Twitter Bird Gadget

Wednesday, August 20, 2014

အာဇာနည်သွေး




ဒေါ်အောင်ဆန်းစုကြည်...
ခင်ဗျားတရားလွန်ပြီနော်....
ဆယ်စုနှစ်တွေအများကြီးဒီလောက်
ယုတ်မာခဲ့တာတောင် ပြုံးပြုံးကြီး
လက်ဆွဲနှုတ်ဆက်နိုင်သေးတယ်....အံ့ရောဗျာ...
ကျုပ်သာဆိုလျှင် ပါးထရိုက်တယ်....။
၈၈ မတိုင်ခင်ကခင်ဗျားရဲ့အတိတ်...
ကျုပ်တို့စိတ်မဝင်စားဘူး..အဲဒါခင်ဗျာကစ္စပါ....
ဘယ်သူ့ယူယူ၊ဘယ်သူ့မွေးမွေး..
ကျုပ်တို့အတွက် အရေးမကြီးဘူး...
ခင်ဗျားအမေနေမကောင်းလို့ ပြန်လာတဲ့အထိ
ကျုပ်တို့နဲ့မဆိုင်ဘူး
၁၉၈၈ သြဂုတ်လ ၂၄ရက်နေ့
ရန်ကုန်ဆေးရုံကြီးသပိတ်စခန်း
ရွှေတိဂုံအနောက်ဘက်မုဒ် အဲဒီကစခဲ့တဲ့ဇာတ်လမ်း
ခင်ဗျားရဲ့ပထမခြေလှမ်း...
အဲဒါ ကျုပ်တို့အတွက် နိဒါန်းပဲ...
အဖေ့သွေးမို့မနေသာလို့ပဲလုပ်လုပ်...
ဇာနည်သွေးမို့ခေါင်းမရှောင်ချင်လို့ပဲလုပ်လုပ်..
ကျုပ်တို့အတွက်မဟုတ်ခဲ့ရင်..
အခုလောက် လေးစားမှာမဟုတ်ဘူး....။
၁၉၈၈ စက်တင်ဘာ ၂၄ မှာသန္ဓေတည်....
စက်တင်ဘာ၂၇ မှာတရားဝင်ခဲ့တဲ့ NLD..
ကျုပ်တို့အတွက် မဟုတ်ရင်လည်း
အခုလောက်အားပေးနေမှာမဟုတ်ဘူး..
ခင်ဗျားလျှောက်ရမဲ့လမ်းကြမ်းနေမှန်းသိပါရက်နဲ့
အရဲစွန့်နောက်မတွန့်ခဲ့တဲ့ စိတ်ဓာတ်ကိုတော့
အစဉ်ဦးညွှတ်လျက်ပါ။

မဝတဥက္ကဌဗိုလ်ကြီးမြင့်ဦး....
ခင်ဗျားဆီကိုသူလာတော့ ကြိုဆိုခဲ့ပုံလေး
သတိရသေးတယ်ဗျာ....
ပန်းမပွင့်တဲ့သေနပ်တွေနဲ့ ထိုးချိန်ပြီး
ရှေ့တိုးရင်ပစ် လို့ခင်ဗျားပြောချိန်မှာသူ့မျက်နှာကိုခင်ဗျာတွေ့လား....
ဘာမထီတဲ့ မျက်နှာပေးနဲ့ကြည့်နေတာလေ
အဲဒါအာဇာနည်ဗျ.....
ချွေးပြန်နေတဲ့ ခင်ဗျားတောင် သမိုင်းတရားခံဖို့ နဲနဲပဲလိုတော့တာနော်။
ကုလအတွင်းရေးမှူးချုပ် ပဲရက်ဇ်ဒီကွေးလျား
ခင်ဗျာကိုတော်တော်ကျေးဇူးတင်တယ်...
သူ့ကိုလွှတ်ပေးဖို့တောင်းဆိုတာကို
မြန်မာပြည်မှအပြီးထွက်ပေးမှ လွှတ်ပေးမယ်ဆိုတဲ့စကား....
ခင်ဗျားနားခါးချင်ခါးမျာပေါ့....
သူတို့ကအဲ့သလိုပဲမိုက်ရိုင်းတယ်ဗျ..။
နော်ဝေကနိုဗယ်ဖောင်ဒေးရှင်း
ခင်ဗျားတိုလည်းစိတ်မပျက်နဲ့...
ဆုကြေးငွေဒေါ်လာ ၁.၃ သန်းကို
ကျုပိတို့ရဲ့ပညာရေးနဲ့ကျမ္မာရေးအတွက် သူသုံးလိုက်ပြီ...
အခုကျုပ်တို့ ခင်ဗျာတို့ကိုမြင်ရပြီလေ။

ဦးသန်းရွှေ နဲ့ ဦးခင်ညွှန့်
ခင်ဗျာတို့သွားတွေ့ချိန်မှာ..
ပြုံးနေတဲ့ သူ့မျက်နှာကြောင့်
ကြက်သီးထခဲ့ရသေးတယ်ဆိုဗျ....
မကြောက်ပါနဲ့ဗျာ...သူက
ခင်ဗျားတို့ကိုဘာမှမလုပ်နိုင်ပါဘူး....
တခုပဲ......ခင်ဗျားတို့အိမ်မက်ကိုတော့
သူလာလာဖျက်လိမ့်မယ်ဗျ..။

ဦးစိုးအောင်...
မောင်ဝမ်းကွဲဆိုပြီးအိမ်ထဲတောင်မဝင်ရတာကို
အညှိုးကြီးနဲ့ အမှုဖွင့်နေသေးတယ်နော်....
ထောင်ဒဏ် ၇ ရက်နဲ့ ဒစ်ငွေ ၅၀၀
ကိုက်တာရွေးပြစ်ဒဏ်နှစ်ခုမှာ...
ထောင်ဒဏ်ကိုရွေးခဲ့တဲ့သူမ....
အမှုတောင်ဆိုင်းငံ့ဖြစ်သွားရတယ်လေ...။
မယှဉ်နဲ့လေသူကကျုပ်တို့ရဲ့ ခေါင်းဆောင်ဗျ။

ကြံ့ဖွတ်နဲ့ စွမ်းအားရှင်...
ခင်ဗျားတို့အကြွေးဒီပဲယင်းမှာရှိသေးတယ်...
သူ့တစ်ယောက်အတွက် ရင်းခဲ့ရတဲ့ ပြည်သူတွေ....
သူတော်တော်ကြေကွဲခဲ့ရတယ်...
သူရဲ့ယုံကြည်မှုနဲ့ မာနကိုတော့
မင်းတို့မထပါးနိုင်ပါဘူးကွ....
မင်းတို့မအောင်မြင်တာကံကောင်းတယ်မှတ်ပါ...
မဟုတ်ရင် အဲ့ဒီနေရာစစ်တလင်းဖြစ်ပြီ။
ကုလအတွင်းရေးမှူးကိုဖိအာနန်...
ခင်ဗျားစစ်ခွေးတွေကိုမယှဉ်နိုင်ပါဘူး...
ခင်ဗျားပြောတဲ့ လွှတ်ပေးဖို့စကားက
သူမကိုအကျယ်ချုပ်တနှစ်တိုးမယ်မှန်သိရင်
ခင်ဗျားမပြောလောက်ပါဘူး။

ဒေါ်စုရေ.........
ခင်ဗျားပြောတဲ့စကားနားထဲကမထွက်ဘူးဗျာ...
“အကောင်းဆုံးကိုမျှော်လင့်ထားရင် အဆိုးဆုံးအတွက်လဲပြင်ဆင်ထားပါ”တဲ့....
ဆွေးနွေးပွဲမအောင်မြင်တာတောင် ...
ကျုပ်တို့ကိုအားပေးလိုက်သေးတယ်..။

ရခိုင်နဲ့မိတ္ထီလာ....
ကုလား၊ဗမာအထိကရုဏ်ကိုရပ်တန့်စေမယ့် စကားတစ်ခွန်း...
“လူနဉ်းစုကိုအနိုင်မကျင့်နဲ့”ဆိုတာလေ....
လူထုရဲ့ဒေါသတွေပုံကျလာမှာကိုသိရက်နဲ့
ရင်းလိုက်ရတဲ့ယုံကြည်မှုတွေကိုကျုပ်နှမြောလိုက်တာ...
ခင်ဗျားအောင်မြင်ပါတယ်ဗျာ...
မဟုတ်ရင် အခုလောက်ဆိုစစ်ခွာသံကြားနေရပြီ....
အခွင့်အရေးသမားအချို့နဲ့ ၊ဦးနှောက်နဲတဲ့လူတွေကတော့
အခုအချိန်ထိဝေဖန်နေကြတုန်း။
တပ်ကုန်းကအဖိုးကြီးလို....
မြေမျိုမှာမကြောက်တဲ့ လူသားကို
အရေးတယူပြောနေတဲ့ ခင်ဗျားရဲ့မေတ္တာ
ကျုပ်ခံစားလို့ရပါတယ်။

ဗိုလ်ချုပ်ရေ....
ခင်းဗျားကိုတော့အားနာတယ်
ညံ့လွန်းတဲ့ကျုပ်တို့တွေကိုခွင့်လွတ်နော်
အခုထိမပြီးသေးတဲ့နိုင်ငံရေးမှာ
ဗိုလ်ချုပ်သမီးကိုအသုံးချမိပြန်ပြီ...
ရှက်လဲရှက်ပါတယ်ဗျာ...
‘အ’ လွန်းတဲ့ကျုပ်တို့တွေကို...
ဗိုလ်ချုပ်အားရမှညမဟုတ်ဘူး....
ဗိုလ်ချုပ်စိတ်နဲ့ဆိုအဆဲခံနေရလောက်ပြီ။

ဒါပဲဗျာ....
ခင်ဗျားကျမ္မာရေးဂရုစိုက်ပါ...
ခြေလှမ်းတိုင်းကကျုပ်တို့အနာဂါတ်တွေမို့...
ခင်ဗျားလဲလို့ မဖြစ်ဘူး....
ကိုယ်ချင်းမစာလို့တော့မဟုတ်ပါဘူးဗျာ...
ကျုပ်တို့ကအဲလောက်မစွမ်းလို့ပါ....
ခင်ဗျားရဲ့ စိဓါတ်နဲ့ ဝီရိယ
ခင်ဗျာရဲ့ မေတ္တာနဲ့ သီလ
ခင်ဗျားရဲ့ ပညာနဲ့လုံးလတွေကြောင့်
ကျုပ်တို့အသိအမှတ်ပြုကြတာလေးရှိတယ်ဗျ...
ကျုပ်တို့ရင်ထဲကအမြဲရေရွတ်နေတဲ့ နာမ်စားတခုပေါ့....
“ အမေ   တဲ့.....။

                                @@@@@@@@@@@@@@@@@

No comments:

Post a Comment