ခွင့်လွှတ်ပါ အဖိုး
************
သူများတွေ ပျော်တယ်
ကျွန်တော်တော့
ငေးနေမိတယ်....
အဖိုး ရေ ။
အဖိုး ကတော့
သားပစ့်မယားပစ်
တိုင်းပြည် အတွက် လုပ်ရင်း
လွတ်လပ်ရေး အတွက်
မရှိမဲ့ရှိမဲ့ အသက် တစ်ချောင်း ကို
ဇူလိုင် (၁၉ ) မှာ
ရေစက်မချပဲ
လှုဒါန်းခဲ့တယ် ။
အဖိုး အမွေထား ခဲ့တဲ့
ကျွန်တော်တို့ အမေ
အဖိုးသမီး ခမျာ လည်း
လင်ပစ် သားပစ် နဲ့
ဂျုံးဂျုံး ကျ တိုင်းပြည်ကို ကယ်တင်ဖို့
အင်းယားကန်ဘေး က အိမ်အိုကြီးထဲမှာ
နုပျို ချိန်တွေ စတေးပြီး
ပါးရည် တွေတောင် တွန့်စ ပြုလာပေါ့ ။
ဒီနေ့
ဒီလွှတ်တော် ထဲမှာ
အပြုံး တွေနဲ့ လက်ခုပ်တီးနေတဲ့
အဖိုးသမီး
ကျွန်တော် တို့ အမေ
ဝမ်းသာနေတာလား ?
အဖိုး ကြားနိုင်ရင်
သူမ ပြောလိမ့်မယ်
" ပျော်တာပေါ့ အဖေ ရယ်
ပျော်တာပေါ့ အဖေရယ်
သမ္မတ မဖြစ်လည်း
ပြည်သူ့ အတွက် တကယ်ပျော်ပါတယ် "။
အဖိုး သမီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးတယ်
အားရပါးရ လက်ခုပ်တီးတယ်
ဒီနေ့ မှာတော့
သူများတွေ ပျော်ကြတယ်
ဒါပေမယ့်
ကျွန်တော် မပျော်နိုင်ဘူး
ငေးနေမိတယ်
အဘိုးရော
အဘိုးသမီး ရော
ကိုယ့်အတွက် ကိုယ်မတွေးကြပဲ
ကျွန်တော်တို့လို မျက်နှာမွဲ ပြည်သူတွေ အတွက်ပဲ
ရှင်သန်ခဲ့တယ်လို့ဗျာ......
တကယ်ကို
အားနာပါရဲ့ ။ ။
( 15 / 3 /16 )
Credit👆👆👆
No comments:
Post a Comment