Twitter Bird Gadget

Tuesday, April 29, 2014

ကရဝေးရွက်၏ ဆေးဖက်ဝင် စွမ်းပကား


(၁) အစွမ်းထက် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။

ကရဝေးရွက်ကို ဟင်းလျာတွေထဲ ထည့်ချက်ရင် ဟင်းနံ့ကို သင်းပျံ့စေပြီး အရသာ တိုးစေပါတယ်။ ကရဝေးရွက်ကို ချက်လိုက်တဲ့အခါ ဟင်းလျာထဲမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပမာဏကို တိုးစေပါတယ်။ အဲဒီ အင်တီအောက်ဆီးဒင့် တွေက ကင်ဆာ၊ အစာအိမ်အနာနဲ့ အဆစ်ရောင်နာတွေကို တွန်းလှန်နိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်တီ အောက်ဆီးဒင့်ဟာ အနာတွေကို မြန်မြန်ကျက်စေပြီး ခြင်ကိုက်ရာ အနာတွေကို သက်သာ စေပါတယ်။

(၂) ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါတယ်
ဟင်းချက်တဲ့အခါ ကရဝေးရွက် အနည်းငယ်ကို ထည့်ချက်ရင် ဗီတာမင်နဲ့ သတ္တု ဓာတ်မျိုးစုံ ပါဝင် တာကြောင့် ဟင်းလျာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို ပိုတိုးစေပါတယ်။ ကရဝေး ရွက်မှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီ ဆီယမ်တို့ များစွာ ပါဝင်ပါတယ်။

(၃) အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေပါတယ်
ကရဝေးရွက် နှစ်ရွက်-သုံးရွက်ကို ရေတစ်ခွက်ထဲထည့်ပြီး ဆူအောင်ပြုတ်လိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက် အအေးခံထားပြီး တစ်ခွက်သောက်ရင် ချွေးထွက်စေကာ အဖျားကျ နိုင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးတာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေ သက်သာ စေနိုင်ပါတယ်။

(၄) ရောင်ရမ်းနာကျင်မှု သက်သာစေပါတယ်
ကရဝေးရွက် အဆီအစက် အနည်းငယ်ကိုလိမ်းပြီး နှိပ်ပေးရင် အဆစ်ရောင်တာ၊ ကြွက်သား နာတာ၊ အဆစ်လွဲတာနဲ့ အဆစ်မျက်တာ စတာတွေကြောင့် ဖြစ်တဲ့ နာကျင် ကိုက်ခဲ ရောင်ရမ်းမှုကို သက်သာ စေပါတယ်။ ကရဝေးရွက်အဆီကို နားထင်နေရာမှာ လိမ်းပြီး နှိပ်ပေးရင် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေပါတယ်။

(၅) ဗောက်ပျောက်စေပါတယ်
ကရဝေးရွက်ကို ကြိတ်ခြေပြီး ဒါမှမဟုတ် ကရဝေးရွက်အဆီ ၁၀ စက်ခန့်ကို ရှမ်ပူထဲထည့်ပြီး ခေါင်းလျှော်ပေးပါ။ ဗောက်ပျောက် စေပါတယ်။

(၆) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးပါတယ်
ကရဝေးရွက်ကို အစာမစားခင် စားတာက သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၇) ပိုးသတ်အာနိသင် ရှိပါတယ်
ကရဝေးရွက်ကို ကြိတ်ခြေပြီး ရေနွေးထဲထည့်ကာ ပလုတ်ကျင်းပေးတာ၊ ချိုးရေထဲ ထည့်ချိုးတာမျိုး လုပ်ဆောင်ပေးပါ။ ကရဝေးရွက်မှာ Eugenol ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျစေပြီး ဘက်တီးရီးယားနဲ့ ဖန်းဂပ်စ်မှိုတို့ကို ကင်းစင်စေတဲ့ အစွမ်းသတ္တိ တွေလည်း ရှိပါတယ်။

(ဂ) အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေပါတယ်
ကရဝေးရွက်ပါတဲ့ ဟင်းနဲ့ ထမင်းစားပေးရင် အစာမကြေတဲ့ ဝေဒနာတွေကို သက်သာ စေပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်ဇိုင်းတွေက ပရိုတင်းဓာတ်ကို ကြေညက်စေတာကြောင့် အသားဟင်း တွေထဲမှာ ထည့်သင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်မျိုး ဖြစ်ပါတယ်။ ကရဝေး ရွက်ဟာ ဆိတ်သားရဲ့ အညှီနံ့ကိုလည်း လျော့စေတာကြောင့် ဆိတ်သားဟင်းထဲ ထည့်ချက်လေ့ ရှိပါတယ်။ ကရဝေးရွက်ဟာ လေထတာကိုလည်း သက်သာ စေပါတယ်။
                                     #########################

No comments:

Post a Comment