Twitter Bird Gadget

Monday, December 15, 2014

မြန်မာ မိုလ်ဘိုင်းဖုန်း နိုင်ငံခြားမှာ သုံးနိုင်မယ်


မြန်မာ နိုင်ငံက မိုလ်ဘိုင်း ဖုန်းတွေကို International Roaming လို့ခေါ်တဲ့ နိုင်ငံရပ်ခြား သွားရောက်တဲ့ အခါမှာလည်း အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။
International Outbound စနစ် ဖြစ်တဲ့ ဒီလို နိုင်ငံ ရပ်ခြားမှာ အသုံးပြု နိုင်မယ့် အစီ အစဉ်ကို ဇူလိုင် လဆန်းမှာ စတင်ဖို့ မြန်မာ စာတိုက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး MPT ကနေ ဆောက်ရွက် နေပြီ ဖြစ်ပါတယ်။
ငွေဖြည့်ကဒ်သုံးနဲ့ ငွေဖြည့်စရာ မလိုပဲ နောက်မှ ကျသင့်ငွေ ရှင်းရတဲ့ မိုလ်ဘိုင်း ၂ မျိုး စလုံး အတွက် အသုံးပြု နိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေးနဲ့ သတင်း အချက် အလက် နည်းပညာ ဌာန နေပြည်တော် ဌာနခွဲရဲ့ ဒုတိယ အထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်က ဘီဘီစီကို ပြောပါတယ်။
နိုင်ငံခြား မထွက်ခင် မိုလ်ဘိုင်း ဖုန်းတွေကို ရန်ကုန်မှာ မှတ်ပုံ အရင် တင်ရမှာ ဖြစ်ပြီး၊ ငွေဖြည့် သွားရမှာ ဖြစ်တယ်လို့ လည်း ဦးသိန်းဟုတ်က ပြောပါတယ်။
မြန်မာ အိမ်နီးချင်း နိုင်ငံတွေ အကုန်လုံး အပါအဝင် နိုင်ငံပေါင်း ၃၀ မှာ မြန်မာ မိုလ်ဘိုင်းဖုန်းတွေကို ယူသွား အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
International Inbound စနစ်မျိုးလို နိုင်ငံခြားက မိုလ်ဘိုင်းတွေ မြန်မာ နိုင်ငံ အတွင်း အသုံးပြု တာတွေ ကတော့ ဆီးဂိမ်း မတိုင်ခင် ကတည်းက အသုံးပြု လို့ ရနေတာ ဖြစ်ပါတယ်။

No comments:

Post a Comment