Twitter Bird Gadget

Thursday, April 10, 2014

ကိုယ့် Facebook ထဲ က တန်ဘိုး ရှိတဲ့ အချက်အလက်တွေကို ကြိုတင်သိမ်းထားဖို့


Facebook Backup လုပ်နည်းအဆင့်အဆင့်....
သင့် facebook account ထဲက ဓာတ်ပုံတွေ.. ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါ သလား ....
Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့် အဆင့်ဆင့်ကို လေ့လာ ကြည့်လိုက်ကြရအောင်...
ပထမဆုံး သင့်အကောင့်ထဲ ဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...
အဲ့ဒီ အခါမှာ General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်... အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ Download a copy of your Facebook data. ဆိုတာကို တွေ့ရပါ လိမ့်မယ်... အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...
အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်... အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ် အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...
သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေး လိုက်ပါ... ပြီးရင် သင့်အချက်အလက် အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့ လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါ လိမ့်မယ်...
သင့်အချက်အလက်တွေ download ချဖို့ အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင် ရောက်လာပါလိမ့်မယ်... အဲ့ဒီမေးလ်ထဲက လင့်အတိုင်း သွားလိုက်ရင် သင့် personal အချက်အလက်တွေ အားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီ ဖြစ်ပါတယ်...

No comments:

Post a Comment