===========
NCGUB ကို မတရားအသင်းအဖြစ်က ပယ်ဖျက်ပြီးချိန်မှာ တချို့ရှေ့မမီနောက်မမီလူငယ်တွေက..
NCGUB ဆိုတာ ဘာအဖွဲ့လဲဆိုတဲ့ မေးခွန်းကို မေးလာကြပါတယ်..
..
NCGUB ဆိုတာ National Coalition Government of the Union of Burma
ပြည်ပအခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ
်ညွန့်ပေါင်းအစိုးရအဖွဲ့ လို့ခေါ်ဆိုပြီး..
..
၁၉၉၀ ရွေးကောက်ပွဲအပြီး NLD အပြန်အသတ်အနိင်ရပြီးနောက် စစ်အာဏာရှင်က..အာဏာလွဲပေးဖို့ လမ်းစ မရှိတော့ချိန်..
၁၉၉၀ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ မာနယ်ပလောဌာနချုပ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်...
.
NCGUB ဟာ ပြည်ပအခြေစိုက်ဖြစ်ပေမဲ့
အစိုးရအဖွဲ့တစ်ခုပုံစံအဖြစ်
ပြည်ပရောက် NLD နဲ့ နိုင်ငံရေးသမားကြီးတွေ၊ ပညာရှင်တွေ နိုင်ငံရေးသြဇာရှိတဲ့တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်....
ပြည်တွင်းမြန်မာ့နိုင်ငံရေးကို
လေ့လာထားပြီး နိုင်ငံတကာကို
တစိုက်မတ်မတ် ဖိအားပေးလာသော
အဖွဲ့ဖြစ်ပါတယ်..
..
ပြည်ထောင်စုအရေး.
တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးကို
ဆောင်ရွက်ဖို့အတွက် NCUB (National Council of the Union of Burma)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုူသားကောင်စီ အမည်နဲ့..
#အခြေခံဥပဒေမူကြမ်းတစ်ခုကို ၁၉၉၇
ဒီဇင်ဘာကတည်းကကြိုတင်ရေးဆွဲထားခဲ့တဲ့ #အဖွဲ့အစည်းဖြစ်ပါတယ်..
..
..
ထင်ရှားတဲ့ခေါင်းဆောင်တွေက..
အမေစုနဲ့ မောင်နှမဝမ်းကွဲတော်စပ်သူ
ဒေါက်တာစိန်ဝင်းက ဝန်ကြီးချုပ်ဖြစ်ပြီး
ဦးဘိုလှတင့်နဲ့ ခွန်တယ်ဒီ်ဘူရီ၊ ဦးခွန်မာကိုဘန်း၊ ဦးသိန်းဦး၊ ဒေါက်တာစန်းအောင်..
ကျတော်တို့ရဲ့ ကျန်းမာရေးကို Online ကအထောက်အကူပြုပေးနေတဲ့..
ဆရာကြီးဒေါက်တာတင့်ဆွေတို့က ဝန်ကြီးများအဖြစ် တာဝန်ယူခဲ့ကြပါတယ်..
အများစုက NLD ကပြည်ပရောက်သွားသူတွေဖြစ်ပါတယ်..
..
၁၉၉၂ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ သတင်းစာများမှ
NCGUB အား ပြည်ပြေးအဖွဲ့အဖြစ် ပုတ်ခတ်ရေးသားဖော်ပြခဲ့ကြပြီး ကျန်ရစ်ခဲ့တဲ့.. ၎င်းတို့ရဲ့ မိသားစုများကိုလည်း
နည်းလမ်းပေါင်းစုံနဲ့ ပြသနာရှာခဲ့ကြပါတယ်..
..
ပြည်တွင်းမှာ ဦးသိန်းစိန်အစိုးရ တက်လာပြီးချိန်..
ပြည်ပက..NCGUB ဟာ ၎င်းတို့ရဲ့ အဖွဲ့ကို
၂၀၁၂ မှာ
ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်..
..
ထူးခြားသောတိုက်ဆိုင်မှု
==============
NCGUB စတင် ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၉၂ခုနှစ်မှာ ဝါ၊ စိမ်း၊ နီအရောင် မှာ ကြယ်ဖြူကြီးတလုံးပါရှိတဲ့အလံကို အစိုးရအဖွဲ့အလံအဖြစ်သတ်မှတ်
အသုံးပြုခဲ့တာ တွေ့ရပါတယ်..
..
..
၂၀၀၈ အခြေခံဥပဒေကို စစ်အစိုးရက ပြဌာန်းလိုက်ချိန်မှာ သတ်မှတ်လိုက်တဲ့ ယနေ့ မြန်မာနိုင်ငံတော် အလံဟာ ၁၉၉၂ ခုနှစ်ကတည်းက ၂၀၁၂ အထိ NCGUB က ပြည်ပမှာသုံးစွဲနေတဲ့
အလံနဲ့ အတိအကျနီးပါ ထပ်တူညီနေတာကတော့ မြန်မာသမိုင်းမှာ
အံ့အားသင့်ဖွယ်ရာပါပဲ..
..
အဲဒီအတွက် NCGUB ဖက်ကကော အံ့အားသင့်စွာ ထုတ်ပြန်ပြောဆိုခဲ့ပေမယ့်
စစ်အစိုးဖက်ကတော့ ၎င်းတို့ ပြဌာန်းတဲ့..နိုင်ငံတော်အလံနဲ့ အတိအကျတူနေခဲ့တာကို.. မည်သည့်ဖြေရှင်းချက်မှမပေးခဲ့တာ ယနေ့အထိပါပဲ..
..
..
အဲဒီလောက်ဆို NCGUB အကြောင်း
အကြမ်းအားဖြင့် သိလောက်ပြီထင်ပါတယ်..
.
ငရဲသား
No comments:
Post a Comment