင့် အသက်ဆုံးရသည်ကိုပြေး၍မြင်ပြန်သည်။
ထို့ကြောင့်လည်းကုလားကျမင်းဟူ၍ ပြည်သူတို့ပြောစမှတ်တွင်လျက်ရှိခြင်းကိုကြားသယောင်ယောင်ပင်ရှိလိုက်သည်။ထို့နောက် မိမိ၏အရှင်သခင်ဖြစ်သောမင်းယဉ်န
ရသိင်္ခနန်းတက်တော်မူပြီးမှ များမကြာမီကပင် ညီတော်နရပတိစည်သူ၏ အိမ်ရှေ့မိဖုရားဝေဠုဝတီကိုသိမ်းပိုက်မှုကြောင့် ညီတော်၏ အလုပ်ကြံခံရရှာပုံကိုမြင်ယောင်မိလာသည်။ယခုလည်းမင်းယဉ်နရသိင်္ခ၏ ကျွန်ရင်းအထိမ်းတော်သားဖြစ်
သောမိမိအားသတ်လေဦးတော့မည်။သို့ရာတွင် မိမိမှာမကြောက် ၊ဤမျှလောက်သော
ဓမ္မတာသဘောတရားသင်္ခါရအဖြစ်အပျက်များကိုထင်ရှားမျက်မြင်ပင် တွေ့ကြုံဆုံဆည်း
ခဲ့ရသည့် အနန္တသူရိယအမတ်သည် တုန်လှုပ်ထိတ်လန့်ခြင်းဖြစ်နိုင်ရအံ့လော၊မဖြစ်နိုင်။
ထို့ကြောင့်ရဲရင့်တည်ကြည်သောစိတ်ထားနှင့် တရားပြည့်ဝစွာပင် လျှင် “သူတည်းတစ်
ယောက်၊ကောင်းဘို့ရောက်မူ “အစရှိသောအမျက်ဖြေအလင်္ကာလေးပိုဒ်ကိုအေးဆေး
တည်ငြိမ်စွာခဏခြင်းစပ်ဆိုလိုက်ပြီးမင်းကြီးအားဆက်သပါဟုမှာကြား၍ ပါးကွက်
သူသတ်တို့ထံအပ်ခဲ့လေ၏။
ထိုအလင်္ကာကိုနရပတိစည်သူမင်းကြီးဖတ်ရှု့ရသောအခါ ဤမျှမြင့်မြတ်ကြီးနမားသော
ပညာရှင်စာဆိုတော်ကြီးတစ်ဦးကိုကြစ်မှားလက်လွန်မိသည့်အတွက် နှမြောတသ
နောင်တကြီးစွာရတော့သည်။ထို့ကြောင့် “လွှတ်စေ” ဟုမိန့်တော်မူ၏။သူသတ်တို့လည်း
လွန်ခဲ့ပြီဟုနားတော်ကိုလျှောက်သည်။မင်းကြီးလည်း “နင်တို့မသတ်ခင်ကဤစာကို
ဆက်ကောင်းလျှက် ၊သတ်ပြီးမှဆက်သည်” သို့ဖြစ်၍သူသတ်တို့ကိုမြက်ပြန်လေသည်။
မင်းကြီးလည်းစာကိုဖတ်တော်မူပြီးသည့်အချိန်ကတဲကပင် တအောက်မေ့မေ့၊တရှိုက်မက်
မက်နောင်တကြီးစွာရတော်မူလေသည်။ထိုအချိန်မှစ၍ အမြက်တော်ကိုချုပ်ထိမ်းဆည်း
တားတော်မူလေသည်။ “နောက်နောင်ငါအမြက်တော်ရှိ၍ သတ်စေဟုအမိန့်တော်ရှိသော်
လည်းတစ်လ၊ငါးသီတင်းထား၍ကြားနာဘိ။သေတန်မှသေစေ၊မသေတန်သူကကိုလွတ်စေ”ဟူ၍ မင်းဆွေစိုးမျိုးဖြစ်သော “မဟာသမန်”ကိုအမိန့်တော်ရှိလေသည်ဟူ၍
ဦးကုလား၏မဟာရာဇတင်ကြီးပထမအုပ် စာမျက်နှာ-၉၃ မှဖြစ်ပါသည်။
မဟာရာဇဝင်ကြီးတွင်ပါရှိသောဤစကားရပ်များအရအထက်ပါအလင်္ကာလေးပိုက်၏
အရှိန်အဝါနှင့် အကျိုးသက်ရောက်မှုကိုသိမြင်နိုင်ပေသည်။မိမိအားအိမ်ရှေ့အရာပေး၍
သူကောင်းပြုခဲ့သောနောင်တော်အရင်းကိုအသေသတ်ခဲ့သည့်မင်း၊မိမိနန်းရရေးအတွက်
နောင်တော်ကိုသတ်ပေးခဲ့သည့် တကယ့်ကျေးဇူးရှင် အမတ်အောင်စွာငယ်ကိုလည်းကွက်
မြက်ခဲ့သည့်မင်း၊မဆီမဆိုင်အထိန်းတော်သားဖြစ်သူအနန္တသူရိယအမတ်ကိုသတ်စေ
သည့်  ဘုရင်နရပတိစည်သူကိုတအောင့်မေ့မေ့တရှိုက်မက်မက်ဖြစ်စေခဲ့သည့် ဤအလင်္ကာကို “မြက်ဖြေလင်္ကာ”ဟုခေါ်ကြသည်။ကျွန်ုပ်ကတော်လှန်ရေးကဗျာအဖြစ်
မြင်မိသည်။အဘယ်ကြောင့်ဆိုသော် မလိုလျှင်မလိုသလိုပြုတတ်သောဥပဒေဟူသည် သူ
တို့၏ပါးစပ်ထဲတွင်သာဖြစ်တည်သောအာဏာရှင် ပဒေသရာဇ်စနစ်၏ စက်ဆုတ်ရွံရှာ
ဖွယ်ကောင်းသောအချက်ကိုရှုတ်ချ၍ယင်းစနစ်ကိုကျင့်သုံးသောမင်း၏ စိတ်ဓါတ်ကို
ပြောင်းလဲသွားစေရန် တော်လှန်ဆုံးမခဲ့သောကြောင့်ပင်တည်း။
ထို့အပြင် လောကတွင်ရန်ကိုခုခံဖို့၊ တွန်းလှန်ဖို့၊ နှိပ်စက်ညှင်းပမ်းဖို့၊ သတ်ဖြတ်ဖို့ အလုပ်
များသည်စင်စစ်ခဲယဉ်းလှပေသည် မဟုတ်ပေ။မိမိအာဏာရှိစဉ်၊ဘုန်းရောင်တောက်ပစဉ်
လူသားတိုင်းပြုနေကြဖြစ်သောပြုရဲသောအလုပ်များသာဖြစ်သည်။ရန်သူပင်ဖြစ်လင့်က
စားသည်းခံနိုင်ဖို့၊ခွင့်လွတ်နိုင်ဖို့ ဆိုသည်မှာအလွန်တရားခဲယဉ်း၍ သူတကာပြုနိုင်ခဲ့
သောကိစ္စပင်ဖြစ်ပါသည်။ဤလောက၌ ကိုယ့်အလှည့်ကျလျှင် နွဲ့တတ်ကြသူတွေများလှ
ပေသည်။အမတ်ကြီးအနန္တသူရိယအမတ်ကြီးကားပုထုဇဉ်လူသားတို့ ထားရှိရိုးစိတ်ဓါတ်
ကိုတော်လှန်ရုံသာမကရန်သူကိုပင်ခွင့်လွတ်လိုက်ခြင်းဖြင့် လူသားတိုင်းတော်လှန်နိုင်ခဲ
သောအမှုကိုပြုခဲ့လေသည်။ထို့ကြောင့်လည်းအနန္တသူရိယအမတ်ကြီး ၏ဤအလင်္ကာ
လေးပိုဒ်သည် ယနေ့တိုင် ထင်ရှားလျှက်ရှိနေသည် မဟုတ်ပါလော.......။
အမှန်စင်စစ် နရပတိစည်သူမင်းသည် စိတ်နှလုံးအထူးခက်ထန်လှသည်။နောင်တော်၏
ဥပါယ်တံမျဉ်ကြောင့် ငဆောင်ချမ်းသို့ စစ်တိုက်ထွက်ရပြီးနောက် နောင်တော်၏ကောက်
ကျစ်သောအကြံကိုသိရသည်မှအစပထမအကြိမ်မြင်းခံငပြည်ကိုကွက်မျက်သည်။ ဒုတိ
ယအကြိမ် နောင်တော်ကိုလုပ်ကြံသည်။တတိယအကြိမ်အောင်စွာငယ်ကိုသတ်လေသည်။
စတုတ္ထအကြိမ်အနန္တသူရိယကိုစီရင်သည်။ပဥ္စမအကြိမ် အနန္တသူရိယကိုစီရင်သည့်အာဏာသားတို့အားအမတ်ကြီး၏စာအလင်္ကာကိုမသတ်ခင်ကဆက်ကောင်းလျှက် ၊
သတ်ပြီးမှဆက်ရသလောဟုဆိုကာသုတ်သင်သည်။ဤသို့လျှင် အချိန်ကာလအနည်းငယ်
အတွင်းအကွက်အမြက်အစီအရင်များပြားလွန်းလှသောနရပတိစည်သူမင်းကြီး၏ စိတ်
ရိုင်းစိတ်ကြမ်းကိုပင် ပျော့ပြောင်းသွားလောက်အောင် ပြုပြင်ပေးနိုင်စွမ်းသောအရာသည်
ကားအနန္တသူရိယအမတ်၏ စာအလင်္ကာပင်ဖြစ်တော့သည်။မင်းကြီးသည် စာအလင်္ကာ
ကိုဖတ်ရှုတော်မူရသည့်အချိန်မှစ၍ တအောင့်မေ့မေ့ တရှိုက်မက်မက် ဖြစ်ကာအမြက်ကို
လည်းချုပ်ရုပ်၊ဆည်းတားတော်မူသည့်အပြင် နောက်နောင်ငါအမြက်တော်ရှိ၍ သတ်စေ
ဟုအမိန့်ရှိသော်လည်းတစ်လ၊ငါးသီတင်းထား၍စစ်ကြောဘိ၊သေစေတန်မှသေစေ၊မသေ
တန်သူကိုလွတ်စေဟူ၍ပင် အမိန့်ချမှတ်ရှာခဲ့လေသည်။
ထို့နောက်လည်းကန်ချောင်း၊ဆည်မြောင်းပြုပြင်ခြင်း၊စေတီပုထိုးဆည်ခြင်း၊သိန်းဃို
(သီရိလင်္ကာ)မှရောက်လာသည့် ဆပဋထေရ် အမှူးရှိသောသံဃာငါးပါးနှင့် တကွပံ့သကူ
ထေရ်အစရှိသည်တို့အားဆည်းကပ်ခြင်းအမှုတို့ကိုဆက်လက်ပြုတော်မူလေခဲ့သည်။ဤ
ကားအနန္တသူရိယအမတ်ကြီးသေအံ့မူးမူးတွင် ရေးသားခဲ့သောအမြက်ဖြေလင်္ကာ၏
ကျေးဇူးတစ်ရပ်ပင်ဖြစ်ပါသည်။ထို့ကြောင့် လည်းဓါးသွားထက်ကလောင်သွားသည်ထက်
သည်ဟူ၍ ဆိုခဲ့ကြသည်မဟုတ်ပါလော......

ကိုးကား-သန်းဝင်းလှိုင် (မိုးမခ)

(DVB) Breaking: ဦးဆန်းဆင့်ကိုထောင် ၁၃နှစ်နဲ့ငွေတစ်သိန်း အမိန့်ချ
သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်ကိုနေပြည်တော် ဒက္ခိဏခရိုင် တရားရုံးကနေ
ထောင်ဒဏ် ၁၃ နှစ် နဲ့ငွေဒဏ်တစ်သိန်းချမှတ်လိုက်တယ်။ယုံကြည်အပ်နှံရေးဖောက်
ဖျက်မှုပုဒ်မ ၄၀၉နဲ့ထောင်ဒဏ် ၃ နှစ်အပြင် ဒဏ်ငွေတစ်သိန်းမဆောင်ပါကထောင်
(၁)နှစ်၊နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)နဲ့ ၁၀နှစ်ချမှတ်လိုက်တာဖြစ်ပါ
တယ်...။

No comments:

Post a Comment