လွှတ်တော်နှင့်လွှတ်တော်အမတ်များ၏အားနာည်းချက်များကိ
လွှတ်တော်ထဲသို့ ထဲထဲဝင့်
ဝင့်လေ့လာမှုမရှိပဲ ဝေဖန်ရေးသားကြသည်များနှင့်
ပတ်သက်ပြီးပြည်ထောင်စုလွှတ်တော်
နာယကကြီး သူရဦးရွှေမန်းက လွှတ်တော်သို့
အချိန်မရွေးလာရောက်လေ့လာနိုင်၊ဝေဖန်
အကြံပြုနိုင်ကြောင်း၊လိုအပ်မည်ဆိုလျှင်
တရားစွဲဆိုနိုင်ကြောင်း သြဂုတ်လ ၁ရက်နေ့က
ကြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး
ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြာလိုက်ပါသည်။
“အချိန်မရွေးလာပါ၊ဘာပဲဖြစ်ဖြစ်လာပြောပါ၊လိုအပ်မယ်ဆိုလျှင်
တရားစွဲဆိုလိုက်ပါဦး
ဥပဒေအရပဲဖြေရှင်းမယ်၊လွတ်တော်နဲ့ပါတ်သက်လို့
အချိန်မရွေးဝေဖန်အကြံပြုနိုင်ပါ
တယ်၊လွှတ်တော်မှာ လျှို့ဝှက်ထားလို့မရပါဘူး”ဟု၎င်းကပြောကြားသွားပါသည်။
ပြီးခဲ့တဲ့တစ်ပတ်က 7 Days အပတ်စဉ်ထုတ်ဂျာနယ်ပါ
“လွှတ်တော်အမတ်နဲ့ ဂုစဏ်သိ
က္ခာ”ဆောင်းပါနှင့် ယခုတစ်အပတ်
မဇ္စျိမဂျာနယ်ပါ ‘ကြက်မမတ်၊ခွေးအနတ်နဲ့လွှတ်
တော်’ ဆောင်းပါတို့နှင့်ပတ်သက်ပြီး
လွှတ်တော်ဘက်က မည်သို့တုန့်ပြန်ရန်ရှိသလဲဟူ
သည့် Street View ဂျာနယ်၏ မေးခွန်ကို
သူရဦးရွှေမန်းက ဖြေကြားရာတွင် ထည့်သွင်း
ပြောကြားခြင်း ဖြစ်သည်။
“လွှတ်တော်အနေနဲ့ကတော့ ဒါကိုလောလောဆယ်တုံ့ပြန်ဖို့
အစီအစဉ်မရှိသေးပါဘူး၊ဒါ
ကြောင့်မိုလို့သည်းခံလိုက်ကြပါ၊မီဒီယာကို
မီဒီယာနဲ့ပဲပြန်ပြောတာ ကောင်းပါလိမ့်မယ်၊
တုံ့ပြန်မှုရရှိပါလိမ့်မယ်” ဟုလည်း၎င်းကပြောကြာခဲ့ပါသည်။
ယခုကဲ့သို့ရေးသားဖော်ပြမှုသည် မည်သည့်အချက်များကို
မည်သို့သဘောမတူခြင်းဖြစ်သ
နည်း၊ဤသို့ရေးသားခြင်းအားဖြင့်
ကျန်မီဒီယာများပါ သိက္ခာကျနိုင်ပြီးမီဒီယာအား အ
ထင်အမြင်မှားနေသည့် ယခုအခြေအနေမျိုးတွင်
မီဒီယာအတွက် မည်သည့်အကျိုးဆက်
ဖြစ်သွားနိုင်သနည်းတို့ကို ထည့်သွင်းစဉ်စားသင့်ကြောင်း ၎င်ကပြောသည်။
“ဒိနေ့မီဒီယာတွေက နိမ့်ကျတဲ့သဘောမျိုးရှိတယ်၊အခုလိုမမှန်မကန်
ethic မရှိပဲနဲ့ဆိုရင်
ပျန်တဲ့မီဒီယာသမားတွေပါ ထိခိုက်နိုင်တယ်၊တကဉ်လို့
ရေးတဲ့သူက အမည်ခံပြီးရေးတယ်
ဆိုရင် ဒီကိုလာပြီး ပြောလိုက်ပါ၊
သူ့ကိုရှင်ူပြလိုက်ရုံပဲ” ဟု၎င်းကပြောသည်။ထို့အပြင်
“သတင်းမီဒီယာတွေကို ကိုယ်တိုင်က
လေးလေးစားစား ချစ်ချစ်ခင်ခင်ဆောင်ရွက်သွား
###############################

No comments:
Post a Comment