Twitter Bird Gadget

Sunday, August 3, 2014

မြန်မာကိုတင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန် အမေရိကန်လွှတ်တော်အမတ် ၇၀ ကျော် တောင်းဆို


မြန်မာနိုင်ငံ၏ အခြေအနေသည် အဆိုးဘက်သို့နောက်ပြန် လှည့်နေသည့်အတွက်

 နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးဆိုးရွားရွားထိခိုက်လာနိုင်ကြောင်း မြန်မာအစိုးရကိုသတိပေးရန် အမေရိကန် ပြည်ထောင်စု၏နိုင်ငံခြားရေးဝန် ကြီးဂျွန်ကယ်ရီအား အမေရိကန်

လွှတ်တော်အမတ် ၇၀ ကျော်က ပြောကြားလိုက်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဂျွန် ကယ်ရီထံပို့သည့်စာတစ်စောင်တွင် ရီပက်ဘလေကန်နှင့်ဒီမိုက

ရက်တစ်ပါတီတို့မှ လွှတ်တော် အမတ်များက မြန်မာနိုင်ငံတွင် ဘာသာရေးအကြမ်းဖက်မှုများ ပျံ့နှံ့လာနေပြီး သမ္မတဦးသိန်းစိန်အစိုးရသည်။

 မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို မြှောက်ပင့်မီးထိုးပေးနေပုံရသည်ဟု   ဆို သည်။

ထို့အပြင် စစ်တပ်က တိုင်း ရင်းသား လူနည်းစုများကို အ ကြမ်းဖက်မှုများ၊ မကြာသေးမီက သတင်းသမားများကို ဖမ်းဆီး ထောင်ချမှုများနှင့်အခြေခံဥပဒေ ပြုပြင်ရန်လိုအပ်မှုများကိုလည်း စိုးရိမ်ကြောင်းပြောကြားသည်။

သမ္မတအိုဘားမားအစိုးရ အဖွဲ့က နိုင်ငံတကာတွင် အထီး ကျန်ဖြစ်နေသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် ၎င်းတို့၏    ထောက်ပံ့မှုများကို နိုင်ငံခြားရေးရာမူဝါဒအောင်မြင်မှုဟု ထည့်တွက်ခဲ့သော်လည်း  အဆိုပါလွှတ်တော်အမတ်များ၏ စာတွင် ၂၀၁၂ခုနှစ်အတွင်း မြန်မာကိုပြင်းထန်သောအရေးယူမှုများရုပ်သိမ်းခဲ့သည့်အတွက် အမေရိကန်လွှတ်တော်၏ စိုးရိမ်မှုများကိုပြသနေသည်။

မြန်မာအစိုးရ၏ နှိပ်စက် ညှဉ်းပန်းမှုများအတွက် အရေးယူ ပိတ်ဆို့မှုများချမှတ်ရန်နှင့် မြန်မာ အစိုးရက နောက်ထပ်လေးနက် သောတိုးတက်မှုများမရှိမချင်း အပေးအယူများ ထပ်မံမလုပ်ရန် လည်း သူတို့က တောင်းဆိုလိုက် သည်။

‘‘လွန်ခဲ့တဲ့သုံးနှစ်က ပြုပြင် ပြောင်းလဲရေးအစပိုင်းမှာ အမေရိကန်အနေနဲ့ သူတို့မြန်မာမူဝါဒပြန်ကြည့်ပြီး သုံးသပ်ခဲ့သလို အခုလည်း လတ်တလောဖြစ်ရပ်တွေ ကြောင့် အမေရိကန်မူဝါဒကို သုံးသပ်ဖို့လိုနေပြီ’’ဟု စာထဲတွင်ရေးသားထားသည်။

နေပြည်တော်တွင် သြဂုတ် ၁၀ ရက်၌ကျင်းပမည့် အရှေ့ တောင်အာရှနိုင်ငံများအာဆီယံ ဒေသအစည်းအဝေး   တက်ရောက်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီသည် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး မြန်မာခေါင်း ဆောင်များနှင့်ဆွေးနွေးရန်ရှိနေသည်။ ကြာသပတေးနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသော အမေရိကန် လွှတ်တော်အမတ်များ၏စာတွင် ထင်ရှားသောလွှတ်တော်အမတ် များဖြစ်သည့် ဒီမိုကရက်တစ်ပါတီ မှ    ဂျိုးခရောလီ၊  အမေရိကန် လွှတ်တော်နိုင်ငံခြားရေးရာကော် မတီအဖွဲ့ဝင်ရီပက်ဘလေကန်ပါ တီအမတ်   စတိချက်ဗို့တို့လည်း ပါဝင်သည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ရီပက်ဘလေကန် လွှတ်တော်အမတ်မက်ချ်မက် ကောနယ်လ်ကလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်   သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်နိုင်ရေးအခြေခံ ဥပဒေကို ပြင်ဆင်ခွင့်ပေးရန် တောင်းဆိုထားပါသည်။

                        >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

No comments:

Post a Comment