Twitter Bird Gadget

Saturday, December 20, 2014

၁၂ ပွင့်ဆိုင်တွေ့ဆုံရန် တောင်းဆိုမှုသည်


ရန်ကုန်လွှတ်တော်က ၁၂ ပွင့်ဆိုင်တွေ့ဆုံရန် တောင်းဆိုမှုသည် ဆွေးနွေးပွဲ အစစ်အမှန်ဖြစ်ပေါ်ရေးကို အနှောက်အယှက်ပေးသည့် လုပ်ရပ်ဟု ဆို

ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီး ၁၂ ပွင့်ဆိုင် ဆွေးနွေး ရန် တောင်းဆိုမှု သည် ဆွေးနွေးပွဲအစစ်အမှန်ပေါ်ထွန်းရေးကို အနှောင့် အယှက်ပြုသည့် လုပ် ရပ်တစ်ခုဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် က RFA သတင်းဌာန ၏ဒီမိုကရေစီခရီးကြမ်း အစီအစဉ် တွင် ဝေဖန် ပြောကြား လိုက်သည်။

အရင်တုန်းက ၄ ပွင့်တောင်း တုန်းက ၁၄ ယောက်တွေ့သလိုလို၊ ဘာ လိုလို နောက်တော့ ၆ ပွင့်ဆိုင်၊ အခု ၁၂ ပွင့်ဆိုင်လိုလို အဲ့လိုဟာတွေ လုပ်တာ ကတော့ ကျွန်မအနေနဲ့တော့ တကယ့်ဆွေးနွေးပွဲတွေ မဖြစ်မြောက် အောင် ဦးတည်တယ်လို့ ဒီလိုပဲပွင့်ပွင့် လင်းလင်းပြောရမှာပဲ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင် ရေးအတွက် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ဒေါ် အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသား ကိုယ်စား လှယ် ၇ ဦးပါဝင်သည့် ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ရန်ကုန် တိုင်း လွှတ်တော် တွင် ဒီဇင်ဘာ ၁၀ ရက်က မဲခွဲဆုံးဖြတ်ခဲ့သည်။ လွှတ် တော် အမတ် ဦးရေ တစ်ရာကျော်သာ ရှိသည့် တိုင်းလွှတ်တော်တွင် ယင်း အဆိုအပေါ် မဲခွဲ ဆုံးဖြတ်ရာထောက် ခံမဲ ၉၉ မဲ ကန့်ကွက်မဲ ၉ မဲဖြင့် အတည်ပြုခဲ့ကြခြင်းဖြစ် သည်။

ရန်ကုန်တိုင်း ကရင်တိုင်းရင်း သားရေးရာဝန်ကြီးက ဒီဇင်ဘာ ၉ ရက်တွင် လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်က လွှတ်တော်အမတ် ၁၄ ဦးဆွေးနွေးရာ အများစုထောက်ခံ ဆွေးနွေးခဲ့ပြီး ယင်း အဆိုကို လျှို့ဝှက် မဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ လျှို့ဝှက်မဲစနစ်ကို ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်တွင် ယ ခုပထမဆုံးအကြိမ်အဖြစ် ကျင့်သုံး ခဲ့ ခြင်းဖြစ် ပြီး ယခင်က ထောက်ခံခြင်း၊ ကန့် ကွက်ခြင်းများကို ကိုယ်စားလှယ် များက မတ်တတ်ရပ်ကာ အဆိုပြုရ ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးအတွက် ဆွေးနွေးတဲ့အခါမှာ ဒီ ခြောက်ပွင့် ဆိုင်ဆွေးနွေးရုံ၊ တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးတည်း ဆွေး နွေးရုံနှင့် မလုံလောက်ဘဲ ကျန်တိုင်း ရင်းသားများဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းဆိုတဲ့ တိုင်းရင်းသားများပါ ထည့်သွင်းဆွေး နွေးမှသာလျှင် ပိုမိုပြည့်စုံ တဲ့ ဆွေး နွေးချက်ဖြစ်မယ် ဟု နယ်စပ်ရေးရာ နှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းပုံပြင်ဆင်ရေးဆွေးနွေးရန် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့် နှင့် တိုင်းရင်းသား ကိုယ်စားပြုလွှတ် တော် ကိုယ်စားလှယ်ဖြစ်သော အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ အေးမောင် တို့ ခြောက်ပွင့်ဆိုင်ဆွေး နွေးကြရန် အတည်ပြုထားသည်။

ခြောက်ပွင့်ဆိုင်ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်တွင် နိုဝင် ဘာလ ကုန် ပိုင်းကတည်းက အ တည်ပြုထားသော်လည်း ပြည်ထောင်စုအစိုးရဘက်ကမူ လက်ရှိအချိန်ထိ တရားဝင်အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
                          $$$$$$$$$$$$$$$$$$$$$$$$$$$$

No comments:

Post a Comment