Twitter Bird Gadget

Wednesday, November 26, 2014

Facebook Multi Account သုံးမယ်




အားလုံးစောင့်မျှော်နေကြတဲ့ multiaccountအသုံးပြုလို့ရတဲ့ Official Facebook version 22.0.0.15.13 google play store မှာ update လုပ်လို့ရနေပါပြီ။အသုံးပြုနည်းလေးကတော့
အရင်ဆုံးupdateမဖြစ်သေးလျှင် update လုပ်ပြီး instill လုပ်ထားပါ။ပြီးလျှင် လက်ရှိ account
ကနေlog out လုပ်လိုက်ပါ။Log in page မှာမိမိ profile ပုံနှင့်လိုဂိုလေးတွေ့ရပါမည်။မတွေ့ရသေး
လျှင်တစ်ခါ လက်ရှိ account ဖြင့် log in လုပ်ပြီး log out ပြန်လုပ်ပါ။ မိမိ profile ပုံနှင့်လိုဂိုလေး
တွေ့ရပြီဆိုရင်တော့ multiaccountအသုံးပြုရန် ဆက်လုပ်ရပါမယ်။
Profile ပုံလိုဂိုလေးရဲ့အောက်ဘက်နားမှာ  Log in setting နှင့် Log into another account ဆိုပြီး
စာကြောင်းနှစ်ကြောင်းတွေ့ပါလိမ့်မယ်။ Log in setting ဆိုတာကတော့ multiaccountအသုံးပြုတဲ့
အခါမှာသူများတွေအလွယ်တကူဖွင့်လို့မရအောင် password ခံထားပေးတဲ့နေရာပါ။Password တွေ
များနေလို့ ရှုပ်ကုန်မှာမေ့ကုန်မှာဆိုးလျှင် password မခံထားချင်လည်းရပါတယ်။
Log into another account ဆိုပြီးစာတစ်ကြောင်းကတော့ မိမိရဲ့ ဒုတိယအသုံးပြုလိုတဲ့ အကောင့်ဝင်
ရန်နေရာဖြစ်ပါတယ်။မိမိမှာဒုတိယအကောင့်ရှိလျှင်တော့ Log into another account ကနေထပ်ပြီး
ဝင်ပေးပါ okသွားပြီးဆိုလျှင် Log out ပြန်လုပ်လိုက်ပါ။log in page မှာမိမိအသုံးပြုခဲ့သောယခင်
Account နှင့် ဒုတိယအသုံးပြလိုတဲ့ Account တွေရဲ့ Profile ပုံနှစ်ပုံကိုယှဉ်လျက်တွေ့ရပြီဆိုရင်တော့
Multiaccount Setting ပြီးစီးသွားပါပြီး။
မိမိအသုံးပြုလိုသော account ရဲ့ profile ပုံလေးကိုတစ်ချက်နှိပ်လိုက်ရုံဖြင့် log in ဝင်သွားတာကိုတွေ့
ရပါလိမ့်မယ်။

အားလုံးပဲအဆင်ပြေပါစေဗျာ.....
                      
                           @@@@@@@@@@@@@@@@

No comments:

Post a Comment