Facebook စသုံးကတည်းကဘဘ တိုက်ပုံနဲ့ ခန့်ခန့်ညာညား ပုံကို မြင်ချိန်မှစ လေးစားကြည်ညိုမိပါတယ်။
မနေ့ က ဘဘ ကလေးငယ်တွေကို ရွာကနေ ၄မိုင်ဝေးတဲ့ ကျောင်းကို လမ်းလျှောက်မသွားရ အောင် ကားနဲ့ တင်ခေါ်လာတော့ ပိုပြီးလေးစားမိပါတယ်။တကယ်တော့ ဒီကလေးတွေအခုလို ရွာမှာ ကျောင်းမရှိဘဲ အဝေးကြီးခြေလျင် တက်နေရတာ အခုလို ဆင်းရဲချို့တဲ့ နေရတာ ဒေါ်စုကြောင့်ပါ။ သူထောင်ထဲမှာ နှစ်၂ဝကျော် ငွေတွေ မတရားသုံးခဲ့ ဖြုန်းခဲ့လို့ပါ။
နေပြည်တော်ကြီးကလည်း သူူမျက်စိနောက်တယ်လို့ဆိုပြီးအရမ်း ဆူလို့ဦးသန်းရွှေတို့မှာ ကြောက်လို့ နေပြည်တော်မှာဖြစ်သလိုလေးလာ နေကြရတာပါ။သူဖြုန်းတီးခဲ့လို့ခုလိုတိုင်းပြည် ဆင်းရဲရတာပါ။
ဘဘတို့ ကို အတင်းကြိုးကိုင်ပြီး ဘင်္ဂလီတွေ ၅သိန်း သွင်းခိုင်းတာလည်း သူပဲဆိုတာသိနေပါတယ်။သူအတင်းခိုင်းလို့ ဘပြောင်ခမျာ ပြည်သူနဲ့ တူတူ တစ်သားတည်း မုန့်ဟင်းခါးလေး ရောင်းပြီးနေမလို့ ကို မနေရဘဲ နှလုံးမကောင်းတဲ့ ကြားက သမ္မတလုပ်နေရရှာတာ စိ်တ်မကောင်းဖြစ်မိပါတယ်။
သူဘဝ တွေဖျက်ခဲ့လို့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတွေဆို ဒုက္ခတွေ ရောက်ပြီး ထမင်းရောင်းသူရောင်း ပန်းရောင်းသူရောင်းနဲ ့ ဘဝပျက် ကြရတာ။ အခုတော့ ပန်းတွေစျေး ကောင်းလို့ ဘဘတစ်ယောက်က ကော်ဖီဆိုင်လေး ဖွင့်နိုင်သွားပါပြီ။
ဟို ဘဘ တစ်ယောက်လည်း ပင်စင်ယူရင် ဆိုက်ကား နင်းမယ် ဆိုလို့ ရယ်လိုက်ရတာ အဲ သနားလိုက်ရတာ ဗိုက်တောင်နာပါတယ်
ဘဘရယ်။ သားလေ ဗဟုသုတရအောင် ဘဘရဲ့ ကြေးမုံ သတင်း စာကိုအမြဲဖတ်ပါတယ်။ ရယ်ရလွန်းလို့အကြည်တော်တောင် သိပ်မတိုးတော့ပါဘူး။
ကာတွန်းလေးတွေပြောတာပါ။ ဆောင်းပါးတွေကတော့ခန့်ခန့်ညားညားပါပဲ။
အမြန်လမ်းမှာ ကားတွေဘာကြောင့်မှောက်တယ်ဆိုတာ ဘဘတို့ သတင်းစာ ဖတ်လိုက်ရလို့ပေါ့ ။ မဟုတ်ရင်လမ်းမကောင်းလို့ ဘဘတို့ လာဘ်စားပြီး ဟို ပေါတောတောနေရဲမာန်ဆိုတဲ့ လူကြီးကို ကန်ထရိုက်ပေးလိုက်လို့ ဆိုပြီး ထင်မိဦးမှာ။
အခုမှ ကားသမားအိပ်ငိုက်လို့ နောက်မဖဲဝါတို့ ကြောင့်ဆိုတာ သိရပါတော့တယ်။
ဘဘက သားကျေးဇူးရှင်ပါ ။ အရင်က CivilMajor
နဲ့ ကျောင်းတက်ခဲ့ဖူးပါတယ် အဲ့ကျောင်းက သင်ပေးလိုက်တာက အိမ်ဆောက်တဲ့ ကွန်ကရစ် နဲ့ လမ်းခင်းတဲ့ ကွန်ကရစ် မတူူဘူးဆိုပဲ။ ဘဘပြောမှ ခင်းချင်တဲ့ဘိလပ်မြေ နဲ့ ခင်းလို့ရပြီး အိုဘားမား တို့တောင် ၃၀% ကိုကွန်ကရစ်ခင်းထားမှန်းသိရတာပါ။ မိုးရာသီဆို လယ်သမားတွေပင်ပန်းမှာစိုးလို့ ဘဘတို့ ကစေတနာနဲ့လယ်တွေသိမ်းပေးထားတာကိုလည်းအကောင်းမပြောကြဘူးနော်သိပ်မုန်းဖို့ကောင်းတာပဲ။ဥပုသ်ပါယူလို့ရအောင်ထမင်းတစ်နပ်ပဲ စားဆိုတာလည်းသီလ မြဲစေချင်လို့ ဆိုတာသိပါတယ်။
လက်ပံတောင်းမှာသံဃာတော်တွေ ကိုဆီမီးပူဇော်တာတော့လက်လွန် သွားတယ်နော်။နေတတ်ရင်ပျော်စရာပါ ဘဘရယ် မီးဆိုလည်း ခဏခဏ လာတယ်။
Connection ဆိုလည်း သည်းခံရလွန်းလို့ ခန္ဓီပါရမီ ပြည့်နေပါပြီ။
ဘဘတို့ရဲ့စေတနာကြောင့်ထင်ပါ။့
ဦးပိုင်ကုမ္ပဏီကြီးထောင်ပြီး ပင်စင်စားစစ်မှုထမ်းတွေကိုထောက်ပ့ံ ထားလိုက်တာ အခုဆို အောက်ခြေစစ်မှုထမ်းတွေဆို ချမ်းသာလိုက်တာကျိကျိတက်ပါပဲ။
လိုလေးသေးမရှိ ထားလွန်းလို့ တစ်ခါတစ်လေ ပျင်းရင် စာအုပ်လေးတွေပြက္ခဒိန်လေးတွေ လိုက်ရောင်းတမ်းတောင် ဆော့နေရပါတယ်။ ပျင်းလို့ပါ။
ဘဘတို့ အစီအမံတော် လို့ရန်ကုန်မှာBusတွေဆိုချောင်နေ တာပါပဲ။(စိတ်မရှည်လို့လမ်းဆင်းလျှောက်ကုန်တာ) ကားတွေလည်း သိပ်မတိုက်တော့ဘူး ( ရွေ့ မှမရွေ့ တာ) ၊
နောက်များမှာလည်းအားရင် အားသလို စာရေးလိုက်ပါဦး မယ် ဘဘရယ် ၊ အခုတော့ ဟို အဆိုတော်ကို အားကျလို့ ဘဘ တို့ ဘုန်းတော်ဘွဲ့ တွေစပ်ပြီး မြန်မာ့ အသံမှာဆိုရအောင် သင်တန်း သွားတက် လိုက်ဦးမယ်။ သေချာ ဂစ်တာတီးတတ်မှအားကျမခံအခွေ ထုတ်မယ်နော်။ လွှတ်တော်ဘဘရဲ့ သားတွေ ဧရာဝတီမှာ ဓာတ်မြေ သြဇာရောင်းသလို အဓမ္မရောင်း အဲ သေသေချာချာ ရောင်းပေး
Russia ပို့ပြီး Page တွေမှာလည်းကြေငြာပေးနော် .... ဘဘတို့ က စာသားတော့ ရှားမယ်နော် လက်ညိုှးထိုးစရာ ကောင်းကွက်မှမရှိတာ ဟဲ ဟဲ စတာပါ စတာပါ .....
နေပြည်တော်က လူယုတ်ကြီးတွေ အဲ စာလုံးပေါင်း မှားတာ လူရုပ်ကြီး တွေကိုလည်း သတိရကြောင်းပြောပေးနော်
..........
No comments:
Post a Comment