Twitter Bird Gadget

Thursday, March 18, 2021

လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်၊ သစ္စာ အဓိဋ္ဌာန်

“ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖောက်လျှင်၊ ခြေလှမ်းမှား လျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသော ခေါင်းဆောင်များကိုလည်းကောင်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကိုလည်းကောင်း အချိန်မီ သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။” 

“ ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ပြည်သူလူထုကြီးသည် မိမိထမ်းဆောင်ရမည့် တာ၀န်များကို ပျက်ကွက်လျှင်၊ ဝါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဆိုလျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် တာ၀န်ပျက်ကွက်သော ပြည်သူလူထုကြီး ကို လည်းကောင်း၊ ဝါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကို လည်းကောင်း ၊ အချိန်မီ သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။”

“ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော ပြည်တွင်းပြည်ပ ရန်သူများ ပေါ်ပေါက်လာလျှင် ယနေ့ စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင် ကြီး သည် ထိုရန်သူများကို အပြီးတိုင်ချေမှုန်းနိုင်သည်အထိ ဇာတိသွေး ဇာတိမာန် တစ်ခဲနက် တက်ကြွ လာအောင် ပြည်သူလူထုကြီးတစ်ရပ်လုံးအား အချိန်မီစွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။”

( ၀န်ကြီးချုပ် ဦးနု၊ ၁၉ ၄၈  ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ၊ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်း အဆုံးသတ် ဆုတောင်းစကား)

“ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်း များ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။”

 ( လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်၊ သစ္စာ အဓိဋ္ဌာန် ကိုးချက်မှ )


#Myanmardemocracy
#Humanrights 
#Freeourleader 
#FreeAungSanSuKyi 
#RejectMilitaryCoup

No comments:

Post a Comment