Twitter Bird Gadget

Tuesday, August 12, 2014

စိတ်ပိုင်းဆိုင်ရာ ဒဿများ


၁။ သင်ဟာ ဘယ်လောက်ပဲ သန်မာ၊ ရင့်ကျက်သူပဲ ပြောပြော၊ သင့်ကို အားနည်းသွားအောင် ပြုလုပ်နိုင်စွမ်းသူကတော့ လောကမှာ ရှိစမြပါပဲ။

၂။ ဆိုရှယ်ကျကျ မနေထိုင်သူ အချို့ဟာ အမှန်တော့ ဟန်ဆောင် အပြုံးနဲ့ ဟန်ဆောင် မာယာ ဒရာမာ များ ကို မနှစ်သက် မလိုလားသူများ ဖြစ်ပါတယ်။

၃။ မိမိကိုယ်ကိုယ် မိမိသာ ပျော်ရွှင်ဖို့ တာဝန်ရှိပြီး ဒီအတွက် သူတစ်ပါးကို ကူညီ ရှာဖွေ ဖန်တီးခိုင်းနေရင် ပိုလို့သာသ စိတ်ညစ်သွားပါ လိမ့်မယ်။

၄။ သင်လိုအပ်တယ်လို့ ထင်ခဲ့တဲ့သူကို အမှန်တကယ်တော့ မလိုအပ်တော့ဘူးလို့ သိလိုက်ရပြီး ဖယ်စွန့်ခွာ လိုက်တဲ့ အချိန်မှာ အပော်ရွှင်ဆုံး ခံစားချက် တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။

၅။ ၇၀ ရာခိုင်နှုန်းသော လူတွေဟာ အတိတ် အတွက် နောင်တ မရကြ ပါဘူး။ ကောင်းကျိုးမရှိတဲ့ လူတွေနဲ့ အချိန်ဖြုန်းလိုက်ရလေခြင်း ဆိုတဲ့ နောင်တ မျိုးသာ ရှိတတ်ကြ ပါတယ်။

၆။ သင် ဒါမျိုး အခွင့်အရေး နောက်တစ်ခါ မရဘူးလို့ သိလိုက်တဲ့ အချိန်မှာ ဘဝဟာ ပိုလို့ အဓိပ္ပါယ်ရှိနေ တတ်ပါတယ်။

၇။ မိမိကိုယ်ကို မိတ်ဆွေဖွဲ့ပြီး နေတတ်သူတွေဟာ ဘယ်တော့မှ အထီးမကျန် ပါဘူး။

၈။ ခွင့်လွတ်ပေးလိုက်ပါ။ သူတို့ဟ ခွင့်လွတ်ခြင်းနဲ့ မထိုက်တန် ရင်တောင်မှ မိမိဟာ ငြိမ်းချမ်းမှုနဲ့ ထိုက်တန်လို့ ဖြစ်ပါတယ်။

၉။ အထီးကျန်မှုဆိုတာ တစ်ယောက်တည်းရှိနေတာကိုမှ မဆိုလို ပါဘူး။ မိမိနဲ့ မပေါင်းသင့် မပေါင်းအပ်သူတွေနဲ့ ဝန်းရံ နေထိုင်နေမှုကလည်း အထီးကျန်ခြင်း တစ်မျိုး ဖြစ်ပါတယ်။

၁၀။ အင်မတန် ရက်ရော ပြူငှာ၊ အားနာ တတ်သော သူများဟာ တုံ့ပြန်မှုများကို ပိုလို့ ထိရှ၊ ခံစားလွယ် ပါတယ်။

                                      $$$$$$$$$$$$$$$$$$$$$$$$$$$$$$$

No comments:

Post a Comment