Twitter Bird Gadget

Wednesday, August 15, 2018

မြန်မာ့ငွေကြေးဈေးကွက်အခြေအနေ

၁။ဒေါ်လာဈေးဘာလို့ရုတ်တရက်တက်လာလဲ။

ကမ္ဘာ့ဈေးကွက်မှာကိုက အမေရိကန်ဒေါ်လာကမာလာလို့ပါ။ အမေရိကန်စီးပွားရေးတက်လာတယ်။ တရုတ်နဲ့အမေရိကန် ကျွဲနှစ်ကောင်ခတ်ကြတာကြောင့်ပါ။ဒါကလက်ငင်း ဖြစ်လာတဲ့အခြေအနေပါ။
မြန်မာပြည်အတွက် အခြေခံအကြောင်းအရာကတော့ trade deficit ဖြစ်နေတာပါပဲ။ အစိုးရအဆက်ဆက် က Export ကိုအားပေးမယ်လို့ပြောပေမဲ့။ လက်တွေ့မပါပါ။လေနဲ့သာအားပေးနေကြတာပါ။

၂။ ဒေါ်လာဈေးကို ဘယ်သူသတ်မှတ်တာလဲ
   
  ဗဟိုဘဏ်ကနေ့စဉ်ထုတ်ပြန်နေပေမဲ့။ လက်တွေ့အရောင်းအဝယ်ဖြစ်တာကတော့ မှောင်ခိုဈေးကွက်ပါ။ ဗဟိုဘဏ်ဈေးနဲ့ ဘယ်မှာမှဝယ်လို့မရပါဘူး။
အရွက်ဈေး၊away ဈေး၊earning ဈေး ( MFTB, MICB, KBZ, စသဖြင့် ဘဏ်အလိုက်မတူညီပါ) စသဖြင့်ရှိနေပါတယ်။
တရုတ်ငွေဈေး၊ဘတ်ဈေး၊ရူပီးငွေဈေး၊မလေးရှားငွေဈေး စသဖြင့်away ( ငွေလွဲှ) ဈေးတွေလဲရှိကြပါတယ်။
Informal market ကလက်ကြီးသမားတစ်ယောက်ယောက်က စဖွင့်ကြည့်လိုက်တာပါ။ အရောင်း/အဝယ်စဖြစ်ရင်တော့ ဈေးဖြစ်သွားတာပေါ့။ အဲဒီဈေးကို SMS, Viber, Phone တွေနဲ့ ပြည်တွင်းပြည်ပ ပြန့်သွားတာပါ။ ၁၂:၃၀ လောက်ပါ။တရုတ်ငွေလွှဲဈေးကတော့စောဖွင့်ပါတယ်။ ဝယ်လိုအား၊ရောင်းလိုအားပေါ်မူတည်ပြီး အတက်၊အကျ အချိန်နဲ့အမျှရှိနိုင်ပါတယ်။

၃။ ငွေဈေးအတွက် ဗဟိုဘဏ်က ဘာလုပ်ပေးနေလဲ။

  ပုဂ္ဂလိကဘဏ်တွေကို ဒေါ်လာထုတ်ချေးမယ်လို့တော့ကြားတယ်။ဘယ်လောက်ပမာဏချေးမလဲတော့မသိသေးပါ။ ငွေချေးတာလဲ တနေ့ USD ဘဲပြန်ဆပ်ရမှာပါ။
ပုဂ္ဂလိကဘဏ်တွေကို ထုတ်ရောင်းပေးတယ်လို့ဆိုပေမဲ့ ပမာဏ ကနဲရင်တော့ဆင်ပါးစပ်နှမ်းပက်သလိုဘဲဖြစ်ပါတယ်။

၄။ နိုင်ငံခြားငွေကြေးဈေးကွက် data တွေ ဘယ်လိုရှိနေသလဲ။

Informal market ( မှောင်ခို ) ကကြီးစိုးနေတော့ အစိုးရ၊ဗဟိုဘဏ်အနေနဲ့ အမှန်တကယ် အရောင်း၊အဝယ်ဖြစ်နေတဲ့ ပမာဏကိုမသိနိုင်ပါ။ စာရင်းအမှန်မရနိင်ပါ။
ဒီတော့ အဖြေရှာဖို့ခက်ပါတယ်။ မြန်မာပြည်ကို ဒေါ်လာက ဘယ်လိုစီးဝင်နေသလဲဆိုတာကို တောင် Policy maker တွေအနေနဲ့လမ်းကြောင်းကိုကြည့်ဖို့၊သိဖို့ အလှမ်းဝေးပါတယ်။

၅။ နိုင်ငံခြားငွေဈေးကွက် အမှန်ကိုကြည့်ရအောင် ဘာတွေလုပ်ပေးသင့်သလဲ။

- အခု ထုတ်ပေးတဲ့ Money Changer လိုင်စင်အပြင် ငွေလွဲှ( Remittance) လိုင်စင်တွေထုတ်ပေးဖို့လိုပါမယ်၊ဒါမှ ငွေဝင်၊ထွက်စာရင်းသိရမှာပါ။ တခြားနိုင်ငံတွေမှာRemittance License ရှိပါတယ်။
- တရုတ်ပြည်မှာ မြန်မာကုန်သည်တွေ Bank account ဖွင့်ပြီးငွေ လက်ခံနေရတဲ့ အခြေအနေကနေ မြန်မာပြည် မူဆယ်မှာ တရုတ်တွေကို Bank account ပေးဖွင့်နိုင်ဖို့လုပ်ပေးရပါမယ်။ဒါမှငွေတွေ မြန်မာဘက်မှာ ရှိနေမှာပါ။
- Singapore ရဲ့ UOB and OCBC Bank တွေမှာ account ဖွင့် LC and TT လုပ်နေတာ၊ နိုင်ငံခြားငွေထားတာကို မြန်မာနိုင်ငံမှာ လိုင်စင်ပေးထားတဲ့ UOB and OCBC Bank တွေဆီကို ရွေ့လာအောင် ဆောင်ရွက်ပေးနိုင်ရင်ကောင်းပါမယ်။ မြန်မာ့Central Bank ဆီ နိုင်ငံခြားငွေ ဝင်လာနိုင်ပါတယ်။
- နိုင်ငံခြားငွေကို ဘဏ်အပ်တဲ့အခါ (၃ လ၊၆လ၊တစ်နှစ်အပ်) အတိုးပေးရင်တော့ ဖျာအောက်က USD cash တွေဝင်လာနိုင်ပါတယ်။
- နိုင်ငံခြားငွေ အဝင်/အထွက်ကို စီစစ်ခြင်းနည်းလမ်း ( အရင်ကတော့ ကျင့်သုံးဖူးပါတယ်။ ငွေဝင်လာရင် ၄-၅ ရက်မှရတာ၊ အထွက် TT လွှတ်ရင် ၄-၅ ရက်လောက်မှထွက်တာ)
Central Bank ကဟိုဖက်၊ဒီဖက် ၉-၁၀ ရက်လောက် သုံးလို့ရတာပေါ့)
- နိုင်ငံခြားငွေ ဝင်၊ထွက်သိရအောင် Import/Export လုပ်မယ့်သူတွေ နောက်(၃) လအတွက် အဝင်အထွက် ခန့်မှန်းတင်ခိုင်းလိုက်ပါ။ ဘဏ်တွေ၊ money changer တွေကိုလည်း နိုင်ငံခြားငွေ အရောင်း၊အဝယ် နောက် (၃) လစာ ခန့်မှန်းတင်ခိုင်းကြည့်ပါ၊ ဝန်ကြီးဌာနတွေရဲ့လိုအပ်ချက်တောင်းကြည့်ပါ ဒါဆိုရင်တော့ $ လိုအပ်ချက်သိရတာပေါ့။
- အစိုးရပိုင် MFTB,MICB, MEB တို့မှာရှိနေတဲ့ နိုင်ငံခြားငွေပိုလျံနေတာကို Central Bank မှစီမံခန့်ခွဲပါ။ငွေသေမဖြစ်စေပါနဲ့။
-ငွေပေးချေရင်လဲ ဒေါ်လာတစ်ခုထဲအားမပြုဘဲ နိုင်ငံအလိုက်သုံးငွေနဲ့ တိုက်ရိုက်သုံးစွဲပါ

၆။ နိုင်ငံခြားငွေရှာဖွေတဲ့ Export ကိုတကယ်အားပေးပါ။

- Exporter တွေကို ဂုဏ်ပြုပါ။ တခြားနိုင်ငံတွေမှာ Exporter ကိုငွေ incentive ပေးတယ်။ အတိုးနှုန်းသက်သက်သာသာနဲ့ငွေချေးပေးတယ်။ Trade financing တွေလုပ်ပေးတယ်။
- Export တင်တဲ့အခါအခက်အခဲတွေဖြေရှင်းပေးပါ
- နိုင်ငံခြားငွေအဓိကရနေတဲ့တရုတ်ပြည်နယ်စပ် မူဆယ်ဒေသဖံွ့ဖြိုးအောင်လုပ်ပေးပါ။ အခု မူဆယ်-နမ့်ခမ်းနားကလမ်းမကောင်းလို့ အဆင်းတစ်ရက်၊အတက်တစ်ရက်ဖြစ်နေတာ၊ကုန်လျော့တင်ရမှာတွေကိုဖြေရှင်းပေးရင်ကောင်းပါမယ်။ဘီလီယံနဲ့ချီပြီးငွေရှာနေဒေသဖြစ်ပေမဲ့ ဒေသဖံွ့ဖြိုးရေးinfrastructure အတွက်ပြန်သုံးပေးတာနဲပါတယ်။
- ဒုတိယသမ္မတနဲ့ လုပ်ငန်းရှင်တွေ့ တွေ့ဆုံပွဲကို မူဆယ်လိုနယ်စပ်မြို့တွေမှာလုပ်ပေးပါ။

၇။ FDI နဲ့ ခရီးသွားတွေဝင်လာအောင် ဆောင်ရွက်ပေးပါ။

အစိုးရအနေနဲ့ ဝန်ကြီးဌာနအလိုက် target တွေနဲ့ဆောင်ရွက်ပေးပါ။ Ease of doing business ကိုဘယ်အဆင့်ရောက်အောင်၊ tourists ဘယ်နှစ်ယောက်ဝင်အောင်စသဖြင့်ပါ။ကြိုးနီစနစ်ကိုလည်း လျော့ကျအောင်ဆောင်ရွက်ပေးပါ။

၈။ ဒေါ်လာဈေးတက်တော့ဘာဖြစ်နိုင်မလဲ။

မြန်မာငွေတန်ဘိုးကျမယ်။ ကျနော်တို့နိုင်ငံမှာ Import ကများတော့ ကုန်ဈေးနှုန်းတွေတက်လာမယ်။ ဓါတ်ဆီ၊ဒီဇယ်ဈေးတက်မယ်။ လူတွေသုံးစွဲတာတွေလျော့သုံးရတော့မယ်။
လုပ်ငန်းတွေအရောင်းအဝယ်ကျဆင်းလာမယ်။ရပ်ဆိုင်းလာမယ်။ အလုပ်လက်မဲ့များလာမယ်။

၉။ ပြည်သူနှင့်အတူ၊ စုပေါင်းအားနဲ့ဖြေရှင်းပေးပါ။

တိုင်းပြည်ကဆင်းရဲလို့ ဘာ incentive မှမပေးနိုင်ရင်တောင် ဒေသတချို့မှာ ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးစကားဝိုင်းကဲ့သို့ သော စကားဝိုင်းများကျင်းပပေးစေချင်ပါတယ်။ ဥပမာ "ပြည်ပပို့ကုန် မြှင့်တင်ရေး စကားဝိုင်း" တွေကို ထုတ်လုပ်သူ ( လယ်သမား၊မွေးမြူရေးသမား)၊စက်ပိုင်၊ကုန်သည်၊ exporters တွေနဲ့ ဆောင်ရွက်ပေးပါ။ဒါဆို လုပ်တဲ့သူတွေ Motivation ရပြီး ပို့ကုန် ၃ ဆတင်ပို့နိုင်အောင်ကြိုးစားကြမှာပါ။

No comments:

Post a Comment