တို့မြန်ပြည်က ပြည်သူတွေမယ်
လယ်ပျောက်ယာပျောက်
နေစရာတွေပျောက်
နယ်လှည့်ကျွန်ဘဝရောက်….။
လုပ်စားတော့မိုးခေါင်
ခိုးစားတော့ခွေးဟောင်
အမောင်တောင်မှန်မြောက်မှန်မသိ
ရှိသမျှမြေကွက်သီးနှံထွက်လည်း
လုယက်တဲ့စစ်ခွေး သိမ်းဆည်းတဲ့ဘေး
အရေးပိုပိုတရားဆွဲဆိုလည်း
ဆီယိုပေါက်ဥပဒေ ကျူးကျော်မြေမို့
အခြေမခိုင် တရားမနိုင်ခဲ့
ခွေယိုင်ကာလဲ…အိုလူ့ငမွဲ..။
လူတွေသာ ဒုက္ခအသွယ်သွယ်
ပေါ်နေကြသည်မဟုတ်
တောတွင်းခိုမှီ ဘုန်းတော်ကြီးတွေလဲ
ပူမီးအဝဝကြုံနေရပြီ
ကျောင်းကနှင်ချ ထောင်တွေချ
အတင်းအဓမ္မ လူဝတ်လဲခိုင်း
သိမ်ဖျက်တဲ့အလုပ်ဇွတ်ကိုလုပ်တော့
ဗုဒ္ဓဘာသာမှ ဟုတ်ပါလေစ….။
မြင်မြင်သမျှ သင်္ခါရလို့
ဖြေကြပါလည်း စိတ်ထဲမှာထုံး
မြို့သုန်းရွညသုန်း လူညွှန့်တုံးအောင်
ယူကျုံးမရ အပုလုံးကြွတဲ့
သုညဘဝမှာ ဖြစ်လာရပေ
ပြည်သူတွေမှာဘယ်လိုနေလို့
ဘယ်လိုသေရပါ့
ပြောပြစမ်းပါ အို..လူကြီးမင်းအစိုးရတို့…။
###########################
No comments:
Post a Comment