Twitter Bird Gadget

Thursday, January 12, 2017

''A''သွေးအကြောင်း


စိတ်နေသဘောထား
………………………
Aသွေးပိုင်ရှင်တွေဟာ တယောက်တည်းဆို စိတ်ကူးယဉ်ကမ်ဘာလေးမှာပျော်မွေ့နေတတ်ကြတယ် မာနကြီးတယ် သစ္စာတရားကိုတန်ဖိုးထားတယ် ကိုယ့်ကိုကတိပေးထားတဲ့အတိုင်းတည်မှသဘောကျတယ် တစ်ခါခံစားဖူးရင်နောက်တကြိမ်ပြန်စဖို့ကို ကြောက်နေတတ်တယ်အပြင်ပန်းကမာကျောမေပယ့် စိတ်ထားနူးညံ့ပြီး ထိချလွယ်တယ် အားငယ်နေရင် ကိုယ့်ကိုအားပေးမယ့်လက်တစုံကိုလိုချင်ကြတယ် စိတ်ညစ်လာပြီဆိုရင် စိတ်ညစ်စရာအကြောင်းကို တယောက်ယောက်ကိုရင်ဖွင့်လိုက်ရမှနေသာထိုင်သာရှိတယ် Aသွေးတွေဟာ မိသားစုအပေါ်မှာ အနိုင်ယူချင်ကြတယ် အမြဲလိုလိုတယောက်ယောက်အပေါ် ကလေးတယောက်လိုဆိုးနေရတာ ဂျီကျနေရတာကိုသဘောကျနေတတ်တယ် လိုချင်ရင်မရ ရတဲ့နည်းနဲ့ ယူတတ်တဲ့အကျင့်ရှိတယ် Aသွေးပိုင်ရှင်တွေဟာ စိတ်ညစ်ရင်သီချင်းနားထောင်တာပိုများတယ် စိတ်ကောက်ရင်လည်းခဏပဲ ဒါပေမယ့်စိတ်နာသွားရင်လုံးဝလှည့်မကြည့်ဘူး အငြိုးထားပြီဆိုမရဘူး ကမ်ဘာမြေပြင်အဆုံးမြေလှန်ရှာပြီးလက်စားချေမယ့်သူမျိုး သူတို့ကိုဒေါသထွက်အောင် လုပ်မိရင်စကားပြန်မပြောတတ်ကြပေမယ့် ချော့လိုက်ရင်ခဏလေးနဲ့ပြေတတ်ကြပါတယ်



အချစ်စိတ်
……………
Aသွေးပိုင်ရှင်တွေက အရမ်းကို အချစ်ကြီးပါတယ် သဘောထားကြီးတယ် လူတယောက်ကိုချစ်မိပြီဆိုရင် အသက်နှင့်ထပ်တူချစ်တတ်ပြီး နာကျဉ်းသွားပြီဆိုရင်လည်း သွေးအေးအေးနဲ့ရက်စက်တတ်တယ် Aသွေးတွေဟာ မျက်နှာများတယ် ရည်းစားကိုလွယ်လွယ်ထားတယ် အချောအလှတွေမြင်ရင်ကြိုက်တတ်ကြပေမယ့် လွယ်လွယ်မချစ်တတ်ကြပါ ချစ်ခဲပြီးအချစ်မြဲတာ Aသွေးပါ အချစ်နဲ့ပတ်သက်လာရင် အရမ်း romance ဆန်ကြတယ် သဝန်တိုလွန်းကြတယ် ရစ်တတ်ကြတယ် ဒါကြောင့် ချစ်သူရဲ့စွန့်ခွာခြင်းကိုခံရကြတယ် Aသွေးပိုင်ရှင်နဲ့ချစ်သူဖြစ်ပြီဆိုရင် နားလည်မှုမပေးနိုင်တဲ့သူနဲ့တွေ့ရင် ခဏတာချစ်ခွင်ရပြီးကွဲသွားတတ်တယ် Aသွေးပိုင်ရှင်တွေဟာ အချစ်စိတ်ကြီးမားသလောက် အချစ်ရေးမှာကံမကောင်းတတ်ကြပါဘူး ကိုယ်ချစ်သလောက် ကိုယ့်ကိုပြန်မချစ်ဘဲ ဥပက္ခာပြုခြင်းအမြဲခံရတတ်ကြပါတယ်

နေထိုင်မှုပုံစံ
……………
Aသွေးပိုင်ရှင်တွေဟာ တယောက်တည်းနေတတ်ပြီး အဆွေးသီချင်းတွေကိုပိုကြိုက်တဲ့ မာနခဲလေးတွေပါ လွတ်လပ်မှုကိုသဘောကျတယ် အနေအေးပါတယ်ဟန်မဆောင်တတ်ဘူး ပွင့်လင်းတယ် လူစည်ကားတဲ့နေရာတွေကိုသိပ်မသွားချင်ကြဘူး သန့်ရှင်းမှုကိုသဘောကျတဲ့သူတွေပါ

ပေါင်းသင်းဆက်ဆံရေး
…………………………
Aသွေးတွေဟာ အပေါင်းအစင်းတွေနဲ့ဆိုကလေးဆန်ဆန်နေတတ်ပြီး မိဘ တစိမ်းတွေရှေ့မှာဆို ရင့်ကျက်တဲ့အမူအရာ
ဖမ်းတတ်တဲ့သူတွေပါ friတွေနဲ့ပျော်ပျော်နေတတ်သလို ရှုပ်ရှုပ်ရှက်ရှက်မကြိုက်ဘဲ အေးအေးဆေးဆေး တယောက်တည်း သီးခြားခွဲနေတတ်သူပါ အပေါင်းအသင်းများတယ်ထင်ရပေမယ့် အမြဲအထီးကျန်နေတတ်တယ်ဒါပေမယ့် သူငယ်ချင်းတွေနဲ့ဆို သူမဟုတ်တဲ့အတိုင်း အရမ်းစကားများပြီး active ဖြစ်နေတတ်တယ် ကူညီတတ်တယ် ဒါပေမယ့် စေတနာကိုအသိအမှတ်ပြုမခံရရင် နောက်တခါသူဘာဖြစ်ဖြစ်ဂရုမစိုက်ဘူး မျက်နှာထားခပ်တည်တည်နေတတ်ပေမယ့် အစအနောက်သန်သူများဖြစ်တယ် ပိုက်ဆံကိုချွေချွေတာတာစုဆောင်းတတ်ပေမယ့် အပေါင်းအသင်းတွေနဲ့ဆို အသုံးအဖြုန်းကြီးသူတွေဖြစ်တယ်

အားနည်းချက်
…………………
Aသွေးတွေရဲ့အားနည်းချက်က အားနာတတ်တယ် ရှက်တတ်တယ်အယုံလွယ်တယ်

(Aသွေးအကြောင်း စုဆောင်းထားတာလေးတွေကို ရေးသားထားတာပါ)

No comments:

Post a Comment