Twitter Bird Gadget

Wednesday, July 2, 2014

“၁၅၀၀အချစ်” နှင့် “၅၂၈မေတ္တာ”





1500 & 528 love definition formation in Burmese words
“၁၅၀၀အချစ်”နှင့် “၅၂၈မေတ္တာ”ဖြစ်လာပုံ
၁။၁၅၀၀ အချစ် (သမီးရည်စားအချစ်)ကိလေသာဆယ်ပါးကိုအခြေခံတယ်။အဲဒီကိလေ
သာစိတ်(၁၀)ပါးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁/လောဘ (တပ်မက်ခြင်း)
၂/ဒေါသ  (ကြမ်းတမ်းခြင်း)
၃/မောဟ  (တွေဝေခြင်း)
၄/မာန (ထောင်လွှာခြင်း)
၅/ဒိဌိ (မှားသောနှလုံးသွင်းခြင်း၊အယူရှိခြင်း)
၆/ဝိစိကိစ္ဆာ (အာရုံကိုမဆုံးဖြတ်နိုင်ခြင်း)
၇/ထိန (စိတ်၏မခန့်ခြင်း)
၈/ဥဒစ္စ  (စိတ်၏မငြိမ်သက်ခြင်း၊ပျံ့လွင့်ခြင်း)
၉/အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌မရှက်ခြင်း)
၁၀/အနောတ္ထပ္ပ (ကာယဒုစရိုက်ပြုရခြင်း၌မလန့်ခြင်း) ဤကိလေသာ(၁၀)ပါးကိုရုပ်စုစု
ပေါင်းနဲ့မြှောက်ရပါတယ်။ရုပ်စုစုပေါင်းဆိုတာက-လက္ခဏာရုပ်(၄)ခု+နိမ္ဗာန်နရုပ်(၁၈)ခု+
နာမ်(၅၃)ပါပေါင်းလိုက်ရင် (၇၅)ရပါတယ်။အဲဒီရုပ်စုစုပေါင်း(၇၅)ကိုကိလေသာ(၁၀)ပါး
နဲ့မြှောက်လိုက်တော့(၇၅၀)ရပါတယ်။                  
အဲဒီမှာမှ အဇ္စျတ္တသဏ္ဍာန်၊ဗဟိဒ္ဓသဏ္ဍာန်ရယ်လို့နှစ်ပါးရှိတဲ့အတွက် (၂)နဲ့ထပ်မြှောက်
တော့ ၁၅၀၀ ရတာပါပဲ။အတိုကောက်ကတော့ ဒီလိုလေးပါ -
ကိလေသာ(၁၀)ပါး*ရုပ်စုစုပေါင်း(၇၅)*၂=၁၅၀၀ အချစ်
၂။၅၂၈ မေတ္တာ (မိဘတို့၏အချစ်)မေတ္တာဆိုတဲ့အတိုင်းမေတ္တာပို့ရာမှာရှိသင့်ရှိအပ်တဲ့စိတ်
သဘာဝတစ်ခုပါပဲ။မေတ္တာပို့ရာမှာပုဂ္ဂိုလ်(၁၂)ယောက်ကိုပို့ပါတယ်။အဲဒါတွေကတော့-
၁/သဗ္ဗေသတ္တာ၊
၂/သဗ္ဗေပါဏ၊
၃/သဗ္ဗေဘူတာ၊
၄/သဗ္ဗေပုဂ္ဂလာ၊
၅/သဗ္ဗေအတ္တဘာဝပရိယပ္ပန္န ၊
၆/သဗ္ဗေတတ္ထိယော၊
၇/သဗ္ဗေပုရိသာ၊
၈/သဗ္ဗေအရိယာ၊
၉/သဗ္ဗေအနရိယာ၊
၁၀/သဗ္ဗေဒေဝါ၊
၁၁/သဗ္ဗေမနုဿာ၊
၁၂/သဗ္ဗေဝိနိပါနိကာတို့ဖြစ်ပါတယ်။
ဤပုဂ္ဂိုလ်(၁၂)ပါးကိုမေတ္တာ (၄)ပါးပို့ပါတယ်။ “အဝေရာဟောန္တု၊အဗျာဘစ္ဆာဟောန္တု၊
အနီဃာဟောန္တု၊သုခိအတ္တာနံပရိဟရန္တု”တို့ဖြစ်တယ်။အဲဒီတော့ (၁၂*၄=၄၈ ရပါတယ်)
ဒါကအရပ်မျက်နှာအမည်မတပ်ပဲ(မရည်မှန်းပဲ)ပို့တဲ့ “အနောဒိတ္တာ”မေတ္တာအပါးလို့ဆိုပါ
တော့။အဲဒါကိုမှ ထပ်ပြီးအရပ်မျက်နှာတွေနဲ့အမည်တပ်ပို့ပါတယ်။
အရပ်(၁၀)မျက်နှာရှိပါတယ်-အရှေ့၊အနောက်၊တောင်၊မြောက် ဆိုတဲ့အရပ်(၄)မျက်နှာ။အ
ထက်နဲ့အောက် (၂)မျက်နှာ။အဲဒီအရပ်မျက်နှာတပ် ရည်မှန်းမှု(၁၀)ခုနှင့် စောစောက(၄၈)
ကိုမြှောက်လိုက်တော့ (၄၈၀)ရပါတယ်။အဲဒီရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံးမရည်မှန်ပဲပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကိုထပ်ပေါင်းကြည့်လိုက်တော့ (၅၂၈)ရယ်လို့ဖြစ်လာပါ
တယ်။အတိုကောက်ကတော့ ဒီလိုလေးပါ-
ပုဂ္ဂိုလ်(၁၂)ယောက်*မေတ္တာ(၄)ပါး=၄၈
[မရည်မှန်းပဲပို့တဲ့ မေတ္တာပေါင်း](၄၈*အရပ်၁၀မျက်နှာ)+၄၈[မရည်မှန်းပဲပို့သောမေတ္တာ
အပါး]= ၅၂၈ မေတ္တာ

No comments:

Post a Comment