ကွယ်လွန် သွားပြီဖြစ်သော ဆရာကြီး ဦးဝင်းတင်အား ထပ်မံဦးညွှတ် ဂုဏ်ပြုသည့်
အနေဖြင့် စာရေးသူ ရေးခဲ့သည့် ဆောင်းပါး တစောင်အား ပြန်လည် တင်ပြ
လိုက်ပါသည်။
‘လူဆိုတာ သေမှ ချီးမွမ်းရတယ် ကွ’ ဟု စာရေးသူ၏ ဖခင်က သင်ကြားဆုံးမခဲ့ဘူးပါသည်။ မသေခင် ချီးမွမ်းမိလျှင် အကယ်၍ ထိုသူသည် ငွေကြေး၊ အာဏာ၊ အရှိန်အဝါ၊ စာရိတ္တ နှင့် ရပ်တည်ချက်များ၌ ဖေါက်ပြန် ပျက်စီး သွားမည်ဆို ပါက ချီးမွမ်းထားမှုမှာ အချည်းနှီး ဖြစ်နိုင်သောကြောင့်ပင်။ သို့ရာတွင် မသေခင်မှာပင် စာရေးသူတန်ဘိုးထား ချီးမွမ်း လိုသော၊ ဂုဏ်ပြုလိုသော၊ ထိုသို့ချီးမွမ်း ဂုဏ်ပြုကြောင်း လဲ ကြားသိစေလိုသောပုဂ္ဂိုလ်အချို့အနက် ဆရာကြီး ဦးဝင်း တင်သည် ထိပ်ဆုံးမှပါရှိပါသည်။
စာရေးသူ အနေဖြင့်ပြည်တွင်း မှာ နေထိုင်စဉ်က ဆရာကြီးဦးဝင်းတင် အား လူကိုယ်တိုင် သိကျွမ်းခဲ့ ခြင်း မရှိ ပါ။ သူ၏ အရည်အချင်း များ အကြောင်းကို တစွန်းတစတော့ ကြားဘူးခဲ့သည်။ သူနှင့် ပထမဆုံးစတင် စကား ပြောခွင့်ရခဲ့သည်မှာ အာရ်အက်ဖ်အေ မှ စီစဉ်ထုတ် လွှင့်သော ဦးဝင်းတင်နှင့် ဆွေးနွေးခန်းတွင် ဖြစ်သည်။ ထိုအချိန်က အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ တန်ခိုးထွားနေသည့်ကာလ ဖြစ်ပြီး အီးမေး တခု ဖမ်းမိရုံနှင့် ထောင် ၁၅ နှစ်ချမှတ် သည့် မှုခင်းများပေါ် ခဲ့ပြီးချိန် ဖြစ်သည်။ စာရေးသူ အထွေထွေအတွင်း ရေးမှုးတာဝန်ယူခဲ့သည့် မြန်မာနိုင်ငံရှေ့နေများ ကောင်စီအား မတရား အသင်းကြေငြာထားသည်မှာ မကြာလှ သေးသောကာလဖြစ်သည်။
ကျွန်တော်လိုလူမျိုး နဲ့ ဆက် သွယ် ပြောဆိုရင် ဆရာ့အတွက် အန္တရယ် မရှိနိုင်ဘူးလား ဟု ပွင့်ပွင့်လင်း လင်း မေး ဖြစ်သည်။ "ကိုအောင်ထူး ရယ် ဆရာလဲ အသက်ကြီးလှပါပြီ။ ပြောစရာရှိတာတော့ပြော မှာဘဲ။ သူတို့မကြိုက်လို့ ဖမ်းချင်လဲ ဖမ်းကြပါစေ။ သတ်ခြင်လဲသတ်ကြပါစေ ” ဟူ၍ ဖြေသည်။ ဆရာ၏ အဖြေကို ကြား လိုက်ရသောအခါ စိတ်ထဲမှာ လေးစားလွန်းသဖြင့် ငိုင်သွား မိသည်။
ဟုတ်မဟုတ်တော့ မသေချာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွှေဂုံတိုင်ကြေငြာချက်ပါ ရပ်တည်ချက် အတိုင်း၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံ၊ ကြားဖြတ်ရွေးကောက်ပွဲမဝင်၊ စစ်အစိုးရတည် ထောင်ထား သော လွှတ်တော် မတက်ရန် မူလက ဆရာ့တွင် သဘောထားရှိခဲ့ကြောင်း ကြားရသော အခါ ထပ်ဆင့်လေးစားမိသည်။ ပါတီအတွင်း အများဆန္ဒအရ ဆရာ့ဘက်က လိုက်လျောခဲ့ရ သည် ဆိုလျှင်လည်း အပြစ်မတင်ရက်ပါ။ သို့ရာတွင် ယခုအချိန်အထိ ဖွဲ့စည်းပုံ၏ အခြေခံကြောရိုးများကို ထိထိရောက်ရောက် ပြင်ဆင်နိုင်မည့် အလားအလာဝေးရုံသာမက မည်သည့် အပိုင်းများအား မည်သို့ပြင်ဆင်သွားမည်ဖြစ်ကြောင်းကို ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူထုအား ရှင်းပြသည့် တိကျသော လုပ်ငန်းစဉ်ကို မကြားရသေးသောအခါ ရင်လေးမိသည်။
ဒုတိယ အကြိမ်ဆရာနှင့် ဆက်သွယ်ဖြစ်သည်မှာ (၁၉၇၄- ၇၆) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင် မောင်ဦး၏ အတ္ထုပတ္တိကို စာရေးသူပြုစုပြီးခဲ့ချိန်က ဖြစ်သည်။ ကိုတင်မောင်ဦးမှာ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ် သားသားဆန့်ကျင်ခဲ့ရာတွင် သူ့ခေတ်သူ့အခါ၌ ကျော်ကြားခဲ့သူပါ။ သည်လိုစာအုပ်မျိုးကို စစ်အာဏာရှင်တွေ မုန်းတီး လေ့ရှိသဖြင့် စာအုပ် နှင့် ပတ်သက်သူများ ကို ပြသနာရှာလေ့ရှိသည်။ စာအုပ်အတွက် အမှာရေးပေးပါရန် စာရေးသူက ဆရာ့အား ပန်ကြား ရာ မဆိုင်း မတွပင် လက်ခံခဲ့သည်။
စစ်အစိုးရကများ အရေးယူလေမည်လားဟု ဆံခြည်တမျှင်မျှ ပင် စိုးရိမ်ပုံမရခဲ့ပါ။ စာအုပ်ထွက်ရက်နီးနေပြီဖြစ်သောကြောင့် ဆရာသည် ဆေးရုံမှ ဆင်းပြီးကာစ အစာ ပင်ကောင်း ကောင်းမစားနိုင်သေး သော အချိန်တွင် အတော်ပင် ရှည်လျှားသော အမှာစာကို ရေးပေးခဲ့သည်။
ဆလိုင်းကိုတင်မောင်ဦး၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမ၌ကျင်းပခဲ့သည်။ စစ်အာဏာရှင်စနစ် လွှမ်းမိုးခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်အတွင်း ယင်းစနစ်ကို ပြတ်ပြတ် သားသား တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်ကျောင်းသား ခေါင်းဆောင် တဦးအား ဂုဏ်ပြုပွဲကျင်းပနိုင်ခြင်းမှာ လူထုတိုက်ပွဲ များ ကျောင်းသားတိုက်ပွဲများ လက်နက်ကိုင်တိုက်ပွဲများမှ ပေါ်ထွက်လာသည့် ရှားရှားပါးပါး ရလာဒ် တခု ဟု ပြောနိုင် သည်။
ထိုပွဲတွင် ဆရာ့အား ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေနှင့် ထိုခေတ်က ကျောင်းသားကြီးများ၊ ကိုမင်းကို နိုင် အပါအဝင် ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ကိုကျော်ကိုကို အပါအဝင် လက်ရှိ ဗကသ ခေါင်း ဆောင်များ နှင့် အတူ ရှေ့ဆုံးတန်းတွင် တွေ့မြင်ခဲ့ရသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း စာရေးသူရင်တွင်းတွင် အတိုင်း မသိ ၀မ်းမြောက် ဂုဏ်ယူမိသည်။ ကိုတင်မောင်ဦးအတွက်သာမက တော်လှန်သော ကျောင်းသားမျိုးဆက်ကို အဆင့် ဆင့် လက်ဆင့်ကမ်းဘို ့ကြိုးပမ်းနေကြသော ကျောင်းသားခေါင်းဆောင်များ အားလုံး အတွက်၊ အထူးသဖြင့် အလံမလှဲ သည့် သတ္တိကို အိုကြီးအိုမ နှင့် ဇွဲခိုင်ခိုင် ဆက်ပြလျှက်ရှိသော ဆရာကြီးဦးဝင်းတင် အတွက် ဖြစ်သည်။
ထိုမျှနှင့် မပြီးသေးပါ။ ဆဲဗင်းဇူလိုင် နှစ်ငါးဆယ်ပြည့် အခန်းအနားကို စည်ကားသိုက်မြိုက် စွာ ကျင်းပမည် စီစဉ် လိုက် သောအခါ စစ်အာဏာရှင်များက ဇာတိပြန်ပြလာပြန်ပါသည်။ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခွင့်မပေး သည့် အပြင် စီစဉ်လုပ်ဆောင်နေ ကသည့် ကျောင်းသား အတော်များများကို ပါ ဖမ်းဆီးမှုများပြုခဲ့သည်။ မည်သို့ပင် ဖမ်း ဆီးပါစေ မဖြစ်မနေကျင်းပမည်ဟု ကိုမင်းကိုနိုင် နှင့် ကျောင်းသားခေါင်းဆောင်များက ကြေငြာပြီး ကျင်းပပြန်သော အခါ ဆရာ ကြီးဦးဝင်းတင် အား ရှေ့ဆုံးတန်းနေရာတွင် တွေ့ရပြန်သည်။
ငါတို့ကတော့ အသက်လည်း ကြီးပါပြီ၊ အေး အေး ဆေးဆေးဘဲနေပါတော့မည် ဟူသော အဖိုးအို များအား စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲအတွက် ဆရာ ကြီး ဦးဝင်းတင်က တပ်လှန့် နိုးလိုက်ခြင်း မည်ပါသည်။ ကြည့်စမ်း၊ အဖိုးကြီးတောင် အိုမင်းမစွမ်းနဲ့ ရှေ့တန်းမှာထွက် လှုပ်ရှားနေတယ် ငါတို့လူကြီး၊ လူလတ်၊ လူငယ်တွေ ဘာကြောင့်ငြိမ်နေရမှာလဲ ဟု ကျန်လူထုအားလုံးကိုပါ တပြိုင် တည်း လှုံ့ဆော်ရာလည်း ရောက်သည်။ ကျေးဇူးကြီးပါသည် ဆရာကြီး ဦးဝင်းတင်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဆရာကြီးက ကော်မရှင်ကို ဝေဘန်သည့် ဆောင်းပါးတပုဒ်ရေးခဲ့ သည်။
ဟီး---ဟီး --- ဟဲ--- ဟဲ --- ဟား--- ဟား --- ဟင်း ----ဟင်း ရယ်သံတွေ ဟားသံတွေ မပြုံးဘဲ ဝါးလုံးကွဲ သံတွေ မဟုတ်ပါဘူး ဗျာတို့။ ကျုပ်ဆိုတဲ့ အိုနာကျိုးကန်းက လူအို ကလောင် အို စာအိုကိုဗျ။ ----- (ဟူ၍ အစချီကာ) နိုင်ငံရေး ပါတီ အဖွဲ့အစည်းတို့လောကမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆို တာကြီး ရှိတယ်ဗျ။ နေပြည်တော်မှာ ရုံးစိုက် တယ်ဗျ။ အဲသည် ကော်မရှင်ကြီးက ၂၀၁၂ ဇွန်လ ၁၈ နေ့စွဲနဲ့ စာတစောင် ထုတ်ခဲ့တယ်။ ----- ကော်မရှင်ကြီး ကို တော့ မချစ်အောင့်နမ်း သောက်ရမ်းကို ကြောက်ပါသဗျ။ ရိုသေပါသဗျ။ -------- စသဖြင့် ဖြစ်သည်။
စင်စစ်အားဖြင့် ဆိုလျှင် ဤကဲ့သို့သော စာမျိုးမှာ စာပေလောက တွင် အဆင့်အမြင့်ဆုံး ဟု သတ်မှတ်ကြလေ့ရှိသည့် သရော်စာ Satire ဖြစ်သည်။ ကော်မရှင်မှ ပုဂ္ဂိုလ်များသည် စာနှင့် ပေနှင့် နီးစပ်ကြပုံမရ။ ပညာရှင်တို့၏ တန်ဘိုး ကိုလည်း နားမလည်။ ဥပဒေနှင့် မူ ပို၍ အလှမ်းဝေး သည့် သဘောရှိသည်။ ပညာရှင်ကြီးက မိမိတို့ကို ဆိုဆုံးမသည် ဟူ၍ အပြုသဘောဖြင့် ခံယူရမည့်အစား မည်သို ့သော ဥပဒေကြောင်း အထောက်အထားမျှ မပြနိုင်ဘဲ ဆောင်းပါးရေး သားသော ဆရာကြီးကို သတိပေးခဲ့ကြောင်း သိရသည်။ တိုင်းပြည်၏ အိမ်ဦးခန်းမှာ တင်ထားပြီး၊ လိုလေသေးမရှိ ပြုစုစောင့်ရှောက်ထားရမည့် ပညာရှိကြီးတဆူအား စော်ကားလိုက်ရာ ရောက်သဖြင့် စိတ် မကောင်း ခြင်း ကြီးစွာ ဖြစ်မိခဲ့သည်။
သို့ရာတွင် ကော်မရှင်၏ သတိပေးချက်သည် နိုင်ငံရေးအမြှော်အမြင်ရှိပြီး လွတ်လပ်ရဲတင်းစွာ ထုတ်ဖေါ်တတ်သည့် ဆရာကြီးအား မဟန့်တားနိုင်ပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လ (၈) ရက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် နိုင်ငံရေး အရ တိုးတက်မှုတွေ ရှိပါသလား ဟူသော ဘီဘီစီ ၏ အမေးကို ဆရာကြီးက တပြည်လုံးသိအောင် အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
"ဒီမိုကရေစီ ရေးနဲ့ပတ်သက်ရင် သတင်းစာ လွတ်လပ်ခွင့်၊ နိုင်ငံရေးပါတီတွေ လွတ် လပ်စွာ စည်းရုံး လှုပ်ရှားခွင့် စတာ တွေ အခုအထိ အသေအချာကို မရှိဘူး။ နိုင်ငံရေး အကျဉ်းသားတွေလဲ လွှတ်တာ မရှိသေးဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ် သက်ရင်လဲ ပြောဆိုညှိနိုင်းဆက်ဆံတာတွေ ရှိပေမယ့် တကယ် ထိရောက်တဲ့ ပုံသဏ္ဍာန်နဲ့ မဖြစ်ဘူး။ ကချင်ပြည်နယ် မှာ ဆိုရင်လဲ တိုက်တုန်း ခိုက်တုန်းဘဲ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘူး လို့ဘဲ ပြောလို့ ရတယ်။ ----------- အာဏာရှင် စနစ် က ဒီက နေ့အထိ ဂျိုးကပ်နေတုံး၊ အာဏာရှင်မှိုင်းတွေ ညှော်တွေဟာ ဒီကနေ့ အထိ တိုင်းပြည်မှာ လွှမ်းမိုးနေတုံး ဘဲ ရှိသေးတယ်။”
စစ်အာဏာရှင်စနစ်၊ အာဏာရှင်စနစ် ဟူသော စကားလုံးများမှာ စစ်အစိုးရ၏ အပေါ်ယံလိုက်လျောမှုများ အောက်တွင် နိုင်ငံရေးသမား အများစုကြီး အကြား၌ ရေပန်းမစားလှတော့ပါ။ အလွန်အနည်းစု ကလေးမှ လွဲ၍ သုံးနုန်းသံ ကျယ် ကျယ် လောင်လောင် မကြားရသလောက်ဖြစ်နေပါပြီ။ ဤကဲ့သို့ သောအချိန် ပြည်တွင်း စစ်အာဏာရှင်အုပ်ချုပ်မှု အောက်တွင် ရှင်သန်လှုပ်ရှားလျှက်ကပင် ဆရာကြီးက မကြောက်မရွံ့ လူသိရှင်ကြား ထုတ်ဖေါ်လိုက်ပါပြီ။ ထိုမျှနှင့် မပြီးသေးပါ။ ထိုနေ့ တနေ့တည်းမှာပင် ဆရာကြီးက အာရ်အက်ဖ်အေ ရုပ်မြင်သံကြား အစီအစဉ်တွင် အောက်ပါ တိုင်း တိတိကျကျ ထပ်မံ ထောက်ပြသွားခဲ့သေးသည်။
"အာဏာရှင်စနစ်ဟာ ဒီကနေ့အထိ ရှိနေတုန်းဘဲ။ ဒီကနေ့အစိုးရဟာလဲ အာဏာရှင်တွေက ဘောင်းဘီချွတ် ထားတဲ့ အစိုးရဖြစ်တယ်။”
သွေးထွက်အောင် သာမက ငယ်ထိပ်တည့်တည့် သံနှင့် ရိုက်သလို မှန်လိုက်လေ ဆရာကြီးရယ်လို့သာ ရင့်ကျူးလိုက် ခြင်ပါသည်။ အမှန်ကို အမှန်အတိုင်း ပြတ်သားစွာ ပြောရဲသည့် သတ္တိသည် ဆရာကြီး၏ သမိုင်း ဖြစ်သွားပါပြီ။
ကဗျာဆရာ ၀င်းတင့်ထွန်းက ၄င်း၏ "နိုးနေသော လင်္ကာသည်” အမည်ရှိ ကဗျာစာအုပ်တွင် "လူတိုင်း လူတိုင်း ကိုယ့် သမိုင်းကိုယ် ဘယ်လိုရေးမလဲ၊ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်” ဟု စပ်ဆိုခဲ့ဘူးသည်။ ဆရာကြီး ဦးဝင်းတင် သည် သူ့ဘဝ အတွက် လှပ ဂုဏ်ပြောင်သော သမိုင်းစာမျက်နှာများ ရေးသားလျှက်ရှိနေပြီမှာ အငြင်းမပွားပါ။
ဆရာကြီးတွင် ငွေမရှိ၊ အာဏာမရှိ၊ မယ်မယ်ရရရုပ်ဝတ္တု ပိုင်ဆိုင်မှု ဘာမျှ မရှိပါ။ သို့ရာတွင် လူ့လောက၌တန်ဘိုး မဖြတ်နိုင်သော အရာများ ရှိသည်။ အထူးသဖြင့် ဆရာကြီးတွင် အမှန်တရားကို မြတ်နိုးသည့် စိတ်ဓါတ်ရှိသည်။ အမှန်တရားကို မကြောက်မရွံ့ ထုတ်ဖေါ်ပြောရဲသည့် သတ္တိ ရှိသည်။ အမှန်တရားအတွက် တိုက်ပွဲဝင်ရဲသည့် ရပ် တည်ချက်ရှိသည်။
ဆရာကြီးသည် စစ်အာဏာရှင်များ လွန်မင်းစွာစိုးရွံ့သော လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ကို ပိုင်ပိုင်နိုင်နိုင် သုံး လျှက် လူထုတရပ်လုံး ငြိမ်းချမ်းပျော်ရွှင်သော ဘဝကို ရရှိခံစားစေရန် စေတနာရိုးဖြင့် စွမ်းစွမ်းတမန် ကြိုးပမ်းနေသူ ဖြစ်သဖြင့် လူဖြစ်ရကျိုး အနပ်ဆုံး နှင့် တန်ဘိုးအရှိဆုံးပုဂ္ဂိုလ်များ အနက် တဦးအပါအဝင် ဖြစ်ကြောင်း အလေးအနက် အသိအမှတ်ပြုပါသည်။ ဆရာကြီး သက်တော် ရာကျော်ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း ဤဆောင်း ပါးငယ် ဖြင့် ဂုဏ်ပြုအပ် ပါသည်။
အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၉) ရက်
@ သျှမ်းသံတော်ဆင့်သတင်းဌာနမှ

No comments:
Post a Comment