Twitter Bird Gadget

Tuesday, April 8, 2014

ရှက်တတ်ပါ MPT

1MB တဲ့ telenor က ၊ Data Center ကို နှစ်လအတွင်းဆောက်တာတဲ့.........

အဲပွဲတက်တဲ့ဝန်ချီးတွေ.......... ရှက်တတ်ရင်ကွယ်.........

Telenor က ပထမဦးဆုံးအကြိမ်ဖုန်းခေါ်ဆိုစမ်းသပ်မှုအောင်မြင်မှုရ
================================
Telenor မှ ရန်ကုန်မြို့နှင့် ၂၂ကီလိုမီတာ ကွာဝေးသော စက်မှုဇုန်နေရာတစ်ခုတွင် Data Centre အားတည်ဆောက်လိုက်ပြီး ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုစမ်းသပ်မှု၊ဗီဒီယိုခေါ်ဆိုမှုနှင့်ဒေတာအသုံးပြုမှုတို့ကို စတင်သရုပ်ပြခဲ့ကြောင်းသိရသည်။
Telenor က ယခုစမ်းသပ်မှုတွင် 3G network စနစ်ကိုဖြင့်အသုံးပြုပြီး Huawei စမတ်ဖုန်းအသုံးပြုကာ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ တယ်လီနော၏ data centre မှ ရန်ကုန်မြို့ဗဟန်းမြို့နယ်တွင်းတည်ရှိသော တယ်လီနောမြန်မာ၏ ရုံးချုပ်သို့ ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ဖုန်းခေါ်ဆိုမှုသည် တယ်လီနော၏ 3G ကွန်ယက်ပေါ်မှ ပြုလုပ်ခြင်းဖြစ်ပြီး အသံဖြင့်ဖုန်းခေါ်ဆိုမှုအပြင် ဗွီဒီယိုဖြင့်ခေါ်ဆိုမှုကိုလည်း ပြုလုပ်ခဲ့သည်ဟုသိရသည်။
အဆိုပါဒေတာစင်တာအားသယ်ဆောင်ရလွယ်ကူသော ကွန်တိန်နာများဖြင့် တယ်လီနော်နှင့် Huawei ကုမ္ပဏီတို့မှ ကမ္ဘာ့ပထမဆုံး ရွေ့ပြောင်းရလွယ်ကူသောဒေတာစင်တာကို တီထွင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တာဝါတိုင်တစ်ခုကိုပါ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဒေတာစင်တာ ထားရှိသည့် နေရာကို လက်ရှိတွင်နေရာအတိအကျကိုထုတ်ပြောကြားခြင်းမခြင်းမပြုနိုင်သေးကြောင်း တယ်လီနော်၏စီအီးအို Petter Furberg ကပြောကြားသည်။
ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလိုင်စင်ရရှိပြီး ၂လတာကာလအတွင်းဒေတာစင်တာကိုတည်ဆောက်နိုင်ခြင်းမှာ တယ်လီနော် ကုမ္ပဏီ၏ သက်တမ်းကာလအတွင်း အမြန်ဆုံးဒေတာစင်တာတည်ဆောက်မှုတစ်ခုဖြစ်ကြောင်းသိရသည််။
လိုင်စင်ရပြီး ၈လအတွင်း မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို ပြည်သူများလက်အတွင်းသို့အရောက်ပို့ဆောင်သွားမည်ဖြစ်သည့်အတွက် တယ်လီနော်ဆင်းကဒ်များစတင်အသုံးပြုချိန်တွင် မိုဘိုင်းဆားဗစ်ဝန်ဆောင်မှုအားလုံးကို ၁၅၀၀ ကျပ်ဖြင့်အသုံးပြနိုင်မည်ဖြစ်သည်။(Voice Mail/MMS/Internet etc.)
မိုဘိုင်းဆင်းကဒ်များကို အကန့်အသတ်မရှိဖြန့်ဝေသွားမည်ဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုတွင် တာဝါနှင့်အဝေးဆုံးနေရာတွင် 1MB အထိအသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တွင်သာမက မန္တလေးမြို့တွင်ပါ ဒေတာစင်တာကို တည်ဆောက်သွားမည်ဖြစ်ပြီး ယခုလအတွင်းအပြီး သတ်တည်ဆောင်သွားမည်ဖြစ်သည်။
တယ်လီနော်၏ တစ်နိုင်ငံလုံးအတိုင်းအတာ ကွန်ယက်ဖြန့်ကျက်မှုကို ထောက်ပံ့ပေးမည့် core network ကို တည်ဆောက်ပေးသူမှာ Huawei ဖြစ်သည်။အခြားကွန်ယက်ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးသူမှာ Ericsson နှင့်အိန္ဒိယ အခြေစိုက် Wipro တို့ဖြစ်ပြီး ဆက်သွယ်ရေးအခြေခံ အဆောက်အအုံ ဖြစ်သော ဆက်သွယ်ရေးတာဝါ များကို တည်ဆောက်၍ စီမံခန့်ခွဲ သူများမှာ Apollo Towers နှင့် Irrawaddy Green Technology(IGT)တို့ဖြစ်သည်။
ဒေတာစင်တာများတည်ဆောက်ပြီးသည်နှင့် နက်ဝေါ့အတွက်မရှိမဖြစ်လိုအပ်သော Base Station များကိုလည်းဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း စီးအီးအို ပီတာက ပြောကြားခဲ့သည်။
ဓါတ်ပုံ-တယ်လီနော


No comments:

Post a Comment