Twitter Bird Gadget

Tuesday, April 29, 2014

မြင်းခွာရွက် အာနိသင်


မြင်းခွါရွက် အမျိုးမျိုး ရှိပါသည်။ မြင်းခွါရွက် ရိုးရိုး၊ အညာမြင်းခွါ၊ ကာလားမြင်းခွါ၊ ဆေးမြင်းခွါ ဟူ၍ မြင်းခွါရွက်မှာ တကယ့်မြင်းခွါ ပုံသဏ္ဍာန်နှင့် တူပါသည်။

ရိုးရိုးမြင်းါခွါကတော့ ဆို့စရာဆို၍၄င်း၊ ယင်းရံ၊ ဟင်းခါးဟူ၍၄င်း၊ မြန်မာများ အလွန်နှစ်သက်ပါတယ်။ သုပ်စား ပြုတ်စား အရည်သောက် အစိမ်းတို့စားကြ၏။ အရသာ ခပ်ခါးခါး ခပ်ရှရှ ချို၊ အေး၊ နှုတ်မြိန်၊ အစာကြေစေ၊ ဝမ်းဗိုက်ကိုခြောက်၊ အိပ်ပျော်စားဝင် ဓာတ်လေးပါးမှန်၊ အသိဉာဏ်တိုးပွား၊ ဆီးရွှက်၊ အပူငြိမ်း၊ အအေးကိုပြယ်၊ ရေငတ်ပျောက်၊ သလိပ်ပယ်၊ အသက်ကိုရှည်စေ ဟူ၍ မြန်မာ့ဆေးကျမ်း၊ အိန္ဒိယဆေးကျမ်းများက ဆို၏။ မြင်းခွါသည် အေးမြသောမြေမှာ ပေါက်သောမျိုးဖြစ်၏။ အယဉ်နှင့်အရိုင်း နှစ်မျိုးရှိပါသည်။ အယဉ်မှာ အမွေးမရှိ၊ အရိုင်းမှာ အမွေးပါ၏။ အရိုင်းမှာ အညာဒေသ တောထဲမှာ ပေါက်၏။ အယဉ်က ယခု စားစရာဖြစ်နေ၏။ အကျိုးက ဆီးများ၊ လေသက်၊ ဝမ်းမှန်စေ၏။ ပျောက်ကင်းနိုင်မည့် ရောဂါများ--- ခေါင်းကိုက်၊ အဖျားအမျိုးမျိုး၊ ကြို့ထိုး၊ သွေးရောဂါအမျိုးမျိုး၊ သည်းခြေပျက်၊ အဖျဉ်းကြီး၊ အဆုတ်ပြွန်ရောင်၊ ပန်းနာရင်ကျပ်၊ ကိုယ်ရေဝါ၊ အရေပြား ရောဂါအမျိုးမျိုး၊ ကျောက်၊ ဝက်သက်၊ ယားနာ၊ အဖုအပိမ့်၊ နူနာ၊ ခရုသင်း၊ အနာပေါက်။ အနာမီးလျှံ၊ ဖုတ်ဖမ်းစား ဝေဒနာ (မြေကိုင်) ခြေသေ၊ လက်သေ၊ ခြေလက် အကြောပြတ် ဖော်ပြပါ ရောဂါတွေ ပျောက်အောင် မြင်းခွါရွက်ကို ရေနှင့်စင်အောင်ဆေးပါ၊ နေရိပ်မှာ အခြောက်ခံ၊ နေပူလှန်းရင် အာနိသင်ပျက်၊ ခြောက်ရင် သစ်သားဆုံ ကျော်ကဆုံ မြေဆုံ တခုခုနှင့် ထောင်းပါ။ သံဆုံနှင့်မထောင်းရ။ ပေါင်ဒါ အသားကျအောင် ထောင်းပါ။ ဆေးအဖြစ် သုံးတဲ့အခါ--- (၁) မြင်းခွါရွက်မှုန့် ၁၀-ကျပ်သား (၂) ငရုတ်ကောင်းမှုန့် ၂-ကျပ်သား (၃) ပျားရည် ၁၂-ကျပ်သား ဤဆေးသုံးမျိုးကို အစေးပေါက်အောင်နယ် နေလှန်း၊ ပျားရည်ခန်းအောင် အခြောက်လှန်း၊ ဆီးကင်းလောက် လုံး၊ ဖန်ဘူးထဲထည့်ပါ။ နံနက် နေ့လယ် ည တလုံးစီစား၊ ပိုစားနိုင်လေ ကောင်းလေ ဘေးမဖြစ်ပါ။ ရောဂါကြီးက တလ၊ နှစ်လ စား၊ ရောဂါငယ်ရင် လဝက် တလ စားပါ၊ ကိုယ်ရေအသား ကောင်းမယ်၊ ရောဂါမရှိလည်း စား၊ ရောဂါဘယ ဝေးမယ်။ မျက်စိနာ--- မြင်းခွါရွက်၊ ချင်းရည်နဲ့ ဖျော်သောက်။ ဝက်ခြံ--- မြင်းခွါရွက်နဲ့ လူးပါ။ မြွေက်ကိုက်သော်--- မြင်းခွါရွက်ကို သောက်၊ မြွေကိုက်နာကို လူး။ အနာပေါက်--- အရွက်ကိုထောင်း၊ နနွင်းနှင့်ရောအုံထားပါ။ မြေကိုင်--- အရွက်ကို ချင်းရည်နှင့် မီးနွေးနွေး ချက်လိမ်းပါ။ သောက်လည်းသောက်ပါ။ ချိုင်းအောက်နာ (ကိန္နရာ အနာ) အရွက်ကို ချင်းစိမ်း၊ နှမ်းဆီနှင့် ထည့်ကြိတ်၊ အနာမှာ အုံပါ။ ငှက်ဖျား--- အရွက်ရည် ငရုတ်ကောင်းနဲ့ အမျှစီကြိတ်သောက်၊ (၉၆)ပါးဆေး၊ မြင်းခွါရွက် လေးကျပ်သား၊ ငရုတ်ကောင်း နှစ်ကျပ်သား ရေနွေးနှင့် ညဉ့် နံနက် သောက်။ ဒူလာ၊ ညောင်းညာ၊ ကိုက်ခဲ၊ ခြေက်သေ--- မြင်းခွါရွက်ကို ဆီးဖြူခေါက်နှင့် ရော၊ ဆားအနည်းငယ်ထည့်၊ အိုးသစ်နဲ့ သုံးခွက်တခွက်တင် ကျိုသောက်ပါ။ မျက်စိနာ--- အရွက်ကို ကင်ပွန်းရွက်နဲ့ ပြုတ်ချိုးပါ။ ခြေလက် အကြောမျက်--- မြင်းခွါရွက်ပြုတ်၊ အကျွမ်းဖုတ်၊ ပြာကို လက်ပြတ်ရာ၊ ခြေပြတ်ရာကို ဖြူးပေး၊ ကျပ်စည်ထား၊ အကြောအရိုး မကြာမီ ဆက်သွားမယ်။ မြင်းခွါရွက် အသက်ရှည်ဆေးကြီး--- မြန်မာ့ဆေးကျမ်းများ၊ သမားတော်များ အဆိုအမိန့်မှာ မြင်းခွါရွက်လေးကျပ်သား၊ ငရုတ်ကောင်း တကျပ်သား၊ အမှုန့်ပြု ပျားရည်နှင့် နယ်စား နံနက် ညဉ့် စားလေ။ သမားတော် ပွဲတွေ့ အတိုအရ--- ၇-ရက်စား = သားသမီးချစ်။ တလစား = ကိုယ်တွင်းကိုယ်ပ အနာမရှိ။ နှစ်လစား = ရုပ်ရည်ကာယ အဆင်းလှ။ သုံးလစား = ရောဂါကင်း။ လေးလစား = ပေါ့ပါးလျင်မြန်။ ငါးလစား = ခွန်အားဗလကြီး။ ခြောက်လစား = ခွန်အားဗလကြီး၊ လူပျိုလိုဖြစ်။ ခုနစ်လစား = ဓား၊ လှံ၊ သေနတ်ပြီး။ (ရှေးကအဆိုရှိသော်လည်း ချင့်ချိန်သုံးသင့်) အဆိပ်အတောက်စားမိ၊ မိန်းမတို့ ရာသီမမှန်၊ မောဟိုက်ပန်း၊ ဝမ်းကိုက်၊ ပိတ်ဖြူ၊ ပိတ်နီ၊ ကာလဝမ်း ကျခဲ့ရင် မြင်းခွါရွက် ပိတ်ချင်းသီး အမျှစီ ထောင်း၊ ရေနွေးနဲ့သောက်ပါ။ မြင်းခွါရွက်၊ ဖန်ခါးသီးခြောက်၊ မန်ကျည်းမှည့်နှစ် ဆေးသုံးပါး ကြိတ်စားပါ။ မျက်စိနာ မြင်းခွါရွက်ကို ချင်းရည်နှင့် ဖျော်၊ လျက်ပေးပါ၊ မီးယပ်မမှန် မြင်းခွါရွက် ပိတ်ချင်းသီး အမျှ ရေနွေးနဲပသောက်၊ ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်၊ အရည်ကို သကြားနဲ့ သောက်ပါ။ အသက်ရှည်ဆေးအဖြစ် သုံးခဲ့ရင် မြင်းခွါရွက် ပဥ္စငါးပါး နုပ်နုပ်စဉ်းဖြတ် နေလှန်းအမှုန့်ပြု ဖန်ဘူးထဲထည့် လေလုံပါစေ၊ သုံးရွေးမှ ငါးရွေးသားအထိ ပျားသကာနဲ့ ရက်ရှည်လများသောက် တနေ့သုံးကြိမ် သောက်ပါ။ အနာမရင်း အသားနုတက်စေရန် မြင်းခွါရွက်ကြိတ်အုံ၊ နုရင်ပျောက်၊ ရင့်ရင်ပေါက်၊ အမာရွတ်မကျန်အောင် မြင်းခွါရွက်ရည်ကို လိမ်းကျံပေးပါ။ အမာရွတ်ပါ မကျန်ပါ။ တကိုယ်လုံး ယားယံနေရင် မြင်းခွါရွက် ကိုယ်ဆယ်သားကို ရေတပုံးနှင့်ပြုတ်၊ ရေချိုးပါ။ (၃)ရက်ဆက်တိုက် ချိုးပါ။ ကလေးများ ဝမ်းကိုက် ဗိုက်နာပါက မြင်းခွါရွက် သုံးလေးရွက် သကြားမှုန့်၊ စမုန်နက်ရောပြီး ခွံ့ပေးပါ။ ကြိတ်ဖတ်ကျန်ကို အုံပြီး ပတ်တီးစည်းထားပါ။ ဆွံ့အ စကားထစ- မြင်းခွါရွက် ကျွေးပါ။ မေ့လွယ်သူကို-မြင်းခွါရွက်မှုန့် နွာနို့နှင့် တိုက်ကျွေးပါ။ ဉာဏ်ပွင်လာမည်၊ ဉာဏ်ကောင်းလာမည်။
ဆီးဝမ်းချုပ်ပါက-မြင်းခါွရွက်စားပါ။ အနာပေါက်-ညောင်းကျ တကိုယ်လုံးဝါ စားမဝင်-မြင်းခွါရွက် သတ္ထုရည်နှင့် နွားနို့ ရောသောက်ပါ။ ငှက်ဖျား၊ နာတာရှည်-မြင်းခွါရွက် ပင်စိမ်းရွက် ငရုတ်ကောင်းမှုန့် သုံးပါးရောကြိတ် (၃ဝရွေးခန့်လုံး၊ နံနက် ည တလုံစီသောက် ပျောက်၏။ ဝက်ခြံပေါက်လျှင်-မြင်းခွါရွက်ကြိတ်လိမ်းပါ။ မျက်စိနာ-မြင်းခွါရွက်၊ ချင်းစိမ်းနှင့် ရောကြိတ်စား။ အအေးဒဏ် ကာကွယ်ချင်ရင်-မြင်းခွါရွက် (၃)ကျပ်သားမှ (၆)ကျပ်သားအထိ ပျားရည်ထက်ဝက် သို့မဟုတ်-သုံးပုံတပုံ ရောသောက်ပါ။ အားတိုးဆေး-မြင်းခွါရွက် သတ္ထုရည် တကျပ်ခွဲ၊ သကြားနှင့် ပျားရည် (၃)ကျပ်သားမှ (၆)ပတ်အတွင်း ခွန်အားတိုးမည်။ သူငယ်နာလိမ်းဆေး ချော်ငးဆိုးပျောက်-မြင်းခွါရွက်မှုန့် မီးနှင့်နွေး ရင်ဘတ်ပေါ်အုံလိမ်း ဆီနှင့်ရောပါ။ အဆစ်အမြစ် အရိုးအဆစ် အကျိတ် လိမ်းဆေးအဖြစ်-မြင်းခွါရွက် သတ္ထုရည် တကျပ်ခွဲ၊ ရေနံဆီ တကျပ်ခွဲ ဖန်ဘူးထဲမှာ ထည့်မွှေ လိမ်းသုတ်နှိပ်ပေးပါ။ အဆစ် အမြစ် အဖု အကျိတ် ပျောက်ပါသည်။ ကလေးများ အအေးမိက လက်ဖက်ရည်ဇွန်းငယ်နှင့် မြင်းခွါရွက် သတ္ထုရည်ကို တိုက်ကျွေးပါ။ ဝမ်းသက်၊ သလိပ်ကျ အဆုတ်အအေးပတ်နာ ပျောက်ပါသည်။ အညာ မြင်းခွါရွက် အဆစ်တဆစ်မှ အရွက်တရွက် ထွက်၏။ ဖန်ခါးသည် ကြေညက်ရင်စပ်၊ အစာကြေလွယ်၊ အေးသောသတ္တိ ရှိ အရွယ်တင်စေ၊ သလိပ်၊ သည်းခြေကို ပယ်၏။ နှလုံးရောဂါ၊ နှုတ်မမြိန်ရောဂါ အဖျားအမျိုးမျိုး၊ သွေးအန် သွေးကျ၊ ပန်းနာ၊ ဆီးရောဂါ၊ နူနာ၊ ချောင်းဆိုးရော၈ါတွေကို နိုင်၏။ သတိထားရမည့်အချက်မှာ အလွန်အကျွံ မစားရ၊ နေပူလှန်း၊ သတ္ထုရည်ညှစ် သုံးပါး၊ အညာမြင်းခွါရွက်အဆီက နေပူနှင့်တွေ့က ပျံ့လွင့်ခြင်း၊ ပြုတ်၊ ဖျော်၊ ကြော်၊ ချက်၊ နေလှန်း မသုံးရ၊ သာမန်ရိုးရိုးလူဆိုရင် (၂)မှ (၄)ရွက်ထိ သုံးပါး။ အလွန်အားရှိ၍ (၄-၅)ရွက် သုံးပါ။ မူးတတ်၊ ယားတတ်၏။ နာတာရှည် အရေပြားရောဂါ အနာပေါက် (က)သတ္ထုရည်လိမ်း၊ အရွက်မှုန့် အနည်းငယ်စား၊ တပတ်အတွင်း သိ။ (ခ) ရောဂါကြောင့် ရောင်တင်း-မြင်းခွါရွက်တဆ၊ နှစ်ချို့ ၂-ဆ သို့မဟုတ် အတူရော သတ္ထုရည် လိမ်းပါ။ (ဂ) နို့ရည် နှစ်ဆ မြင်းခွါရွက်ရည် တဆ ရောသောက်ပါ။ အသက်ရှည် အနာဘယ ကင်း၏။ ရာသီဝမ်းကျ၊ ဆီးသွားနာကျင်၊ ဆီးနည်းရင် အညာမြင်းခွါ (၁-၂)ရွက် သို့မဟုတ် (၄)ရွက် သတ္ထုရည်ကို ဇီရာရွက်(၆)ပဲသားရော၊ သကြား သင့်ရုံထည့် (၂၇)ကျပ်သားဖျော်ရ မြင်းခွါရှာလပတ်ရည်သောက်ပါ။ လေမလည်က မြင်းခွါရွက် (၂-၄)ရါက် စားပါစေ။ လူအင်အား ရောဂါ ကြည့်ပေးပါ။ ဦးနှောက်အားနည်း သတိမေ့ရောဂါ--- ဝက်ရူး၊ အညာမြင်းခွါ၊ ဂဠုန်တောင်ရွက် ရောစပ် စားပါ။ အသံပျက်၊ အသံဝင် အသံကြီး အညမြင်းခွါရွက် နှစ်ဆယ်ရွက် ငရုတ်စေ့ နှစ်စေ့၊ ပတဲကော တပဲသား ရောကျိုပါ။ နို့ရည်ရော ပူနွေးနွေးသောက်ပါ။ ဦးနှောက်အားနည်းရင်တော့ သတ္ထုရည် သို့မဟုတ်-အရွက်ရည်ဆီညှစ် ခေါင်းကိုလိမ်းပါ။ ဦးနှောက်ကြည်လင်မည်။ ဦးနှောက်အားဆေးအဖြစ် အန်းဆီ ရှစ်ဆယ်သား၊ မြင်းခွါရွက် ခုနစ်ကျပ်သား ရော မီးမျှဉ်းမျှဥး်ချက်၊ အရည်စစ်၊ ကြိုက်တဲ့အမွှေးနံ့သာ ထည့်လိမ်းပါ။ ဆံပင်ကောင်းပါသည်။ ကုလားမြင်းခွါ--- ကုလားမြင်းခွါက အရွက်မှာ အမွေးရှိကြောင်း အေး-သည်းခြေပယ်အောင့်သက် သွေးကြည် သလိပ်ကိုထုတ်နိုင်၊ ရေငတ်ပြေ၊ အဖျားအနာ၊ နှာစေး၊ အဖျဉ်းရောင်၊ ချောင်းဆိုး၊ မျက်ရည်ယို၊ အသည်းရောင်၊ အစာအိမ်ရောဂါ ပျောက်စေသည်။ အပွင့်က အေး၊ အဆီရှိ၊ သလိပ်ကို ဖျက်ဆီး၊ အမြစ်ကို တပဲ သုံးရွေးသား သောက်ပါက အန်ခြင်း ဝမ်းသက်၏။ ဝမ်းချုပ်ရင် ကုလားမြင်းခွါရွက်ပွင့်ကို သကြားနှင့်ကြိတ်စားပါ။ အိပ်မပျော်ရင် ကုလားမြင်းခါွ ခပ်လတ်လတ်နှင့် နှမ်းဆီ ဖြစ်စေ၊ ဗာဒံစေ့နှင့်ဖြစ်စေ ဦးခေါင်းကို လိမ်းလိုက်ပါ။ ဓမ္မတာလွန် သွေးမြင်းသရိုက်၊ သလိပ်ပျစ်ခဲ့ပါက ကုလားမြင်းခွါပြုတ်ရည်နှင့် (ပဥ္စငါးပါးပြုတ်) စပျစ်သီးရွက် ရောသောက်ပါ။ ပိတ်ချင်းသီးနှင့် သိန္ဓောဆား ဆတူကြိတ်၊ ပျားရည်နှင့်သောက်ပါ။ ခေါင်းကိုက်၊ ကုးလားမြင်းခါွပွင့်ကို ရေနှင့်ကြိတ်၊ ကြိတ်ဖတ်ကို အဆီရအောင်ကြိတ်၊ နှမ်းဆီထဲ ထည့်ချက်ပါ။ (၁၅)မိနစ်ခန့် ချက်ရ၊ အဆီစစ်ပြီး လိမ်းပါ။ မီးမပြင်းရ၊ ယင်းအဆီနှင့် လိမ်းခဲ့ရင် ချောင်းဆိုးလည်ချောင်းနာ ပျောက်နိုင်ပါသည်။ ဆေးမြင်းခွါ မုန်တိုင်ပင်နှင့် တူ၏၊ အုန်းလက်ကဲ့သို့ အလက်များရှိ၏။ အလက်မဲ့သွားသောအခါ အရင့်ဇက်ပိုး ကျန်ရစ်ခဲ့၏။ နွားသဏ္ဍာန် ဆေးမြင်းခွါ ဖြစ်ပါသည်။ ဒူလာပါဒရက် ခြေလက်သေ ညောင်းညာ ထုံကျဉ်ကိုက်ခဲ ဆေးမြင်းခွါတဆယ်ကျပ်သား သင်္ဘောဆီးဖြူမြစ် ငါးကျပ်သား အိုးတလုံးထဲထည့်ပြီး စုံးခွက်တခွက် ပြုတ်၍ သောက်ပါ။ လက်ကျိုး ခြေကျိုး အရိုးကျိုး ဆေးမြင်းခါွအနီ၊ ဆင်ချေးနှင့် ကြိတ်၊ အုံ၊ လူး၊ ကျပ်စည်းပါ။ ဆင်ချေးကို မီးဖုတ်၊ ဆေးမြင်းခွါနှင့် လူး ကျပ်စည်းပါ။ (၇)ရက်အတွင်း အရိုးအကြော ဆက်သွား၏။ မီးယပ်ပိန်--- ဆေးမြင်းခွါ လေးကျပ်၊ ပိတ်ချင်းနှစ်ကျပ်သား အမှုန့်ပြု ရေနွေးနှင့် သောက် လက်တွေ့ပျောက်၏။ ခွေးကိုက်--- ဆေးမြင်းခွါအနီကို ချင်းနှင့်ဆတူ ကြိတ်အုံပါ။ မျက်စိနာ--- ဆေးမြင်းခွါအနီ ချင်းနှင့်သွေး သောက်ပါ။ ဝက်ခြံ--- ဆေးမြင်းခွါကို ဆန်ဆေးရည်နှင့် လူးပါ။ မြွေကိုက်--- ဆေးမြင်းခွါအနီကို ကျင်ငယ်နှင့် သွေး၊ ကိုက်ရာ လိမ်းပါ။ မြွေဆိပ် ဝမ်းထဲ ဝင်ပါက--- ဆင်ချေးနှင့် သွေးသောက်ပါ။ အနာပေါက်--- ဆေးမြင်းခွါကို ကြိတ်အုံပါ။ လည်ပင်းမေးအောက် အနာပေါက်။ ဆေးမြင်းခွအနီနှင့် နှမ်းစိမ်း ပေါင်းစပ်၍ နှမ်းဆီနှင့်ဖျော်ပြီး လိမ်းပါ။ အသက်ရှည်ဆေး၊ ဆေးမြင်းခွါ အနီမှုတ့်လေးကျပ်၊ ငရုတ်ကောင်း မီးလွတ်ငါးကျပ်၊ ပျားရည်နှင် တေ စားပါ။ ရောဂါကင်း အမောပြေပါမည်။ တလစားပါက အရောင်အဆင်း သွေးသားကောင်း၊ သုံးလစားပါက ပေါ့ပါး။ ခြောက်လစား ကိုယ်တွင်းရောဂါ ကင်း ခွန်အားဗလကြီးပါသည်။ မြင်းခွါရွက်၏ အာနိသင်နှင့် တိုင်းရင်းဆေးပညာဖြင့် အသုံးပြုပုံကို ဆေးဆရာများ၊ ပွဲတွေ့၊ လက်တွေ့များမှ သက်ကြီးစကား သက်ငယ်မှာကြားခဲ့သမျှ ရေးသားတင်ပြလိုက်ရပါသတည်း။

No comments:

Post a Comment