မြန်မာပြုပြင်ကြောင်းလဲရေးလုပ်ငန်းစဉ်တွေနောက်ကြောင်းပြန်လှည့်ဖို့
မရှိဘဲရှေးဆက်
သွားဖို့ပဲရှိတယ်လို့ သမ္မတဦးသိန်းစိန်ကအမေရီကန်နိုင်ငံခြားရေးဝန်ကြီးကိုပြောကြား
လိုက်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့
နေပြည်တော်ကိုရောက်ရှိနေတဲ့ နိုင်
ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့
သမ္မတတို့ သြဂုတ်လ ၉ ရက်နေ့မနပ်ပိုင်းက ၁နာရီခွဲကြာ
တွေ့ဆုံဆွေးနွေးမှုအတွင်းသမ္မတဦးသိန်းစိန်ကပြောကြားခဲ့တာဖြစ်ပါတယ်။သမ္မတနဲ့
အမေရီကန်နိုင်ငံခြားရေးဝန်ကြီးတို့
တွေ့ဆုံမှုအပြီးပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ
သမ္မတကြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က
“နိုင်ငံတော်သမ္မတကြီးအနေ
နဲ့ မြန်မာနိုင်င်ငံမှာဆောင်ရွက်နေတဲ့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာနောက်
ကြောင်းပြန်လှည့်ဖို့မရှိပါဘူး။ရှေးကိုဆက်သွားဖို့ပဲရှိပါတယ်။ဒီလိုရှေးဆက်သွားဖို့လည်း
အမေရိကန်အပါအဝင် နိုင်ငံတကာကပါဝင်ပူးပေါင်းဆောင်ရွက်သွားဖို့လည်းပြော
ကြားခဲ့ပါတယ်”လို့ ဖြေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဂျွန်ကယ်ရီကမြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစင်
တွေကိုချီးကျူးပြောဆိုခဲ့ပြီးပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာရင်ဆိုင်နေရတဲ့
စိန်ခေါ်မှု
တွေကိုကူညီဖြေရှင်းပေးမည်လို့လည်းသူကပြောပါတယ်။
သမ္မတကြီးဦးသိန်းစိန်နဲ့ အမေရီကန်နိုင်ငံခြားရေးဝန်ကြီးတို့ဟာရခိုင်ပြည်နယ်ပြဿနာ၊
ငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေအနေ၊မြန်မာ့လူ့အခွင့်အရေးအခြေအနေနဲ့
မီဒီယာသမား
တွေဖမ်းဆီးခံနေရမှုကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။
အမေရီကန်နိုင်ငံခြားရေးဝန်ကြီးဟာနေပြည်တေည်
အာဆီယံထိပ်သီးအစည်းအဝေးပွဲ
တက်ပြီးသြဂုတ် ၁၀ရက်မှာ ရန်ကုန်ကိုသွားရောက်ဖို့ရှိပြီးဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံမှာဖြစ်ပါတယ်။အဲဒီနောက်
ရန်ကုန်မြို့မှာသူ့ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းစာ
ရှင်းလင်းပွဲပြုလုပ်ပြီးမြန်မာပြည်ခရီးစဉ်
အဆုံးသတ်မှာဖြစ်ပါတယ်။
ဂျွန်ကယ်ရီမြန်မာပြည်မလာခင်ကအမေရိကန်ကွန်ဂရက်အမတ်
၇၀လောက်စုပေါင်းပြီး
မြန်မာ့အရေးဆွေးနွေးစေလိုတာတွေသူ့ဆီစာရေးပေးပို့ထားခဲ့ပြီးဒီနေ့
သမ္မတဦးသိန်းစိန်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment