Twitter Bird Gadget

Thursday, May 1, 2014

အမျိုးသားတို့ကြက်သွန်ဖြူစားသုံးသင့်သော အချက်သုံးရပ်




အမျိုးသားတို့ ကြက်သွန်ဖြူစားသုံးသင့်သော အချက်သုံးရပ်မှာ ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာ
ရေးအတွက် ကောင်းမွန်တာမှန်ပေမယ့် အမျိုးသားတွေ စားသုံးလို့ ရရှိနိုင်တဲ့ သီးသန့်အကျိုးကျေးဇူးသုံး
မျိုး ရှိပါတယ်။

(၁)ဆီးကျိတ်ကင်ဆာ ကာကွယ်မှုပုံမှန်
ကြက်သွန်ဖြူစားသုံးခြင့်ကြောင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ကျစေနိုင်ကြောင်း လေ့လာတွေ့
ရှိထားပါတယ်။ကြက်သွန်ဖြူက ဆီးကျိတ်ကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေနိုင်ကြောင်း လေ့လာ
တွေ့ရှိမှုအများအပြားကဆိုပါတယ်။တရုတ်နိုင်ငံမှုပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အရ ကြက်သွန်ဖြူကို များ
များ စားသုံးတဲ့အမျိုးသားတွေက ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလျော့ကျနေကြောင်းသိရ
ပါတယ်။ကြက်သွန်ဖြူကို အစိမ်းလိုက်စားတာက ကင်ဆာကိုကာကွယ်ပေးတဲ့ ကောင်းကျိုးများ ရရှိစေ
ပါတယ်။

(၂)နှလုံးကိုကျန်းမာစေခြင်း
ကြက်သွန်ဖြူမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် အဖြစ် ကူးပြောင်းပြီးသွေးကြောတွေ
ကို အနားရစေကာ သွေးစီးတင်းမှုနဲ့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။လေ့လာမှုများအရ
ဟိုက်ဒရိုဂျင်ဆာလိဖဖိုက် က နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး နှလုံးရောဂါထမှု (Heart Attack) ကို ကာကွယ်ပေးကြောင်း သိရပါတယ်။ကြက်သွန်ဖြူ မစားတဲ့အမျိုးသားတွေနဲ့ ယှဉ်လျှင်
ကြက်သွန်ဖြူ စားသုံးတဲ့ သူတွေက သွေးကြောထဲမှာ သွေးခဲပိတ်ဆို့မှု ၅၀ ရာခိုင်နှုန်းနှေးကွေးကြောင်း
UCNA လေ့လ,မှုတစ်ရပ်မှ တွေ့ရှိထားပါတယ်။

(၃)အမျိုးသားကိစ္စ မစွန်းဆောင်နိုင်မှုကို ကုသပေးနိုင်ခြင်း
ကြက်သွန်ဖြူက တက်စတိုစတီးရုန်း ကျားဟော်မုန်း အဆင့်ကို တိုးစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ဒါအပြင် မစွမ်းဆောင်နိုင်မှုကို သက်သာစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို လှုံ့ဆော်
ပေးနိုင်ပါတယ်။

Good Health

No comments:

Post a Comment