Twitter Bird Gadget

Tuesday, June 13, 2017

... ထူးဆန်းသော လူသားတွေ မြန်မာပြည်မှာ တကယ်ရှိတယ်ဗျ ..

ယူနီကုဒ်ကို ပြောင်းသုံးကြဖို့ နှိုးဆော်တာဟာ .. ဇော်ဂျီနဲ့ ယူနီကုဒ်ကြားက နည်းပညာကိစ္စ မဟုတ်ပါဘူး ဆိုတာ အကြိမ်ကြိမ် ပြောနေခဲ့သလို .. ဇော်ဂျီနဲ့ ယူနီကုဒ်ကြားက ပြဿနာ မဟုတ်ဘူး ဆိုတာကို နိုင်သလောက် ရှင်းပြပါတယ်။

.. ဇော်ဂျီဟာ .. ဖောင့် (စာလုံးပုံ) ပါ။
.. ယူနီကုဒ်ဟာ .. စံ စနစ်ပါ။ (သူ့ရဲ့ စံနဲ့ ကိုက်ညီရင် ဘယ်စာလုံးပုံမဆို အဆင်ပြေပါတယ်။)

.. ဇော်ဂျီဟာ ယူနီကုဒ်ရဲ့ စံ နဲ့ လွဲနေတာကြောင့် .. အဆင်မပြေဖြစ်ရတာ ဖြစ်ပြီး .. စံတစ်ခုကို လိုက်နာခြင်းအားဖြင့် ... စာရေးသူ .. စာဖတ်သူထက် ကျော်တဲ့ အခြားသော အကျိုးအမြတ်တွေကို နိုင်ငံရဲ့ အနာဂတ်နည်းပညာမှာ ရလာမယ်ဆိုတာကို ရှင်းပြပါတယ်။

.. ဇော်ဂျီဟာ .. မြန်မာ့အင်တာနက် လောကကို အကျိုးအများကြီး ပြုပြီးသွားပြီ။ အခုက ထားခဲ့ဖို့ လိုအပ်လို့ ထားခဲ့ရတာပါလို့လည်း ရှင်းပြပါတယ်။

အဲဒီ ရှင်းလင်းချက်တွေမှာ တဖက်စောင်းနင်း ဘာမှ မပါဘူးလို့ မြင်မိပါတယ်။ ဆွေးနွေးသူတွေကိုလည်း အမြဲကြိုဆိုနေတာပါပဲ။

... ဒါပေမယ့် ထူးဆန်းသော လူသား တစ်ယောက် နှစ်ယောက်လောက်က .. အလိုလို နေရင်း ဒေါသထွက် ဘုဂလန့် ပြောသွားတာမျိုး ..

... ဇော်ဂျီတောင် မှန်အောင် မသုံးနိုင်သေးဘဲ နည်းပညာ ဘာတိုးတက်မှာလဲ .. ဆိုတာမျိုး ပြောပြီး ဘလော့သွားတာမျိုးလည်း ကြုံရသေးတယ်။

.. ဆွေးနွေးမှုလည်း မလုပ် .. ဘာပြောနေတာလည်း ဆိုတာလည်း သိအောင် မကြိုးစားဘဲ .. စိတ်ထင်တိုင်း မှန်နေတတ်သော ...

ထူးဆန်းသော လူသားများလို့ မှတ်တမ်းတင်ရမှာပါပဲ။

.. လှောင်တာ မဟုတ်ပါ။ ထူးဆန်းတယ်လို့ တကယ်ခံစားရလို့ပါ။ သိချင်တာ ရှိရင် အချိန်မရွေး ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော် နားမလည်တာပါရင် .. ကျွန်တော့်ထက် တတ်ကျွမ်းသူတွေနဲ့ ဆက်သွယ်ပေးပါ့မယ် .. ခင်ဗျာ။

ဇူလိုင်လ ၁ ရက်နေ့မှ စ၍ ယူနီကုဒ်ကို ပြောင်းသုံးကြပါစို့ ခင်ဗျာ။

ကိုထိုက်

No comments:

Post a Comment