Please read this
instructions and you will be OK with Unicode in Windows Operating System.
မင်္ဂလာပါ ဇော်ဂျီအသုံးပြုသူများ
သင့်အနေဖြင့် ဝင်းဒိုးတွင် ယူနီကုဒ် အသုံးပြုချင်လျှင်
အောက်ပါညွှန်ကြားချက်များကို လိုက်နာပါ.. သင်အဆင်ပြေ အိုကေသွားပါလိမ့်မည်..
မငျ်ဂလာပါ ဇောျဂြီအသုံးပွုသူမြား
=========================================
Windows မှာ
မြန်မာယူနီကုတ် ကို အသုံးပြုချင်သူများအတွက် နည်းလမ်းများနဲ့ အမှန်မထင်
ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲများကို အောက်မှာ လေ့လာကြည့်နိုင်ပါတယ်... အခက်အခဲရှိရင်
မက်ဆေ့ပို့မေးမြန်းနိုင်ပါကြောင်း ....
Windows မှာ
မြန်မာယူနီကုဒ် ထည့်နည်းနှင့် ထည့်တဲ့အချိန်မှာ ဖြစ်တတ်သော အခက်အခဲများ။
------------------------
Windows မှာ ယူနီကုဒ်
ထဲ့သွင်းရတာ အလွယ်ကူဆုံးပါ။
၁။
ယူနီကုဒ်ဖောင့် တခုခုကို ဒေါင်းပြီး install လုပ်ပါ။
-----------------------
အောက်ဖော်ပြပါ ဖောင့်များသည် Unicode စံသတ်မှတ်ချက်အတိုင်း
အပြည့်အဝလိုက်နာသော ဖောင့်များဖြစ်သဖြင့် မိမိစက်အတွင်း
၎င်းဖောင့်များတစ်ခုခုရှိနေရုံမျှဖြင့် မည်သည့် Unicode စာသားများကိုမဆို
ဖတ်ရှုနိုင်မည်ဖြစ်သည်...
(က) (PyidaungSu
Font
ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း),
ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်,
ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ,
ရွှေပလောင်.)
ဒေါင်းလုဒ်လင့် --
(ခ) Myanmar
3 Font (တိုင်းရင်းသားစာများ မပါ) ၊ ဒေါင်းလုဒ်လင့်
(ဂ) သာလွန်ဖောင့် ဒေါင်းလုဒ်
TharLon Font (Burmese, Mon, Shan, Karen, Pa'o, Asho
Chin, Kayah and Karenni)
(ဃ) အခြားယူနီကုဒ်ဖောင့်များ ဒေါင်းလုဒ်
အထူးသဖြင့် Windows
8, 8.1 တို့တွင် Myanmar text Unicode font သည်
အလိုလျှောက် ထည့်သွင်းပြီးသားဖြစ်ပါသည်....
**************************
၂။ Unicode
font ထည့်သွင်းပြီးသည်နှင့် စာရိုက်စနစ် ကီးဘုတ်
တခုခုကို ထဲ့သွင်းရပါမည်။
-----------------------
(က)သင်ပုန်းကြီးအတိုင်းရိုက်ချင်ရင် KeyMagic က မြန်စံ လက်ကွက် ကို သုံးပါ။
ကီးမက်ဂျစ် ဒေါင်းလုဒ်
(ခ)Windows
8 , 8.1 တွင် Unicode စည်းမျဉ်းအတိုင်း ရိုင်နိုင်သည့်
မြန်မာလက်ကွက် အလိုလျှောက်ထည့်သွင်းပြီးသားဖြစ်သည်.. ထို့ကြောင့် Control panel > Language ထဲသိုသွား၍ Add Languages ခလုတ်ကိုနှိပ်ပါ..
ထို့နောက် ရှာဖွေသည့် Search
နေရာတွင် burmese ဟု ရိုက်၍
ရှာဖွေပါ.. မြန်မာစာ / Burmese
ဆိုသည်ဖိုင်လေးပေါ်လာသည်ကိုတွေ့လျှင် ၎င်းအားရွေးချယ်၍ Add ကို
နှိပ်လိုက်ပါက မြန်မာစာ Unicode စာရိုက်စနစ်ထည့်သွင်းပြီးသွားမည်ဖြစ်ပါသည်..
စာရိုက်လိုပါက Alt +
Shift ဖြင့် ပြောင်းပြီးရိုက်နိုင်ပါသည်။
(ဂ) Windows
XP , 7 တို့တွင် Window 8 မှာပါသည့် ကီးဘုတ် လက်ကွက်အတိုင်း
အသုံးပြုချင်ရင်
ယူနီကုဒ် စာလုံးစီပုံအတိုင်းရိုက်နိုင်တဲ့ ကီးဘုတ်ဒေါင်းလုဒ်
၃။ browser
မှာ ဖောင့် ပြောင်းပေးပါ။
-----------------------
***Chrome အသုံးပြုသူများအတွက်
Menu button > Settings > Show Advanced Setting
> Web content ဆိုတဲ့ နေရာမှာ Customize Font ကိုနှိပ်ပြီး Sans-serif Font နေရာမှာ
ယူနီကုဒ်ဖောင့် တခုခု ရွေးလိုက်ရင် ရပါပြီ။ Encoding ကို Unicode(UTF-8) ပြောင်းထားပါ။
Chrome မှာ Unicode ရော ဇော်ဂျီရော
တစ်ပြိုင်တည်းဖတ်ချင်ရင် Chrome Extension ဖြစ်တဲ့ Parallel Universe ဆိုတာကို
သုံးနိုင်ပါတယ်.. အောက်ကလင့်ကို နှိပ်ပါ ပြီးလျှင် Add to Chrome ကိုနှိပ်ပါ.. Add ပြီးသွားလျှင် Chrome browser ၏ ညာဘက်အပေါ် ထောင့်တွင်
ကကြီးခခွေး အိုင်ကွန်လေးပေါ်နေပါလိ့မ်မယ် .. အဲဒါကိုနှိပ်ပြီး ဇော်ဂျီဖြစ်ဖြစ် unicode ဖြစ်ဖြစ်
တစ်ပြိုင်တည်းကြည့်လို့ရပါမယ်
***Mozilla Firefox အသုံးပြုသူများအတွက်
Menu button > Options> Content Tab>
Default Font မှာ
သွင်းထားတဲ့ မြန်မာ ယူနီကုဒ်ဖောင့် တခုခုကို ရွေးပြီး OK နှိပ်လိုက်ရင်
ရပါပြီ။
Firefox မှာ
Unicode ရော ဇော်ဂျီရော
တစ်ပြိုင်တည်းဖတ်ချင်ရင် Firefox Addon တစ်ခုဖြစ်တဲ့ Parallel Universe ဆိုတာကို
သုံးနိုင်ပါတယ်.. အောက်ကလင့်ကို နှိပ်ပါ ပြီးလျှင် Download Now ကိုနှိပ်ပြီး
သွင်းလိုက်ပါ..
***Maxthon အသုံးပြုသူများအတွက်
Maxthon menu button
(Alt +F) > Settings > Advanced ကိုသွားပြီး Webpage Display နေရာမှာ Web page font ကို Select ခလုတ်ကနေ Unicode ဖောင့်တစ်ခုခုရွေးပေးလိုက်ရင်
ရပါပြီ။
***IE အသုံးပြုသူများအတွက်
Control panel > Internet
Options ကိုသွားပြီး Fonts ခုလုတ်ကိုနှိပ်၍ Unicode font တစ်ခုခုကို ရွေးပေးလိုက်ပြီး
OK နှိပ်ပါ၊
ထို့နောက် Accessibility
ခလုတ်ကို ထပ်နှိပ်၍ User Style sheet ဆိုတဲ့နေရာမှာ Format documents using my style sheet ဆိုတာကို
အမှန်ခြစ်ဖြုတ်လိုက်ပါ OK
နှိပ်လိုက်ပါ .. အစကတည်းက အမှန်ခြစ်မထားရင်လည်း ဒီတိုင်းပဲ Ok နှိပ်လိုက်ပါ..
အဲဒါတွေ လုပ်ပြီးရင် ယူနီကုဒ်ကို မြင်နိုင်ပါပြီ။
***************************************
ကြုံတွေ့နိုင်သော အခက်အခဲများ
*************************
၁) ** အရင် က PC Viber သုံးလို့ပဲ ဖြစ်ဖြစ် GTalk သုံးလို့ပံ
ဖြစ်ဖြစ် ဇော်ဂျီစာ မြင်ရဖိုအတွက် နိုဂို စက်ထဲပါသော Arial ဖောင့်ကို Zawgyi နဲ့
အစားထိုးထားသည်များရှိပါသည်။ ထိုarial Zawgyi ဖောင့်ရှိပါက
မည်သည့်နေရာတွင်မှ မြန်မာယူနီကုဒ်စာများ မမှန်ကန်ပါ။ Addon များမှာလဲ
အဆင်မပြေဖြစ်တတ်ပါသည်။
ဖြေရှင်းနည်း _
မူရင်း Arial
ဖောင့်ကို ပြန်ထဲ့ပေးလိုက်ပါ။
Replace လုပ်မည်ပြောလာပါမည်။ OK နှိပ်လိုက်ပါ။
ယူနီကုဒ်စာများ
မမြင်ရသေးပါက Restart
ချပါ။ မြင်ရလျှင် ပြီးပါပြီ။
၂) ** Arial
ပြန်ထဲ့ရုံဖြင့် အဆင်မပြေသေးပါက PC Viber နောက် version အတွက် mmsd-viber.ttf ကို
ထည့်ထားတာဖြစ်နိုင်ပါသည်။ Control Panel > Fonts > ထဲမှာ KaYin2014 ဆိုတဲ့
ဖောင့်ကို ရှာပါ။ တွေ့လျှင်ဖျက်လိုက်ပါ။ အပေါ်ကအတိုင်း ယူနီကုဒ်စာများ မြင်ရလား
စစ်ပါ။ မမြင်ရသေးလျှင် Restart
ချကြည့်ပါ။ မြင်ရလျှင် ပြီးပါပြီ။
၃) ** အပေါ်က ၂နည်းအတိုင်းအဆင်မပြေသေးဘူးဆိုလျှင်
*** Window 8 တွင် ဆိုလျှင်
Registry ကိုပြင်ကြည့်ပါမည်။
ဒီအထဲက အတိုင်းလုပ်ကြည့်ပါ။
restart ချကြည့်ပါ။
အဆင်ပြေရပါမည်။ (မှတ်ချက် Window 8 နှင့် 8.1 အတွက်သာ)
၄) ** Chrome
အတွက်ဆိုလျှင် တော့ ဒီအဆင်တွေ ပြီးရင် ရသင့်နေပါပြီ။
Mozilla Firefox မှာ ဖောင့်
ပြောင်းပြီးလို့ မရသေးဘူး ဆိုလျှင်-
- Firefox ကို ဖွင့်ပါ။
- address bar မှာ about:config ဟုရိုက်ထဲ့ကာ Enter ခေါက်ပါ
- ပေါ်လာတဲ့အထဲမှာ address bar အောက်နားမှာ Search : ဆိုတာ
ရှိပါသည်။
- အဲဒီအထဲမှာ font.name ဟု
ရိုက်ထဲ့လိုက်ပါ။ စာလုံးအမဲဖြင့် Bold ဖြစ်နေသော တန်ဖိုးများက ပြင်ထားသော
အရာများ ဖြစ်ပါသည်။ အဲဒီတွေအထဲမှာ Zawgyi ကို လိုက်ရှာပါ။ တွေ့လျှင်
အဲဒီတန်ဖိုးအပေါ်မှာ double
click ၂ချက်နှိပ်လိုက်ပါ။ ပြီးလျှင် ပေါ်လာတဲ့ text box ထဲက ZawgyiOne ဆိုတဲ့
တန်ဖိုးကို ဖျက်လိုက်ပါ။ တွေ့သမျှ အကုန်ဖျက်ပါ။ တန်ဖိုးတခုလုံးကို ဖျက်ခိုင်းတာ
မဟုတ်ပါဘူး။ အထဲက တန်ဖိုးကိုပဲ ဖျက်လိုက်ပါ။
- အဓိက ကတန်ဖိုးက
font.name.serif.x-unicode
အဲဒီတန်ဖိုးဖြစ်ပါသည်။ အဲဒါမှာ ZawgyiOne တွေ့ပါက ဖျက်ပြစ်လိုက်ပါ။ default က Times New Roman ပါ။
ပြင်ချင်ရင် ပြင်ထားခဲ့ပါ။ တကယ်လို့ www.google.com.mm မှာ
မြန်မာစာတွေ လေးထောင့်တုံးတွေပဲပေါ်ရင် အဲဒီတန်ဖိုးထဲမှာ ယူနီကုဒ်ဖောင့်တခုခုရဲ့
နာမည်ကို ထည့်ခဲ့ပါ။ နာမည်တွေကို Fonts ထဲ့မှာ ရှာနိုင်ပါသည်။ ဥပမာ Myanmar3, Pyidaungsu, Tharlon ပါ။ Firefox fonts Setting ကို Options > Content tab ထဲမှာ နောက်တခါ
setting ပေးပါ။
ယူနီကုဒ်ဖောင့် တခုခုကို ပြန်ပြောင်းပေးလိုက်ပါ။ ဒါမှ မရလျှင် မရတာ ထပ်တာ
လာမေးတော့ ဗျာ။
Zawgyi နဲ့သာ
ပေါက်တတ်ကရ လုပ်မထားခဲ့ဘူးဆိုလျှင် မြန်မာယူနီကုဒ်ဖောင့်ထည့်ထဲ့တာကော
ဇော်ဂျီဖောင့်ကို ပြန်ပြောင်းတာကော အဲလောက် မခက်တော့ပါ။ ဖြစ်နိုင်လျှင်တော့
ကိုယ်လုပ်တာ ကိုယ်မှတ်ထားတာ အကောင်းဆုံးပါပဲဗျာ။
REF : ဆန်းလင်းနိုင်
No comments:
Post a Comment