====================
တန်ဆောင်မုန်းလပြည့်နေ့ ညအခါသမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆- ပါးသော ရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကိုရှည်စေပါတယ်လို့ သာရကောမုနိဆေးကျမ်းက ဆိုထားပါတယ်။
တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့
နတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်မင်းကို တချိန်တည်းမှာ တညီတညွတ်တညွတ်ထဲ
လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။
တန်ဆောင်မုန်းလပြည့်ညဟာ ကြယ်တာရာနက္ခတ်အစုံ ထွက်ပေါ်ချိန် လရိပ်သည် ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန် ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင် အပြည့်အဝပြတယ်လို့လဲ ဆိုကြပါတယ်။
ညသန်းခေါင် မွန်းတည့်ချိန်ရောက်သောအချိန်မှာ ရရာသစ်မြစ်ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ် ဤကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တ်ုိ့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။
မဲဇလီဖူးသုပ် စားခြင်းကို ဆေးပညာရှုထောင့်က ကြည့်မည်ဆိုလျှင် မဲဇလီဖူးမှာ
ရေဓာတ်၊ ဂလူကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊
ကမ်ဖီရောစတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့
အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။
မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။
အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေ ပါတယ်
မဲဇလီဖူးကို ရောဂါကင်းရှင်းစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။
အ ကြောင်းကတော့ အန်သရာကွီနုန်းပမာ ဏ များစွာ ပါဝင်ပြီး ဝမ်းချုပ်တာ၊
သွေး ထွက်တာနဲ့ အက်စစ်ဆန်တက်ပြီး ရင်ပူတာတို့လို အစာခြေ
အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဆန့်ကျင်ရာမှာ အဓိက အသုံးဝင်ပါတယ်။
ဝမ်းမှန်မှန်သွားစေပါတယ်
မဲဇလီဖူးဟာ အူတွေကို သန့်စင် စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို
ကောင်းမွန်စေတာကြောင့် ဝမ်းပျော့ပျော့သွား စေတဲ့ အာနိသင်ရှိပါတယ်။
ဒါ့အပြင် အူ လမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။
ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်
မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါ တယ်။
ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်
မဲဇလီဖူးကို စားတာကြောင့် သရက် ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ်
အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင်အစွမ်း ရှိတာပါ။
ရောဂါကို တွန်လန်နိုင််တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေ
ဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ
ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။
ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်
မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော
ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု
မဖြစ် အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း
ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင်
ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့
လိုအပ်နေပါသေးတယ်။
ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ်
လေ့လာမှုတွေ အရ မဲဇလီဖူးမှာ Staphylococcus aureus, Pseudomonas
aeruginosa နဲ့ Proteus. vulgaris စတဲ့ ပိုးတွေကို တွန်းလှန်ပေး နိုင်တဲ့
အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ဖန်းဂပ်စ် မှိုတွေ ကိုတော့ တွန်းလှန်
နိုင်တယ်လို့ မပြသထားပါဘူး။
အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်
မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင်
ကာကွယ်ပေးတဲ့ ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့
အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်ဆိုတာကို သုတအလို့ငှာ တင်ပြလိုက်ပါရစေ...။
Credit_ တိပိဋကတ် မြန်မာပြန်

No comments:
Post a Comment