Twitter Bird Gadget

Tuesday, July 4, 2017

ရဲ( Police)

အင်္ဂလိပ်​လိုpoliceလို့
​ခေါ်တဲ့သူ​တွေကို မြန်​မာလို
ဘာလို့"ရဲ"လို့ ​ခေါ်ကြလဲမသိဘူး ?

တစ်​ကယ်​ရဲတဲ့လူ​တွေနဲ့ ဖွဲ့ထားတဲ့
အဖွဲ့အစည်းမို့ အဲလို​ခေါ်တာလား
တစ်​ကယ်​ရဲတဲ့လူ​တွေပဲ အဲဒီအဖွဲ့ထဲ စု​နေလို့ ခေါ်​တာလား ?

ရဲတဲ့လူ​တွေပဲ စု​နေတာဆိုရင်​
သူတို့က ဘာကို ရဲကြတာလဲ
တိုက်​ရဲခိုက်​ရဲ လူဆိုးဖမ်းဖို့ရဲတာလား
ဒုစရိုက်​မှု နှိမ်​နင်းဖို့
မတရားမှုကို တိုက်​ဖျက်​ဖို့ရဲတာလား ?

ဒါမှမဟုတ်​
အကုသိုလ်​ ကျူးလွန်​ဖို့
ဥပ​ဒေကို မျက်​ကွယ်​ပြုဖို့ရဲတာလား
လာဘ်​စားဖို့
ပြည်​သူအ​ပေါ် မျက်​နှာလွဲခဲပစ်လုပ်​ဖို့​ရဲတာလား
ဘယ်​လိုရဲများလဲ...?

​ဟောဒီတိုင်းပြည်​မှာ
​ခေတ်​အဆက်​ဆက်​ ​ပြောစမှတ်​ဖြစ်​​လောက်​​အောင်​
မြန်​မာ့ရဲက​နေ ရွပ်​ရွပ်​ချွံချွံ ​ဖော်​ထုတ်​ဖမ်းဆီးနိုင်​ခဲ့တဲ့
အမှုအခင်း​တွေဆိုလို့
အရက်​ပုန်း​ရောင်းမှုတို့
ချဲ​ရောင်းမှုတို့
​နောက်​​ဖေးတန်းထမိန်​ရုတ်​မှုတို့
လမ်း​ဘေးဇယ်​ခုံ​တောက်​မှုတို့
​ပြည့်တန်​ဆာ အသွင်​ယူ​ပျော်​ပါးဖမ်းဆီးမှုတို့ပဲ များ​နေပြီး
တိုင်းသိပြည်​သိ ဟိုး​လေးတ​ကြော်​ဖြစ်​ရတဲ့ လူသတ်​မှုတို့ မူးယစ်​​ဆေးဝါးမှုတို့ဆိုရင်​ ဘယ်​​တော့မှ မိတယ်​မကြားဖူးပါ

ရဲ​တွေ အရည်​အချင်း ညံ့ဖျင်းနုံချာ​နေရခြင်းရဲ့ အဓိကပြဿနာက
ရဲတပ်​ဖွဲ့ရဲ့ ထိပ်​ပိုင်းနေရာ မှန်​သမျှကို
ရဲလုပ်​ငန်းနဲ့ပတ်​သက်​ပြီး ဘာတစ်​ခုမှ နားလည်​တတ်​ကျွမ်းခြင်းမရှိတဲ့ စစ်​ဗိုလ်​တွေကချည်း
ဝင်​ယူထားကြလို့ပါပဲ

​အောက်​​ခြေရဲ​ဘော်​​တွေအဖို့ ရဲသားဘဝမှာ
ဘယ်​​လောက်​ကြိုးစားကြိုးစား
ဘယ်​​လောက်​​ထက်​မြက်​ပြီး
ဘယ်​​လောက်​တော်​​နေတတ်​​နေပါ​စေ
အချိန်​တန်​ရင်​ ကိုယ်လောက်​​တောင်​မတော်​
ကိုယ်လောက်​​တောင်​မတတ်​တဲ့
စစ်​ဘက်​က​ပြောင်းလာတဲ့လူ​တွေကို
"ဆရာ"လို့​ခေါ်ပြီး အ​လေးပြုမြဲ ပြုရမှာပဲ ​ဖြစ်​တဲ့အတွက်​
တစ်​ကယ်​အရည်​အချင်​းရှိတဲ့လူ​တွေဟာ
ရဲထဲ ဝင်​​ရောက်​မှု နည်းပါးသွားရတယ်​လို့ ခန့်မှန်းရတယ်​

ဒီရက်​ပိုင်း မြန်​မာ့ရဲကို ပိုပြီးလူ​ဝေဖန်​စရာဖြစ်​ရတာက မင်္ဂလာဒုံက ၄​လောင်းပြိုင်​လူသတ်​မှုနဲ့ပတ်​သက်​တဲ့ သတင်းထုတ်​ပြန်​ချက်​ပါပဲ

ရဲ​တွေအ​နေနဲ့ တစ်​ကယ်​
အချက်​အလက်​ခိုင်​လုံလို့ ၄​လောင်းပြိုင်​ကိစ္စကို suicide​ကေ့စ်​အဖြစ်​ ထုတ်​ပြန်​လိုက်​တယ်​ဆ်​ိုရင်​ ဘာမှမဖြစ်​​ပေမယ်​
ကိုယ်​ရဲ့ ညံ့ဖျင်းအသုံးမကျတဲ့စွမ်းရည်​ကို ကာ​ချင်​ထေးချင်​လို့ ဘာမှ ပြန်​လည်​​ချေပနိုင်​​တော့မှာ မဟုတ်​​တော့တဲ့ ​သေလူတစ်​​ယောက်​ကို တရားခံ​နေရာ
ထည်​လိုက်​တာဆိုရင်​​တော့
​တော်​​တော်​​လေး များသွားပါပြီ

​နောက်​ပြီး
ရဲဘက်​ကထုတ်​​ပြန်​ထားတာနဲ့
ကျန်​ရစ်​သူမိသားစုဝင်​​တွေရဲ့ ​ပြောကြားချက်​​တွေဟာ အ​တော်​ကြီး ကွဲလွဲမှုရှိ​နေသလို အခင်းမဖြစ်​ပွားမှီက
ကိုစိုး​နောင်​ရဲ့ဇနီး မချယ်​ရီပွင့်ရဲ့ ဖုန်းနဲ့ ရိုက်ယူထားတဲ့ ခြံစည်းရိုးကပ်​
လာတယ်​ဆိုတဲ့ မသင်္ကာဖွယ်​ရာ
လူစိမ်း၃ဦးကိုလည်း ရဲက ဖမ်းမမိ​သေးပါဘူး

ဖမ်းမိဖို့ဆိုတာ ​ဝေးလို့
ဘယ်​သူမှန်း​တောင်​ ရဲကမသိ​သေးပါဘူး

အမှုသွားအမှုလာအရ ရှုပ်​ရှုပ်​​ထွေး​ထွေး
ရှိနေနိုင်​တဲ့​ကေ့စ်​တစ်​ခုကို
ကိုယ့်ဘက်​က မ​ဖော်​နိုင်​​တော့တိုင်း
မရှိ​တော့​တဲ့လူကို လူသတ်​သမား​နေရာထားပြီး အမှုပြည်​ဖုံးကားချ​ဖို့ ကြိုးစား​နေတာက
ရဲ​တွေအ​နေနဲ့ မ​လုပ်​ကောင်းပါ
ကျန်​ရစ်​သူမိသားစု​တွေကို မစာနာရာ
​ရောက်​ပါတယ်​

မြန်​မာ့ရဲကို တစ်​တိုင်းတစ်​ပြည်​လုံးက
ညံ့ဖျင်းတယ်​လို့ပဲ သိထားရာက​နေ
ယုတ်​မာတယ်​ဆိုတာတစ်​ခုနဲ့ပါတွဲပြီး
ထပ်​မသိပါရ​စေနဲ့​တော့လား

Soe Paing Oo သာဂိ

No comments:

Post a Comment