Twitter Bird Gadget

Tuesday, April 29, 2014

ဇနီးမယားကောင်းတို့၏အမူအကျင့်(၈)မျိုး


ဇနီးမယားကောင်းဖြစ်သူသည်..
(၁)ခင်မီန်းသည်ထက် ရှေ့ဦးစွာနိုးထ၍ နောက်ကျမှအိပ်ခြင်း,အလိုက်သိစွာနာခံခြင်း,
     နှစ်လိုဖွယ်အမူအကျင့်ရှိ၍ ချိုသာစွာပြောဆိုခြင်း။
(၂)မိမိ၏ခင်ပွန်းလေးစားသော “မိဘ၊ရဟန်း၊ပုဏ္ဏား”တို့အား အရိုအသေအလေးအမြတ်
     ပြုခြင်း။
(၃)အိမ်တွင်းမှု ကိစ္စများတွင် ကျွမ်းကျင်လိမ်မာခြင်း။
(၄)အလုပ်သမား၊အစေခံတို့  “အလုပ်လုပ်သည်၊မလုပ်သည်၊ကျန်းမာရေးကောင်းသည်၊
     မကောင်းသည်”ကိုသိနားလည်ခြင်း၊စားသောက်ဖွယ်ရာတို့ကို ခွဲဝေပေးခြင်း။
(၅)ခင်ပွန်းသည်၏ငွေကြေး၊ပစ္စည်းဥစ္စာတို့ကို မခိုးမဝှက်၊မပျက်စီးစေပဲ လုံခြုံအောင်
     ထိန်းသိမ်းခြင်း။
(၆)ဘုရား၊တရား၊သံဃာ တို့အား ကိုးကွယ်ဆည်းကပ်ခြင်း။
(၇)ငါးပါးသီလကို လုံခြုံအောင်စောင့်စည်းခြင်း။
(၈)ဝန်တိုမှုကင်း၍ စွန့်ကြဲပေးကမ်းတတ်ခြင်း။
ထိုသို့သော မယားကောင်းတို့၏ အကျင့်(၈)ပါးတို့နှင့် ပြည့်စုံပါက သေလွန်လျှင်
“မနောမယိကာ”ခေါ် မိမိစိတ်အလိုကျ ဖြစ်တစနိုင်သော နိမ္မာနရတီနတ်သမီးအဖြစ်
ရောက်စေနိုင်ပါသည်။
(နကုလမာတာဝတ္ထုမှ ကောက်နုတ်ချက်မှကူးယူဖော်ပြချက်)

No comments:

Post a Comment