ကမ္ဘာ့အလုပ်သမားနေ့သည် မေ ၁ ရက်တွင်ကျရောက်သဖြင့် မေဒေးနေ့ဟု ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံတွင် မေဒေးနေ့ကို ၁၉၃၈ ခုနှစ်ကပင် စတင်ကျင်းပခဲ့ပါသည်။ယင်းမေဒေးနေ့အခမ်းအနားများအနက်
၁မေ၁၉၄၆တွင်ကျင်းပသည့်အခမ်းအနားသို့ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်းလေ့လာတွေ့ရှိရပါသည်။ကမ္ဘာ့အလုပ်သမားနေ့
ကမ္ဘာ့အလုုပ်သမားနေ့သည် အမေရိကန်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ၇ အောက်တိုဘာ ၁၈၈၄ တွင် အမေရိကန်အလုပ်သမားညီလာခံကို ကျင်းပခဲ့ကြပြီး တစ်နေ့အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရေးအတွက် တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၁ မေ ၁၈၈၆ တွင် အမေရိကန်အလုပ်သမားထုတစ်ရပ်လုံးက စက်ရုံအလုပ်ရုံများ ပိတ်လိုက်ကြကာ သပိတ်မှောက်ခဲ့ကြသည်။ ယင်းနှစ် မေ ၃ ရက်တွင် ချီကာဂိုမြို့၌ ဆန္ဒပြအလုပ်သမားများကို ပုလိပ်များက အကြမ်းဖက်နှိမ်နင်းခဲ့ရာ အလုပ်သမားတို့ သွေးမြေကျခဲ့ရသည်။ ဤသို့ဖြင့် ၁၈၈၉ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့အလုပ်သမားအသင်းချုပ်၏ ဒုတိယညီလာခံတွင် ၁ မေ ၁၈၉၀ မှစ၍ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခြင်း ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို မြန်မာနိုင်ငံတွင် ၁ မေ ၁၉၃၈ ၌ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဗြိတိသျှအရင်းရှင်လက်အောက်ခံ ကိုလိုနီနိုင်ငံတစ်နိုင်ငံသာ ဖြစ်ပါသည်။ ယင်းမေဒေးနေ့အခမ်းအနားကို ရေနံချောင်းမြို့လယ်ပေါ် ကျောင်းတန်ဆောင်းအတွင်းရေနံမြေသပိတ်မှောက်အလုပ်သမားကြီးများက ဦးဆောင်ကျင်းပခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် နှစ်စဉ်နှစ်တိုင်း မေဒေးနေ့အခမ်းအနားများကို ကျင်းပခဲ့ကြသည်။ သို့သော် ဂျပန်ခေတ်ကာလ ၁၉၄၂-၁၉၄၅ ခုနှစ်များအတွင်း ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။ ၁၉၄၆ ခုနှစ် ကက် (စ်) ဘီခေတ်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့ကြသည်။၁၉၄၆ ခုနှစ် မေဒေးနေ့အခမ်းအနား
၁၉၄၆ ခုနှစ် မေ ၁ ရက်တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး ကန်တော်မင်ပန်းခြံ (ယခုကန်တော်မင်္ဂလာပန်းခြံ) အတွင်း၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားမှာ ဒုတိယကမ္ဘာစစ်ပြီးကာလ ပထမဆုံး ပြန်လည်ကျင်းပဖြစ်ခဲ့သည့် အခမ်းအနားလည်း ဖြစ်ပါသည်။
အခမ်းအနားကို နံနက် ၈ နာရီတွင် ကျင်းပမည်ဖြစ်ရာ ၈ နာရီမတိုင်မီကပင် ရန်ကုန်မြို့ရှိ အလုပ်သမားအဖွဲ့များ၊ အမျိုးသမီးအဖွဲ့၊ လူငယ်အစည်းအရုံး၊ စျေးသူစျေးသားများသမဂ္ဂအဖွဲ့ဝင်များ စသူတို့သည် မော်တော်ယာဉ်များ၊ မြင်းလှည်းများ၊ ဆိုုက်ကားများနှင့် အခမ်းအနားကျင်းပမည့် ကန်တော်မင်ပန်းခြံသို့ စည်းကမ်းသိမ်ဝပ်စွာဖြင့် တဖွဲဖွဲရောက်ရှိလာခဲ့ကြသည်။
ဘင်ခရာသံများ
ရပ်ကွက်အသီးသီးနှင့် ပြည်သူ့ရဲဘော်ဌာနချုပ်၊ စိန်ဂျွန်းသူနာပြုတပ်စသည်တို့က ဘင်ခရာများတီးမှုတ်ကာ ချီတက်ရောက်ရှိလာခဲ့ကြသည်။ မြို့သူမြို့သားများနှင့် တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်များ စုရုံးမိကြသောအခါ လူထုပရိသတ်ကြီးမှာ ကြီးမားလှသည့် အင်အားထုကြီး ဖြစ်သွားတော့သည်။
ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိလာခြင်း
မကြာမီ ကန်တော်မင်ပန်းခြံသို့ ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိလာခဲ့ရာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်များက အခမ်းအနားဖြင့် အရိုအသေပြုလိုက်ကြသည်။ ထို့နောက် အထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်းပကြပါသည်။ အလုပ်သမားအလံတော်ကို စိန်ဂျွန်းသူနာပြုတပ်ဖွဲ့က ဘင်ခရာတီးမှုတ် လွှင့်ထူလိုက်ကြသည်။ အလုပ်သမားအလံတော်မှာ တလူလူလွင့်လျက် တိုင်ထိပ်သို့ မြင့်တက်သွားသကဲ့သို့ လူထုပရိသတ်ကြီးကလည်း အရိုအသေပြု အလေးပြုကြပါသည်။
အခမ်းအနား ဖွင့်လှစ်ခြင်း
အလုပ်သမားအလံကို အလေးပြုပြီးနောက် ဒလသင်္ဘောကျင်းအလုပ်သမားများက အလုပ်သမားသီချင်းဖြင့် မေဒေးနေ့အခမ်းအနားကို စတင်ဖွင့်လှစ်လိုက်ပါသည်။ ယင်းနောက် အရင်းရှင်ကြီးများနှင့် အလုပ်သမားတိုက်ပွဲတွင် ကျဆုံးခဲ့ကြသည့် အလုပ်သမားများအား လူထုပရိသတ်က နှစ်မိနစ်ငြိမ်ကာ အရိုအသေပြုခဲ့ကြသည်။ ယင်းအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိအဖြစ်လည်းကောင်း၊ ဦးမြတ်သော်က အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း
အခမ်းအနားအစီအစဉ်အရ သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားခဲ့ပါသည်။ ယင်းသို့ပြောကြားရာတွင် အလုပ်သမားနေ့ကို မြန်မာပြည်တွင် စစ်ကြီးပြီးဆုံးချိန်၌ ပထမဆုံး ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း အစချီလျက် အမေရိကန်နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်က စတင်ပေါ်ပေါက်ခဲ့ပုံ၊ အလုပ်သမားများက အခွင့်အရေးတောင်းဆိုသောအခါ အရင်းရှင်များက ကျည်ဆန်ကိုအသုံးပြုပြီး အလုပ်သမားများအား နှိပ်စက်ညှဉ်းပမ်းကြပုံ စသည်တို့ကို ဦးစွာရှင်းလင်းပြောကြားခဲ့သည်။
သွေးစည်းညီညွတ်ရေး
ဗိုလ်ချုပ်အောင်ဆန်းက ကမ္ဘာ့အလုပ်သမားများ သွေးစည်းညီညွတ်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် "ငါတို့အလုပ်သမားတွေ သွေးစည်းညီညွတ်ကြရင် အရင်းရှင်တွေက ငါတို့အပေါ်မှာ ဘယ်လိုကြိုးတွေနဲ့ ချုပ်နှောင်ထားပေတဲ့ သင်းတို့ကြိုးတွေသာ ပြတ်သွားဖို့ရှိတယ်ဆိုပြီး နှိုးဆော်ကြတယ်။ ဒါကြောင့် ဒီကနေ့ဟာ ကမ္ဘာတစ်ခုလုံး အလုပ်သမားတွေသွေးစည်းဖို့ ကြွေးကြော်ကြတာပဲ။ အလုပ်သမားတွေဟာ များစွာအဖိုးတန်တဲ့ လူတန်းစားတွေပဲ" စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မိန့်ခွန်း နိဂုံး
ဗိုလ်ချုုပ်အောင်ဆန်းက သူ၏မေဒေးနေ့ အခမ်းအနားမိန့်ခွန်းကို "ကမ္ဘာ့အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို့လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ့ အင်အားညီညီညွတ်ညွတ်နဲ့ တောင့်ထားလိုက်နိုင်တယ်။ အလုပ်သမားအားလုံး ကမ္ဘာတစ်ဝန်းလုံးမှာ ညီညွတ်သွားမှလည်း ကမ္ဘာကြီးတစ်ခုလုံးရဲ့ တကယ့်ငြိမ်းချမ်းရေးအစစ်ကို ရနိုင်မယ်" ဟူ၍ အဆုံးသတ်ခဲ့ပါသည်။
အဓိဋ္ဌာန်သုံးရပ်
ထို့နောက် အတွင်းရေးမှူးဦးမြတ်သော်က ကမ္ဘာ့အလုပ်သမားနေ့ အဓိဋ္ဌာန်သုံးရပ်ကို တိုင်ပေးရာ လူထုပရိသတ်က လိုက်ဆိုကြပါသည်။ ယင်းအဓိဋ္ဌာန်သုံးရပ်မှာ (၁) ငါတို့သည် ကမ္ဘာ့အလုပ်သမားများအတွက် အသက်စွန့်သွားကြသော ရဲဘော်အလုပ်သမားများအား ချီးကျူးပါ၏။ လေးစားပါ၏။ အရိုအသေပြုပါ၏။ (၂) ငါတို့သည် အလုပ်သမားတို့၏ လုုပ်အားကို ကုန်ခန်းစေလျက် လူညွန့်တုံးစေသော အရင်းရှင်စနစ်ကြီး မပျက်မချင်း တပ်ပေါင်း၍ ဖြိုခွင်းရန် အဓိဋ္ဌာန်ပြုပါ၏။ (၃) ငါတို့အလုပ်သမားများသည်လည်းကောင်း၊ လယ်သမားများသည်လည်းကောင်း၊ ဗျပ်ထိုးခေါင်းရွက် ဆင်းရဲသား၊ နင်းပြားများသည်လည်းကောင်း ဆက်လက်သွေးစည်းကြရန် ဤမေဒေးတည်းဟူသော ကမ္ဘာ့လူထုနေ့မြတ်ကြီးတွင် ထပ်လောင်း၍ အဓိဋ္ဌာန်ပြုပါ၏" ဟူ၍ ဖြစ်ပါသည်။
အဆိုခြောက်ရပ်
ယင်းနောက် အဆိုတင်သွင်းသူနှင့် ထောက်ခံသူအသီးသီးက အဆိုခြောက်ရပ်ကိုတင်သွင်းကြရာ အများသဘောတူအတည်ပြုခဲ့ကြသည်။ အဆိုခြောက်ရပ်မှာ အကျဉ်းအားဖြင့် (၁) စစ်ကြီးပြီးစီးသွားပြီးနောက် အရင်းရှင်စနစ်အပေါ်အခြေစိုက်သည့် နယ်ချဲ့သမားအမေရိကန်နှင့် ဗြိတိသျှတို့၏ လုပ်ငန်းများကို ရှုတ်ချကြောင်း (၂) ကမ္ဘာ့နိုင်ငံ ၅၆ နိုင်ငံကိုယ်စားပြု ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်သည် ကမ္ဘာ၏ကံကြမ္မာဖန်တီးရာတွင် ပါဝင်သင့်ကြောင်း (၃) ဒလအလုပ်သမားများ၏ တောင်းဆိုချက်မှာ တရားသောတောင်းဆိုချက်များဖြစ်၍ အစိုးရကလိုက်လျောရန်နှင့် ယင်းသပိတ်ကို အလုပ်သမားတိုင်းက အစွမ်းကုန်ကူညီမည်ဖြစ်ကြောင်း (၄) ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်သူများကို ဖမ်းဆီးမှုအတွက် မေဒေးအင်အားပြပွဲကြီးက လေးနက်စွာ ကန့်ကွက်ကြောင်း (၅) လယ်သမားများ၏ တောင်းဆိုချက်များကို လေးနက်စွာထောက်ခံကြောင်း (၆) အလုပ်သမားညီညွတ်ရေးကို သွေးခွဲဖျက်ဆီးသူသည် အလုပ်သမားအပေါင်းတို့၏ ရန် သူသာဖြစ်ကြောင်း" ဟူ၍ ဖြစ်ပါသည်။
နိဂုံးချုပ်မိန့်ခွန်း
အဆိုခြောက်ရပ်ကို အတည်ပြုခဲ့ကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိနိဂုံးချုပ်မိန့်ခွန်းအနေဖြင့် စကားအနည်းငယ်ပြောကြားခဲ့ပါသည်။ ထို့နောက် စစ်ပြီးခေတ်တွင် ပထမဆုံး ပြန်လည်ကျင်းပခဲ့သည့် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ရန်ပုံငွေပစ္စည်းများ
ယင်းမေဒေးနေ့အခမ်းအနားတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံတစ်ပုံကို ငွေနှစ်ကျပ်ဖြင့်လည်းကောင်း၊ ဗိုလ်ချုပ်ဓာတ်ပုံပါ ရင်ထိုးတစ်ခုကို တစ်ကျပ်ဖြင့်လည်းကောင်း လှည့်လည်ရောင်းချကြရာ သူ့ထက်ငါ တိုးဝှေ့ဝယ်ယူခဲ့ကြသည် ဆိုပါသည်။
ကျမ်းကိုး
၁။ မြန်မာ့အလင်းသတင်းစာ (၃-၅- ၁၉၄၆)
၂။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပေါင်းချုပ်

No comments:
Post a Comment