Twitter Bird Gadget

Wednesday, April 9, 2014

ပြည်ထောင်စုမြန်မာနိုင်ငံအလံကို အာကသသို့ယူဆောင်သွားခဲ့ဖူး



၁၉၆၆-ခု နိုဝင်ဘာလတွင် အမေရိကန်အာကာသယဉ် ဂျီမီနီ ၁၂ ကို လွှတ်တင်ခဲ့ပါသည်။
ထိုအာကာသယဉ်နှင့် လိုက်ပါခဲ့သော အာကာသယဉ်မှူး ဂျိမ်းစ်လိုဗယ် နှင့် အော်ဒရင်
(လပေါ်သို ဒုတိယခြေချသူ) တို့သည် ပြည်ထောင်စု မြန်မာနိုင်ငံအလံကို အာကာသသို့
ယူဆောင်ပေးသွားခဲ့ပါသည်။
ယူဆောင်သွားခဲ့ရသည့်အကြောင်းမှာ ……ထိုနှစ်တွင် ကုလသမဂ္ဂအထွေထွေအတွင်း
ရေးမှူးချုပ်အဖြစ် ဒုတိယအကြိမ် ပြန်လည်ခန့်အပ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံသား
ဦးသန့်အား ဂုဏ်ပြုသည့်အနေဖြင့် ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
သူတို့သည် ကမ္ဘာမြေသို ပြန်ရောက်လာသောအခါ ၁၉၆၆-ခု ဒီဇင်ဘာ ၇ရက် နေ့တွင်
သူတို့ယူဆောင်သွားသော အလံငယ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့်
လက်သို့ ပေးအပ်ခဲ့ပါကြောင်း ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါသည်။

No comments:

Post a Comment