Twitter Bird Gadget

Wednesday, April 30, 2014

ကွန်ပျူတာဗဟုသုတ လေ့လာသူတိုင်သိစေချင်



ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ဖျော်ဖြေရေးအတွက် ပါလွန်စွာအသုံး
ဝင်တွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်လာပါသည်။ကွန်ပျူတာနနှင့်ပတ်သက်
သော Software များ၊Hardware  များတွင်တွင်ကျယ်ကျယ် သုံးနေကြသော်လည်း လူ
သိနည်းသော ကွန်ပျူတာနှင့်ပတ်သက်သည့် အကြောင်းအရာများစွာရှိပါသေးသည်။

(၁)တစ်လလျှင် ကွန်ပျူတာ ဗိုင်းရပ်စ်(Virus)၆၀၀၀ ဝန်းကျင်ထွက်လျက်ရှိသည်။

(၂)ကွန်ပျူတာသုံးမောက်စ်(Mouse)ကိုစတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး
၁၉၆၄ ခုနှစ်က သစ်သားဖြင့်ဖန်တီးခဲ့သည်။

(၃)ကမ္ဘာ့ပထမဆုံး ဗိုင်းရပ်စ်ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအကိုနှစ်ယောက်တို့
ကစတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး A bood sector virus ဖြစ်သည်။တီထွင်ခြင်း၏ရည်ရွယ်
ချက်မှာ ၎င်းတို့၏သုတေသနလုပ်ငန်းများကို ကာကွယ်နိုင်ရန်အတွက်ဖြစ်သည်။

(၄)သာမန်လူတစ်ဦးသည် တစ်မီနစ်လျှင် မျက်တောင်အခါနှစ်ဆယ်ခတ်သော်လည်း
ကွန်ပျူတာအသုံးပြုသောအခါ တစ်မီနစ်လျှင် ၇ ကြိမ်သာမျက်တောင်ခတ်သည်။

(၅)Typewriter ဟူသောစာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံးရိုက်နိုင်သည့် စာလုံးဖြစ်သည်။

(၆)ရေဒီယိုနားဆင်သူသန်း ၅၀ပြည့်ရန် ၃၈နှစ်ကြာခဲ့သည်။တီဗွီအတွက် ၁၃ နှစ်ကြာခဲ့
သည်၊သိုသော် World Wide Web (www)အသုံးပြုသူ သန်း၅၀ ပြည့်ရန် ၄နှစ်သာကြာ
ခဲ့သည်။

(၇)ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolic.com ဖြစ်သည်။

(၈)စာစီစာရိုက်သူတစ်ဦး၏ ပုံမှန်အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ
၁၂.၆ မိုင်အထိခရီးသွားသည်။

(၉)ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ
၁၉၃၆ ခုနှစ်က တီထွင်ခဲ့သည်။ဒုတိယမျိုးဆက် Z2 ကို ၁၉၃၆ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး
Electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

(၁၀)တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြု
လုပ်လျက်ရှိသည်။

(၁၁)ဘီးလဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့်ဒီဇိုင်းရေးဆွဲခဲ့သည်။

(၁၂)IBMPC ကိုတီထွင်ခဲ့သည့် အင်ဂင်နီယာ ၁၂ဦးအဖွဲ့ကို  The Dirty Dozen ဟုအ
မည်ပြောင်းပေးထားကြသည်။

(၁၃)ကမ္ဘာကျော် ကွန်ပျူတာထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard
(HP) သည် ကွန်ပျူတာအမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီး
ယားပြည်နယ် Palo Alto မြို့ရှိ သားဂိုဒေါင်တစ်ခုတွင် စတင်ပြုလုပ်ခဲ့သည်။

(၁၄)ကမ္ဘာ့ပထမဆုံး Hard Drive များသည်20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀
ကုန်ကျသည်။ယခုအခါဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလှောင်နိုင်စွမ်း Capacity
အဆတစ်ရာမက တိုးတက်ခဲ့သည်။

(၁၅)ကွန်ပျူတာ Mouse,Windowing GUI,Laser Printing နှင့် Network Card များကို ကယ်လီဖိုးနီးယားပြည်နယ်ရှိ Xerox ကုမ္ပဏီက ဆစ်ပြိုင်နက် ထုတ်လုပ်ခဲ့
သည်။

(၁၆)အွန်လိုင်း Exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ငန့်၌ ပျှမ်းမျှ ငွေအမေ
ရိကန်ုဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

(၁၇)ဆဲလိဖုန်းတွင်ပါဝင်သော ကွန်ပျူတာ Processing Power သည် ကမ္ဘာ့ပထမဆုံး
လပေါ်သို သွားရောက်နိုင်ခဲ့သည့် အာကာသယဉ် Apollo 11 Lunar Lander တွင်ပါဝင်
သော ကွန်ပျူတာအာလုံး၏ Processor များထက် များစွသာလွန်သည်။

(၁၈)Crash Couse သည် Microsoft Windows Tutorials ၏အခြားအမည်တစ်မျိုး
ဖြစ်သည်။

(၁၉)လူတိုင်းကွန်ပျူတာ Virus များမိမိကွန်ပျူတာထဲသို့ ဝင်ရောက်တိုက်ခိုက်မည့်အန္တ
ရယ်ကို စိုးရိမ်ကြသည်။သို့သော် ယင်းVirus ပါသောဖိုင်ကို Download လုပ်ခြင်း (သို့မ
ဟုတ်)Share လုပ်ခြင်းစသည့်နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ System ကိုပျက်စီး
စေပါတယ်။ Windows ပေါ်မှ တွေ့ရှိချက်တစ်ခု (One Windows Magic Trick)
အိန္ဒိယမှ    လေ့လာသူတစ်ဦး၏ ရှားရှားပါးပါးတွေ့ရှိချက်တစ်ခု ရှိသည်။၎င်းမှာ ကွန်ပျူ
တာ၏မည်သည့်နေရာ (Desktop,Local Disk C,D,E,etc..)တွင်မဆို Folder များ
ဖန်တီးရာတွင် con ဟူသောအမည်ပေး၍မရခြင်း ဖြစ်ပါတယ်။ယင်းသို့ con ဟုအမည်
မပေးနိုင်ခြင်း၏ အကြောင်းအရင်းကိုလည်း Microsoft Team မှ ပြန်လည်မဖြေရှင်းနိုင်
ပဲ လေ့လာနေဆဲသာဖြစ်သည်။စာဖတ်သူတို့ Folder တစ်ခုကို com လို့အမည်ပေးပြီး ဖန်တီးကြည့်လိုက်ပါ ယင်းကဲ့သို အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

No comments:

Post a Comment