လူသားတွေရဲ့ဘဝကို တိုးတက်စေတာကေတာ့
ပညာရေးပါပဲ။ဒါကြောင့်လည်း ပညာရေး
ကိုအမြဲတစေ လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်တာတွေကို
ပြင်ဆင်ရပါတယ်။နိုင်ငံတကာ
နှာလည်းဒီလိုပါပဲ။ပညာရေးဥပဒေကို
တက္ကသိုလ်ဆရာများသမဂ္ဂက ကန့်ကွက်ပါတယ်။
ဒါကလည်းသူတို့အမြင်တွေပါ။တက္ကသိုလိတွေဟာ
လွတ်လပ်ရမယ်ဆိုတဲ့အချက်ကို
လက်ကိုင်စွဲထားကြပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတို့
၊ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့်
တို့၊ဦးနုတို့၊ဆရာကြီးမင်းသုဝဏ်တို့၊ဆရာဇေဂျီတို့ကို
မွေးထုတ်ပေးခဲ့တဲ့ ရန်ကုန်တက္က
သိုလ်ရဲ့ ပညာရေးမှာလည်း တစ်ချိန်ကလွတ်လပ်ခွင့်အပြည့်အဝ
မရခဲ့ပါဘူး။ဒါပေမဲ့အ
တန်အသင့်လွတ်လပ်ခဲ့ပါတယ်။ကျောင်းအုပ်ချုပ်ရေအဖွဲ့မှာ
ကျောင်းသာသမဂ္ဂက ရွေး
ချယ်ခံရတဲ့ ကိုယ်စားလှယ်တစ်ယောက်
သို့မဟုတ် နှစ်ယောက်ပါရပါတယ်။မိမိသင်လို့တဲ့
ဘာသာရပ် တွေကိုလည်း ရွေးချယ်သင်ယူခွင့်ရတယ်။ဆရာ၊ဆရာမများဟာလည်း
ပညာ
ရေးအပေါ်မှာသာ အလေးထားတယ်။ ပညာရေးအပေါ်
သစ္စာရှိကြတယ်။ပညာရေးဟာ
အင်မတန်သိမ်မွေ့ပါတယ်။သူ့အတွက်
လိုအပ်ချက်တွေအများကြီးပါပဲ။
ယနေ့မြန်မာပြည်ရဲ့ ပညာရေးဟာ အောက်ကျနောက်ကျရှိကြောင်း
ဒေါ်အောင်ဆန်းစု
ကြည်ကဗြိတိလျှပါလီမန်မှာ ပြောကြားခဲ့ပါတယ်။ဒါဟာလည်း
အမှန်ပါပဲ။ကျွန်တော်တို့
တက္ကသိုလ်ကျောင်းက ကျောင်းသားအများစုဟာ
မြန်မာစာတောင် ဖြောင့်အောင်မရေး
နိုင်ကြတော့ဘူးလို့ တွေ့နေရပါတယ်။ဒါကိုပြုပြင်ဖို့
လိုတာပေါ့။ ကျွန်တော်တို့ကျောင်း
တွေက ဘွဲ့ရတဲ့သူတွေဟာ သိပ္ပံနည်းပညာမှညလည်း
ဘာကိုမှစွမ်းဆောင်နိုင်စွမ်းမရှိ
ခဲ့တာတွေကို တွေ့နေရပါတယ်။ဒါလည်းအမှန်ပါပဲ။ကျွန်တော်တို့
ကမ္ဘာကြီးမှာ အသုံးချနေတဲ့ တီထွင်မှုတွေကို အနောက်တိုင်ကသာ အဓိကပြုလုပ်တာ များခဲ့ပါတယ်။
ဒါဟာလည်းသူတို့ရဲ့ပညာရေးနဲ့ တစ်ဦးချင်းစီရဲ့
ကြိုးပမ်းအားထုတ်မှုအပေါ်က ရလဒ်
များပါပဲ။သူတို့စာတွေဖတ်ကြတယ်။
ဇွဲနပဲနဲ့ အလုပ်လုပ်ကြတယ်။ဥပမာအားဖြင့် မဒမ်
ကျူရီဆိုရင် အင်မတန်ခက်ခဲတဲ့ အခြေအနေကိုရင်ဆိုင်ခဲ့ရတယ်။အဲဒီအချိန်က
ပြင်သစ်
ဆော်ဘွန်တက္ကသိုလ် (University
of Sorbonne) အမျိုးသမီးဆရာမ မရှိခဲ့ပါဘူး။
သုတေသနလုပ်ရတာကိုလည်း အားမရခဲ့ပါဘား။သူမဟာ
စက်မှုလုပ်ငန်းမှ စွန့်ပစ်ပစ္စည်း
တန် ၂၀ ကနေ ရေဒီယမ် တစ်ဒရမ်ကိုထုတ်ယူနိုင်ခဲ့ပါတယ်။ဒီရေဒီယမ်ဆိုတာ
သူမပေးတဲ့
နာမည်ပါ။ဒြပ်ပစ္စည်းအသစ်တွေ့တယ်၊အဏုမြူဓာတ်ပြုခြင်းကို
ပထမဆုံးတွေ့ရှိခဲ့သူဖြစ်
ပါတယ်။သူမဟာ ပထမဆုံးအမျိုးသမီးနိုဗယ်ဆုရှင်လည်း
ဖြစ်ခဲ့သလို ရူပဗေဒ ဘာသာ
ရပ်မှာတစ်ကြိမ် ဓာတုဗေဒဘာသာရပ်မှာ
တစ်ကြိမ် နိုဗယ်ဆု နှစ်ကြိမ် ရခဲ့တဲ့ ပထမဦးဆုံး
နိုဗယ်ဆုရသူလည်း ဖြစ်ခဲ့ပါတယ်။ဒီလိုကြိုးစားသူတွေ
တီထွင်သူတွေထဲမှာ သောမတ်စ်
အက်ဒီဆင်ကို စံပြုရတယ်။ဒါပေမဲ့
နောင်ပိုင်မှာ ဘီးလ်ဂိတ်တို့၊စတိဖ်ဂျော့ဘ် တို့ရဲ့ ကြံဆ
တည်ထွင်မှုတွေဖြစ်တဲ့ ကွန်ပျူတာတွေဟာလည်း
ကမ္ဘာလူသားတွေကို အင်မတန်အကျိုး
ပြုနနိုင်ခဲ့ပါတယ်။
ဒါတေါကို ကျွန်တော်တို့ အမှီလိုက်စရာတော့
မလိုသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာရှိ
တဲ့အခြေအနေနဲ့ လိုအပ်တဲ့ရှိရင်းစွဲ
ပညာရပ်တွေကို တိုးတက်စေဖို့ ပြုစုပျိုးထောင်ဖို့လို
တယ်။မကြာသေးမီကနယူးယောက်မှာ မြန်မာသူငယ်ချင်းတစ်ယောက်
လာရောက်လည်
ပတ်တယ်။ပညာရပ်တွေနဲ့ပါတ်သက်ပြီး
ဆွေးနွေးရင်းနဲ့ အမေရိကန်မှာပြောင်းရွှေ့နေထိုင်
ခွင့်ရသူ(DV ပေါက်တဲ့)မိသားစုအကြောင်းပြောပြတယ်။
အဲဒီမိသားစုမှာ နဝမတန်း
ကျောင်းတက်နေတဲ့ အမျိုးသမီးငယ်လေးပါတယ်။ဒီမိန်းကလေးဟာ
ဟိုရောက်တော့
လည်း နဝမတန်းကျောင်းနေခွင့် ရပါတယ်။ဒါပေမဲ့
ကျောင်းမှာမပျော်ဘူး။တစ်မှိုင်မှိုင်တစ်
ထွေထွေနဲ့ ဖြစ်နေတယ်။ အိမ်ကဘာဖြစ်လည်းမေးကြည့်တော့
ကျောင်းမှာဘယ်သူမှသူ့ကို
အဖက်မလုပ်လို့တဲ့။ အဓိကပြဿနာက သူပြောတညကို
ဟိုကနားမလည်၊သူတို့ပြောတာ
ကိုလည်း ဒီးကနားမလည်ဘူး။ဆက်ဆံရေးမှာ
ဒါကအခက်ဆုံးပဲ။ဒီတော့ သူငယ်ချင်းစ
တွေ့တော့ ကိစ္စမရှိပါဘူး ။နောက်ခြောက်လေလာက်မှာ
အဆင်ပြေသွားမယ်လို့ ပြောလိုက်
တယ်။တစ်ကယ်ပါပဲ။နောက်ခြောက်လလောက်မှာ
ကျောင်းသူကျောင်းသားတွေရော
ဆရာမပါ သူကိုလေးလေးစားစား ဆက်ဆံလာကြတယ်။အထူးသဖြင့်သူမဟာ
သင်္ချာဘာသာရပ်မှာထူးခွန်တယ်။သူဟာဘာမဆို စိတ်တွက်နဲ့ ပေါင်းနှုတ်မြှောက်စားလုပ်
လို့ရတာကိုး။မြန်မာပြည်က ကျောင်းသူကျောင်းသားတွေဟာ
တော်ကြပါတယ်.........။
သြစတြေးလျှ၊ အမေရိကန်၊ အင်္ဂလန်၊
ကနေဒါစတဲ့ ခေတ်မီ တိုးတက်တဲ့နိုင်ငံတွေကို
ရောက်နေတဲ့ မြန်မာဆရာဝန်တွေလည်း
အများကြီးပါ။ အဲဒီမှာအမှတ်တွေကောင်း၊
နာမည်ကောင်းတဲ့ လူတော်တွေအများကြီးပါပဲ။သူတို့ဟာ
မြန်မာ့ပညာရေးနဲ့ ကြီးပြင်းလာ
ပြီး မြန်မာပြည်က ဆရာဝန်ဘွဲ့ရယူထားသူတွေပါပဲ။
ဒီအတိုင်ပါပဲ အင်ဂျင်နီယာတွေ၊ဓာ
တုဗေဒပညာရှင်တွေ၊ရူပဗေဒပညာရှင်
စတဲ့ မြန်မာတွေဟာလည်း မြန်မာပြည်က ဘွဲ့ရပြီး
တိုးတက်လာကြတာပါပဲ။ ဒါဆိုရင် ပြည်တွင်းမှာ
ကျန်နေတဲ့သူတွေရော၊သူတို့ဟာလူမှုရေ
ဘာသာရပ်တွေ ၊သမိုင်းဘာသာရပ်တွေ၊
ပထဝီဝင်ဘာသာရပ်တွေ စတဲ့ဝိဇ္ဇာဘာသာရပ်
တွေမှာလည်း ထူးချွန်ပြောင်မြောက်အောင်
လေ့ကျင့်သင်ကြားပေးလို့ ရပါတယ်။ အလေ့
အကျင့်လုပ်ပေးတဲ့ ဆရာတွေနဲ့ ပညာရေးစနစ်ကတော့ အမှန်အရေးကြီးလိုအပိတယ်။
ခုတစ်လော ဘက်စုံထူးချွန်လူငယ်တွေအကြောင်း
သတင်းစာတွေထဲမှာ ပါလာတယ်။
လူရည်ချွန်တွေပေါ့၊ ပုဂံရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေမှာ
စခန်းချသွားလာနေကြတာကို
တွေ့ရတယ်။တစ်ချို့ကတော့ ဒီလိုလူရည်ချွန်တွေဟာ
တစ်ကယ်ထူးချွန်ရဲ့လားလို့ သံသ
ယရှိနေကြောင်း ပြောပါတယ်။ဒါလည်းမှန်နိုင်ပါတယ်။ဒါပေမဲ့
လူငယ်တွေကို
ပြုစုပျိုးထောင်ဖို့ နည်းမျိုးစုံလိုအပ်ပါတယ်။ဒီလိုချီးမြှင့်ပေးတာလည်း
ကောင်းပါတယ်။
တကယ်တော့ ကျန်တဲ့ကျောင်းသားတွေကိုလည်း
Excursion ခရီးထွက်တဲ့ပုံစံတွေကိုပြု
လုပ်ပေးဖို့လိုပါတယ်။မကြာသေးမီက
လူရည်ချွန်များတွေ့ဆုံပွဲ ကို ကျွန်တော်ရောက်သွား
ပါတယ်၊ကျွန်တော်လူရည်ချွန် မဟုတ်ပါ။
လူရည်ချွန်အစီအစဉ် စတင်ချိန်မှာ ကျွန်တော်
တက္ကသိုလ်ဆရာဖြစ်နေပါပြီ။အဲဒီမှာ
ချင်းအမျိုးသာ လူရည်ချွန်တစ်ယောက်ကို တွေ့ပါ
တယ်။သူဟာအသက် ၅၀ကျော်နေပါပြီ ။သူ့ကို
ကျွန်တော်မေးကြည့်ပါတယ်.. “လူရည်ချွန်အနေနဲ့ ဘယ်ကိုသွားဖူပါသလဲ”
“ငပလီလူရည်ချွန်စခန်းကိုပါ”
“အဲဒီသွားရတော့ အကျိုးရှိတယ်လို့
ယူဆပါသလား”
အကျိုးရှိပါတယ်..” ကျွန်တော်ကပင်လယ်ကိုတစ်ခါမှမမြင်ဖူးဘူး။ရေပြာပြာပင်လယ်ကြီးဟာ
ကျွန်တော့ကို
ဖမ်းစာတယ်၊ ဓာတ်ပုံတွေ ရိုက်တယ်၊ခရုတွေကောက်ပြီး
ပင်လယ်ရေကို ပုလင်းထည့်ပြီး
ပြန်ခဲ့တယ်။ ချင်းတောင်ရောက်တော့
ဓာတ်ပုံတွေကို ဧည့်ခန်းမှာချိတ်ထားတယ်။ချင်း
ကျောင်းသားတွေ ကျွန်တော့ဆီကိုလာရင်
ဒီမှာကြည့် ငပလီဆိုတာ ဒီမှာခရုတွေ၊ဒီမှာသူ
ငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ထားတာတွေ
ကြည့်ကြပါလို့ပြောတယ်။သူတို့က တို့လည်းလူ
ရည်ချွန်ဖြစ်ချင်ရင် ဒီလိုသွားရမယ်ဆိုပြီး
ကြိုးစားကြတယ်။ ကျွန်တော်တို့ ချင်းတောင်
တန်းက တော်တဲ့လူငယ်တွေ အများကြီးထွက်လာတယ်။”
သူပြောတာကို ကျွန်တော်သဘောကျပါတယ်
၊ဒီလိုအစီအစဉ်တွေကောင်းပါတယ်၊အထူး
သဖြင့် လူငယ်တွေအတွက် ခရီးစဉ်တွေ
စီစဉ်ပေးသင့်တယ်။ကျွန်တော်တို့ဟာ သိပ္ပံထူချွန်
တွေ မဖြစ်လာတိုင်သေးပေမယ့်...လူမှုထူးချွန်တွေတော့
ဖြစ်လာနိုင်သေးပါတယ်။ပညာ
ရေးဆိုတာ လူသားအကျိုးကြုသူတွေ Humanitarian
ဖြစ်လာစေဖို့ပါပဲ။
တစ်ယောက်ကိုတစ်ယောက် ဖေးမနိုင်ဖို့အတွက်ပါပဲ။အဓိကကတော့
လူသားမျိုးနွယ်စု
တွေကို အကျိုးပြုဖို့အတွက်ပါပဲ.............။
၂၀၁၄ ခုနှစ် အဌမတန်း ဘက်စုံပညာ
ထူးချွန်လူငယ်အပန်းဖြေစခန်း (ပုဂံ) ဖွင့်ပွဲအခမ်း
အနားကို ပုဂံရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေ
ရွှေဆွတော်ဘုရားအနီးတွင် ဧပြီ ၂၈ ရက်က
No comments:
Post a Comment