Twitter Bird Gadget

Thursday, April 10, 2014

NFC (Near field communication)


NFC ဆိုတာ Bluetooth, wifi တို့လို technology ပါ။
NFC Technology ကို ယနေ့နိုင်ငံတော်တော်များများမှာ တွင် ကျယ်စွာအသုံးပြုနေပါပြီ။
Visa, Master စသည့် credit/debit card company များလည်း credit/debit card များကို NFC Technology ထည့်သွင်းအသုံးပြုလာကြပါပြီ။ NFC ဟာ wifi ထက် ပိုမို secure ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ wifi range ကကျယ်ပြန့်ပါတယ်။ NFC ကတော့ မီလီမီတာ အကွာအဝေးမှာပဲ သုံးလို့ရပါတယ်။ ယခင်က card တွေကို စက်မှာ ဖြတ်ပြီးငွေရှင်းရပါတယ်။ NFC Technology အသုံးပြုထားတဲ့ကတ်တွေတော့ စက်ပေါ်မှာတင်ပြီး tap ရုံပါပဲ။ ရထားလက်မှတ် ကဒ်တွေမှာလည်း NFC တွေသုံးထားပါတယ်။ တချို့တိုင်းပြည်တွေက Train ticket တွေကို ဖုန်းကနေ NFC သုံးပြီး စစ်လို့ရပါတယ်။ အိမ်သော့ကတ် ရုံးကတ် ကျောင်းသားကတ် တော်တော်များများလည်း NFC သုံးနေပါပြီ။ အဲ့လို သုံးလို့ရတဲ့ ကတ်တွေကို contactless smart card လို့ခေါ်ပါတယ်။
Smart Phone တော်တော်များများမှာလည်း NFC တွေပါလာ ပါပြီ။ တချို့တိုင်းပြည်တွေမှာ ဖုန်းကနေ ငွေရှင်းသည့် စနစ်ကို စတင် အသုံးပြုနေပါပြီ။ Credit/debit ကတ်တွေရဲ့ information တွေ ဖုန်းမှာထည့်ပြီးအသုံးပြုနေတာပါ။ ဖုန်းကို NFC ဖွင့်ပြီး စက် မှာ tap ပေးရပါမယ်။ Google Wallet ဆိုတာလည်း NFC ကို အသုံးပြု ပြီးသုံးတဲ့ application ပါ။ Google Wallet ကို အမေရိကန်မှာ စတင်အသုံးပြုနေပါပြီ။ NFC အမျိုးအစား ၃မျိုးရှိပါတယ်။ Type A, Type B, FeliCa. FeliCa ကတော့ Japan မှာပဲ အများဆုံးအသုံးပြုပါတယ်။ Singapore က EZ link card (ရထားလက်မှတ်) တွေလည်း ဂျပန်က Sony FeliCa နည်းပညာသုံးထားပါတယ်။
NFC အသုံးပြုတဲ့ Devices တွေမှာ Active mode နဲ့ Passive mode ဆိုပြီး ၂မျိုးရှိပါတယ်။
NFC sticker တွေ tags တွေမှာပါတဲ့ NFC က passive mode ပါ။ passive mode ဆိုတာ information ပဲသိမ်းထားပါတယ်။ တစ်ခြား active device အကူအညီနဲ့မှာ သိမ်းထားတဲ့ information ကို ဖတ်လို့ရပါတယ်။ ဖုန်းတွေ က NFC ကတော့ active mode ပါ။ NFC Technology ကို ရုပ်ရှင်လက်မှတ် ဘာလက်မှတ် ညာလက်မှတ် လေယာဉ်လက်မှတ် ပတ်စပို့ စသည့်တွေအထိ အရာအားလုံး အသုံးပြုလို့ရပါတယ်။
ios မှာတော့ iphone 5s အထိ NFC မပါသေးပါဘူး။ iphone 6 မှာတော့ NFC ပါဖို့မျှော်လင့်ထားကြပါတယ်။
NFC Techonlogy အကြောင်း ကျွန်တော်သိ သလောက် ရေးလိုက်ပါတယ်။
video
a day with NFC techonlogy

No comments:

Post a Comment