Twitter Bird Gadget

Friday, November 21, 2014

သဘာဝမှပေးတဲ့ဆေး(ဖရဲသီးကောင်းကျိုး)




လူတိုင်းနီ့ပါးကြိုက်နှစ်သက်တဲ့ အသီးဖြစ်ပါတယ်။စားလိုက်လျှင် အရေတွေ တဖြန်းဖြန်း
ထွက်ကာ ချိုသောအရသာရှိပါတယ်။ဖရဲသီးမှာလူတွေအတွက် ကျန်းမာရေး အကျိုးကျေး
ဇူးများစွာ ရှိကြောင်းသိရအါတယ်။
ဖရဲသီးမှာ ရေဓါတ်များစွာပါဝင်သည့်အတွက် ခန္တာကိုကိုယ် လတ်ဆတ်စေ၍ အားအင်
တက်ကြွစေပါတယ်။ဒါအပြင် ကိုလက်စထရော ကိုလျှော့ချပေးနိုင်စွမ်း ရှိသည့်အတွက်
ပိန်ချင်သူများစားသင့်တဲ့ အသီးဖြစ်ပါတယ်။သွေးတိုးရောဂါ ရျိသူများအတွက် အထူး
ကောင်းမွန်သင့်လျှော်ကြောင်း တွေ့ရှိရပါတယ်။
နှလုံးရောဂါရှိသူများ စားသင့်သည့်အပြင် အသားအရေအစိုဓါတ်ကို ထိန်းညှိပေးသဖြင့်
ကြည်လင်လှပစေပါတယ်။အဲဒါကြောင့် ဖရဲသီးစား၍ ကျန်းမာရေး အကျိုးကျေးဇူးတွေ
ရရှိနိုင်သည့်အတွက် စားသုံးသင့်ပါတယ်။

Good Health

No comments:

Post a Comment