"ဒကာကြီး ဦးဟန်ဋ္ဌေး ....မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရင့်သားကနေ ဘုရင် ဖြစ်လာတာနဲ ့တူတယ် ။ နိုင်ငံခြားသား ဘာသာခြားကနေ ဗုဒ္ဓဘာသာဖြစ်လာတဲ့သူတွေကတော့ ဆင်းရဲသားကနေ ဘုရင်ဖြစ်လာတာနဲ ့တူတယ် ။ ဘုရင့်သားတော်ကနေ ဘုရင်ဖြစ်လာတဲ့အခါ လွယ်ကူလွန်းတော့ ဘုရင် အဖြစ်ကို သိပ်တန်ဖိုး မထားသလို မြန်မာပြည်သားများဟာလည်း ဗုဒ္ဓဘာသာ အဖြစ်ကို လွယ်လွယ်ကူကူရတော့ ဗုဒ္ဓဘာသာအဖြစ်ကို တန်ဖိုး မထားကြဘူး ။ ဒါကြောင့်လည်း ဝမ်းရေး တစ်ခုလောက်အတွက်နဲ ့ ဘာသာ ပြောင်းကြတာပေါ့ ။ ဆင်းရဲသားအဖြစ်က ကျားကုတ်ကျားခဲ ကြိုးစားပြီး ဘုရင် ဖြစ်လာတဲ့သူက ဘုရင် အဖြစ်ကို အလွန်တန်ဖိုးထားသလို ကျုပ်တို ့လို ဘာသာခြားဘဝကနေ အခက်အခဲ များစွာကို ကျော်လွှားပြီးမှ ဗုဒ္ဓဘာသာဖြစ်လာသူတွေကတော့ ဗုဒ္ဓဘာသာကို အလွန်တန်ဖိုးထားတယ် ။ ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုရင် ဗုဒ္ဓဘာသာအဖြစ်ကို အသက်ထက် တန်ဖိုးထားတယ် "
No comments:
Post a Comment