Twitter Bird Gadget

Friday, January 27, 2017

စီးပွားရေး အင်ဂျင်ကြီး လေးလုံး (၁)


စီးပွားရေးကို မျက်ခြေမပြတ် လေ့လာဘို့ လူသိအများဆုံး နည်းလမ်းကတော့ သုံးစွဲမှု ဆိုတဲ့ အဓိက ကျတဲ့ အမျိူ းအစား လေးမျိူး ကို ကြည့်တတ်ဘို့ပဲ ဖြစ်ပါတယ်။
စီးပွားရေးသည် လေယာဉ်ပျံတစင်းဆိုက အဲ့သည်မှာ တပ်ထားတဲ့ အင်ဂျင် လေးလုံးကတော့ ၀ယ်ယူ သုံးစွဲသူများ၊ စီးပွားရေး လုပ်ငန်းများ၊ အစိုးရ နဲ့ ပြည်ပ ပို့ကုန် တွေ ဖြစ်ပါတယ်။ အရှိန်နှုံးကတော့ အဲ့သည့် အင်ဂျင် လေးလုံးရဲ့ ပါဝါ အပေါ် မူတည်နေပါတယ်။
သို့သော်လည်း ဒီအင်ဂျင်တွေက အရွယ်အစား မတူကြတဲ့အတွက် သူတို့ကလည်း ကိုယ်ပိုင် အမြန်နှုန်း speed နဲ့ မောင်းနှင်နေကြတာ ဖြစ်ပါတယ်။ အောက်တွင် ဖေါ်ပြထားတာတွေကတော့ အဲ့သည့် အမျိူ းအစား (၄) မျိူ းက GDP စုစုပေါင်းမှာ ဘယ်လို အချိူ းအစားနဲ့ ပါ၀င်နေကြလဲဆိုတာ ၂၀၀၇ ကနေ ၂၀၁၁ အမေရိကန် GDP နဲ့ နှိုင်းယှဉ်ဖေါ်ပြထားပါတယ်။ စုစုပေါင်းက ၁၀၀% ကျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွင်းကုန်တွေကို ပြန်နှုတ်ပေးစရာ ရှိလို့ပါ။
(၁) ကုန်ပစ္စည်းများ နဲ့ ၀န်ဆောင်မှု လုပ်ငန်းများအပေါ် ၀ယ်ယူ သုံးစွဲမှု — ၇၀%
(၂) အိုးအိမ် တိုက်ခန်း များနဲ့ ပြန်လည် မွမ်းမံမှု — ၃%
(၃) အဆောက်အဦးများအပေါ် စီးပွားရေးအရ မြှုပ်နှံမှု — ၃%
(၄) စက်ပစ္စည်းများ ၀ယ်ယူ မြှုပ်နှံမှု — ၈%
(၅) လက်ကျန်ပစ္စည်း သိုလှောင်မှု အပေါ် ရင်းနှီးမြှုပ်နှံမှု — ၀%
(၆) အစိုးရ အသုံးစရိတ် — ၁၉%
(၇) ပြည်ပ ပို့ကုန် — ၁၂%
(၈) ပြညိပ သွင်းကုန် — ၁၆% (စုစုပေါင်းမှ ပြန်နှုတ်ပေးရန်)
ဒါကို ကြည့်ရင် လူတွေရဲ့ ၀ယ်ယူ သုံးစွဲမှုဟာ GDP ရဲ့ ရာခိုင်နှုန်း အများဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ GDP စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံခန့် ရှိပါတယ်။ ဒီလို သုံးစွဲမှုတွေ ဖြစ်လာအောင် အဓိက ကတော့ အိမ်ထောင်စုတွေရဲ့ ၀င်ငွေတွေ အပေါ် တည်မှှီနေပြီး အဲ့သည့် ၀င်ငွေတွေကလည်း လုပ်ခ တို့ အလုပ်အကိုင် ရရှိမှု တို့ မြင့်တက်လာမှသာ သုံးစွဲမှုကလည်း နောက်က လိုက်ပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။
အိမ်တန်ဘိုးတွေ စတော့ရှယ်ယာဈေးတွေ ထိုးတက်လာတဲ့အခါ ၀ယ်ယူသုံးစွဲသူများ အနေနဲ့ အရင်ကထက် ချမ်းသာ ကြွယ်၀လာပြီ လို့ အထင်ရောက်လာတဲ့အတွက် ပိုပြီး ၀ယ်ချမ်း သုံးစွဲလာကြပါတယ်။
ပုံမှန် တွက်ချက်မှု အရ တဒေါ်လာ ပိုပြီး ချမ်းသာကြွယ်၀လာရင် အဲ့သည့်နှစ်အတွက် ၄ ဆင့် သုံးစွဲမှု မြင့်တက်လာပါတယ်။
ပြောင်းပြန်အားဖြင့် ပြောရလျင် အိမ်တန်ဘိုး တွေနဲ့ စတော့ရှယ်ယာဈေးတွေ ကျသွားရင် သုံးစွဲသူတွေဘက်က လျော့သုံးလာကြလို့ စီးပွားရေးမှာ အားပျော့သွားရပါတယ်။

No comments:

Post a Comment