Twitter Bird Gadget

Tuesday, August 12, 2014

မြန်မာပြည်၏အဖိုးတန်ဒေသများ


(၁)ရန်ကုန်တိုင်း

ရန်ကုန်တိုင်းသည် မြန်မာနိုင်ငံရှိ ဧရိယာအားဖြင့် ၃၉၂၇ စတုရန်းမိုင်ကျယ်ဝန်းသည်။ တိုင်းနှင့်ပြည်နယ် ၁၄ခုတို့တွင်အကျဉ်းဆုံးဖြစ်ပြီးလူနေအထူထပ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင်တည်ရှိတည်ရှိပြီး ပဲခူးတိုင်း ဧရာဝတီတိုင်းနှင့် မုတ္တပင်လယ်ကွေ့တို့ဖြင့် ဝန်းရံထားသည်။ တိုင်း၏ မြို့တော်ဖြစ်သော ရန်ကုန်မှာ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်လည်းဖြစ်သည်။

(၂)မန္တလေးတိုင်း
မန္တလေးတိုင်းသည် ၁၄၂၉၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်တည်ရှိတည်ရှိပြီး ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ဖြင့် ဝန်းရံထားသည်။ တိုင်း၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံး မင်းများ စိုးစံခဲ့သော မြနန်စံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ံခဲဲ့သော ပုဂံမြို့ဟောင်းနှင့် လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော်ဒေသမှာလည်း မန္တလေးတိုင်းတွင်း၌ တည်ရှိသည်။
(၃)မကွေးတိုင်း
ြမြန်မာနိုင်ငံအလယ်ပိုင်း ၊ မြောက်လတ္တီကျု ၁၈ ံ ၅၀' နှင့် ၂၂ ံ ၄၇' ကြား ၊ အရှေ့လောင်ဂျီကျု ၉၃ ံ ၄၇' နှင့် ၉၅ ံ ၅၅' ကြားတွင် တည်ရှိပြီး ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မကွေးတိုင်းသည် ၁၇၃၀၅ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းကြီး (၇) တိုင်းတွင် အကျယ်ဝန်းဆုံး ဖြစ်သည်။
(၄)ပဲခူးတိုင်း
ပဲခူးတိုင်းသည် မြန်မာနိုင်ငံ၏ တိုင်းကြီးခုနှစ်တိုင်းတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထင်ရှားသည့် ဘုရင့်နန်းတော်ကြီးများ ရှိခဲ့သည့် မြို့ဆိုလျှင်လည်း မမှားပေ။ အထူးသဖြင့် ကမ္ဘောဇသာဒီနန်းတော်သည် ယနေ့တိုင် နိုင်ငံခြားသားများကို စွဲဆောင်ပေးနေသည့် ရှေးဟောင်းနန်းတော်တစ်ခု အဖြစ် ထင်ရှားလျက်ရှိသည်။ထို့အပြင် တူးဖေါ်ခြင်းမရှိသေးသည့် ရှေးမွန်ခေတ် နန်းတော်ရာများရှိဦးမည်ဟု ခန့်မှန်းရပါသည်။
(၅)စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်းသည် ၃၆၅၃၄ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်း ၇ တိုင်းတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး မကွေးတိုင်း မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။
(၆)တနသာင်္ရီတိုင်း
တနင်္သာရီတိုင်းသည် ၁၆၇၃၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည် တောင်ပိုင်းတနင်္သာရီ ကမ်းမြှောင်ဒေသတွင်တည်ရှိပြီး၊ လူနေကျဲပါးသော ဒေသလည်းဖြစ်သည်။ အက်ဒမန်ပင်လယ်၊ ထိုင်းနိုင်ငံ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။
(၇)ဧရာဝတီတိုင်း
ဧရာဝတီတိုင်းသည် ၁၃၅၆၈ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင်တည်ရှိတည်ရှိပြီး ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တပင်လယ်ကွေ့တို့ဖြင့် ဝန်းရံထားသည်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ စိုက်ပျိုးရေး အလွန်ကောင်းမွန်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဟုလည်း ခေါ်ဆိုကြသည်။

                             ###############################

No comments:

Post a Comment