ကျွန်တော်ကစာတွေပေတွေမဖတ်ဖြစ်ခဲ့ဖူးဘူး၊စစ်တပ်ကစာတွေကိုပဲဖတ်ဖူးခဲ့တယ်။အမှန်အတိုင်းပြောရ
ရင်ဥပဒေကိုမေးရင်သိတယ်။ကျွန်တော်တို့မှာက
တိုတိုပဲ၊သူများလိုရှည်ရှည်မလာဘူး။၁၊၂၊၃,၄၊......(၁)
ဆိုရင်ရည်ရွယ်ချက်၊(၂)အခြေအနေကိုသုံးသပ်မယ်၊(၃)ဘယ်နည်းလမ်းကိုရွေးပြီးလုပ်မယ်၊(၄)အဲဒါလုပ်
ဖို့အတွက် စီမံချက်၊(၅)အဲဒါအတွက်
အစီအစဉ်ပဲ။အဲဒီဟာကိုပဲတပ်မှူးလုပ်တဲ့သူကခေါင်းထဲမှာစီစဉ်
ထားတာ။ကြီးကျယ်ရင် ကြီးကျယ်သလိုမျိုး၊သေးရင်သေးသလိုမျိုးဒါပဲဘာစာပေမှ
မဖတ်ခဲ့ဖူးဘူး။
သူတို့ကိုအများကြီးကျေးဇူးတင်တယ်...ဦးဝင်းထိန်တို့
သူတို့ Research (သုတေသနဌာန)ပေါ့။ကျေး
ဇူးအများကြီးတင်ပါတယ်။Research
က ကလေးတွေကလည်းတစ်ချိန်မှာအပယ်ခံရပါတယ်။ဘာဖြစ်လို့
လဲဆိုတော့ ဗမာနိုင်ငံနဲ့ပတ်သက်လို့
အခုမဆလတော်လှန်ရေးကောင်စီတက်တဲ့အချိန်တုန်းကနိုင်ငံခြား
ငွေတက်လာတာကဗိုလ်ချုပ်ကြီးနေဝင်းကလည်းနေ့တိုင်နိုင်ငံခြားငွေဘယ်လောက်တက်တယ်ဆိုတာ
စာရင်းကိုသတင်းစာထဲမှာဖော်ပြတယ်။တက်လာရင်
တက်လာတာကိုသူ့လက်တက်မှာဖော်ပြတယ်။
သူကသိပ်ပြချင်တဲ့အတွက် ကိုယ်စီမှာထွက်တဲ့
အသီးအနှံနဲ့ ရောင်းလို့ရတဲ့ ပစ္စည်းတွေကိုကြိုရောင်း
တယ်။ကြိုရောင်းတယ်ဆိုတော့ ဈေးနည်းနည်းနဲ့
ရောင်းရတာပေါ့၊ကြိုရောင်းတယ်ဆိုတော့ ပိုက်ဆံရ
တာပေါ့၊ နိုင်ငံခြားငွေလည်းတက်လာတာပေါ့၊အဲဒီတော့
သူတို့သုတေသနဌာနကဒီလိုနဲ့ ပိုက်ဆံတွေ
တက်လာခြင်းသည်ဒီမတ်လ ၂ရက်နေ့ကနေပြီးတော့
ဟိုဘက်ကိုတက်လာတာ၊တော်လှန်ရေးကောင်စီ
က လုပ်တဲ့ဟာကြောင့် တက်လာတာမဟုတ်ဘူး။ဖဆပလခေတ်ဟိုဖက်ကလုပ်ခဲ့တဲ့
စီးပွားရေးကြောင့်
အရှိန်ကဒီအထိပါလာတာ။အဲဒီတော့ ၁၉၆၆၊၆၇ဟိုဘက်ရောက်ရင်
စကျမယ်လို့ သုတေသနဌာနကတင်
တယ်၊အဲဒါတင်ရကောင်းမလားဆိုပြီးကလေးတွေကိုဟိုပြောင်းဒီပြောင်းလုပ်လိုက်တယ်။နောက်အ
သစ်တွေဝင်လာကြတယ်ပေါ့၊နောက်အသစ်တွေကလည်းသူတို့ခိုင်းတာပဲလုပ်တယ်။
ဒါပေမဲ့ သူတို့ (ဦးဝင်ထိန်အား ညွှန်ပြလျက်)သုတေသနကစာဖတ်တဲ့သူ၊ကျွန်တော်တို့ကသုတေသန
တင်ပြချက်ကိုပဲကျက်ရတယ်။စနေနေ့ဆိုသုတေသနစာတမ်းတွေကိုတော်တော်ဖတ်ရတယ်။ဟောပြော
ပွဲရှိရင် နားထောင်ထားရတယ်။ဒါပေမဲ့
တုင်းပြည်အခြေအနေနဲ့ ပတ်သက်လို့ အမှန်မသိခဲ့ရလို့ လုပ်ခဲ့ရ
တာမရှိဘူး။ဒါပေမဲ့ အလုပ်ပြုတ်တဲ့နေ့မှာသူတို့
(ဦးဝင်းထိန်) စာအုပ်တွေခိုးပြီးယူလာပေးတယ်၊အဲဒီ
တော့မှ ကျနော်ဖတ်ဖူးခဲ့တာ။ဂျော့အော်ဝဲလ်
ရေးတဲ့စာအုပ်တွေဖတ်ဖူးတယ်။သခင်ဘသောင်းဘာသာ
ပြန်ရေးခဲ့တဲ့ခြေလေးချောင်းတော်လှန်ရေးအကြောင်းဖတ်ဖူးခဲ့တယ်။
သူတို့ဆီကစာတွေဖတ်ဖူးတော့မှဘာသိလိုက်ရလည်းဆိုတော့
မောင်တင်ဦးမင်းဟာ (ချို)ဂျိုကာကြီး၊
နွားကြီးဆိုတာကောင်းကောင်းသိလာတယ်၊ဒါပဲ၊ဘာလို့လဲ၊ဒီစနစ်မှာငါဟာနွားကြီးပဲဆိုတာပိုပြီးသ
ဘောပေါက်လာတယ်။ဒီတော့ စိတ်ထဲမှာဒီစနစ်ဟာဒို့တွေအားလုံးကိုနွားကြီးလိုအလုပ်ခံရတယ်။ဒီ
ဘဝကလွတ်အောင် လုပ်ဖို့ဆိုတာ ငါ့မှာတာဝန်ရှိလာတယ်ဆိုတာသဘောပေါက်လာတယ်။
-ကာကွယ်ရေးဦးစီးချုပ်ဟောင်းသူရဦးတင်ဦး(NLD
ပါတီနာယက၊သဘာပတိအဖွဲ့ဝင်)
(“ပြည်သူချစ်သောကာကွယ်ရေးဦးစီးချုပ်ဟောင်းသူရဦးတင်ဦး”
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင်
ပြောကြားသောစကားမှ ကောက်နှုတ်ချက်)
No comments:
Post a Comment