Twitter Bird Gadget

Saturday, January 14, 2017

စစ်



စစ်

တခမ်းတနား လက်မှတ်ရေးထိုးပွဲတွေ
မီဒီယာ မှာ ပလူပျံလာပြီဆို
သားကြောက်တယ်မေမေ။
အနုပညာရှင်တွေရဲ့
ရန်ပုံငွေပွဲတွေ
အတတ်ပညာ ရှင်တွေရဲ့
သုံးသပ်ချက်တွေ
သားကြောက်တယ် မေမေ။
ပရဟိတ နဲ့ အန်ဂျီအို
အဖွဲ့အစည်းတွေ
ခြေချင်းလိမ် အလုပ်ရှုပ်
မိုး စုန်းစုန်းချုပ်သည်ထိ
စာနာ ဖေးမ ကြပေမဲ့
လမ်းမပြ နိုင်ခဲ့ဖူး မေမေ။
အရောင်အရ ဆိုတော့ မမှောင်ပါဘူး
မလင်းဖူးတဲ့ ဘဝတွေအတွက်
ယောင်နန မျှော်လင့်ချက်
ရေးရေးတောင် မသန်းဖူးတော့
အလင်းဆိုတာကို
မယုံတော့ဘူး မေမေ။
ခေါင်းဆောင်လည်း မသိပါဘူး
ခေါင်းရှောင်တွေလည်း မမြင်ဖူး
ဘယ်သူ့မှ မကျူးရပါဘဲ
ကိုယ့် ဒူး ကိုယ်
မပိုင်တဲ့ ဘဝ
ယိုင်နဲ့နဲ့ ကျားကန်ထားရင်း
မငြိမ်းချမ်း တဲ့ ဘဝမှာ
တစ်ခုပဲ
တောင်းဆိုပါရစေ
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးတော့
စာလုံး ပေါင်းတတ်အောင်
သင်ပေးလိုက်ပါ မေမေရယ်။

No comments:

Post a Comment