Twitter Bird Gadget

Wednesday, August 20, 2014

ဟားဗတ်တက္ကသိုလ်ရဲ့ စာကြည့်တိုက်နံရံပေါ်က ဆုံးမစာ ၂၀ ချက်



(၁)ဒီအချိန်မှာအိပ်ငိုက်နေလျှင် မင်းအိပ်မက်မက်လိမ့်မည်။ဒီအချိန်မှာကြိုးစားလျှင်
     မင်းအိပ်မက်ကိုအကောင်အထည်ဖော်နိုင်မည်။

(၂)ငါလစ်လျူခဲ့သောယနေ့သည်မနေ့ကနောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်း
     ခြင်းပင်။

(၃)အချိန်နောင်းပြီဟုထင်လိုက်သောအချိန်သည် အစောဆုံးအချိန်ဖြစ်သည်။

(၄)ယနေ့အလုပ်ကိုနောက်နေ့အထိမဆွဲပါနှင့်။

(၅)စာကြိုးစားချိန် ပင်ပန်းတာဟာတခဏပါ၊မကြိုးစားလိုက်ပါကတစ်သက်တာပင်ပန်း
    မှာပါ။

(၆)သင်ယူတာဟာအချိန်မရှိတာမဟုတ်ဘူး၊ကြိုးစားအားထုတ်မှုမထားချင်တာပါ။

(၇)စိတ်ချမ်းသာမှုကိုအဆင့်သတ်မှတ်ထားတာရှိချင်မှရှိလိမ့်မည်၊အောင်မြင်မှုမှာတော့ရှိ
     တယ်။

(၈)သင်ယူတာဟာလူ့ဘဝရဲ့အားလုံးမဟုတ်ပါ၊လူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းလေးကို
     တောင်မှ မအောင်မြင်နိုင်ဘူးဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။

(၉)မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကိုခံစားပါ။

(၁၀)သူများထက်ပိုစော၊ပိုကြိုးစားနိုင်မှ အောင်မြင်မှုအရသာကိုခံစားရမှာ။

(၁၁)ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ပါဘူး၊ဒါဟာကိုယ့်ရဲ့ပြည့်စုံသော
       ပင်ကိုယ်ထိန်းသိမ်းနိုင်စွမ်းအားနှင့် မလျှော့သောဇွဲလုံးလတို့မှရရှိလာတာပါ။

(၁၂)အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။

(၁၃)ဒီးနေ့ယိုသောသွားရည်သည်နောက်နေ့တွင်မျက်ရည်ဖြစ်နေလိမ့်မည်။

(၁၄)ခွေးလိုသင်ယူ၍ လူကြီးလူကောင်းလိုကစားပါ။

(၁၅)ဒီနေ့မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။

(၁၆)အနာဂါတ်ကိုရင်းနှီးမြုပ်နှံနေတဲ့သူဟာယခုလက်ရှိမှာသစ္စာရှိသူပါ။

(၁၇)ပညာရည်အဆင့်အတန်းဟာဝင်ငွေအဆင်အတန်းကိုကိုယ်စားပြုသည်။

(၁၈)တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။

(၁၉)အခုတောင်မှသင်၏ပြိုင်ဖက်သည် စာရွက်တွေအဆက်မပြတ် လှန်နေပြီ။

(၂၀)အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။


                    $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

No comments:

Post a Comment