မြန်မာ့ရွှေပေသဝဏ်လွှာဟာအလောင်းမင်းတရားကနေဘုရင်ဂျော့ထံပေးပို့
လိုက်တဲ့ရွှေအစစ်နဲ့ခတ်ထားတဲ့ ရွှေပြားထဲမှာမြန်မာစာလုံးတွေကို စီစီရီရီရေးထွင်းထားပြီး
ပတ္တမြား ၂၄လုံးဖြင့် တန်ဆာဆင်ယင်ထားတဲ့အပြင် သေသပ်လှပစွာ ပုံဖော်ထားတဲ့ဖောင်းကြွဟင်္သာပုံ ရှင်ဘုရင့်တံဆိပ်တော် ခတ်နှိပ်ထားတဲ့
ရာဇသံရွှေလွှာဖြစ်ပါတယ်။
ဒီရွှေပေလွှာမှာပါရှိတဲ့ရွှေ၏သန့်စင်မှုဟာ ၉၅.၂၅% မှ ၉၈.၆၉% အထိရှိပြီးရွှေပြားရဲ့ရင်းဖျား
နှစ် ဖက်စွန်းမှာ ပတ္တမြားဆယ့်နှစ်လုံးစီ စီထားပြီးဟင်္သာရုပ်တံဆိပ်တော် ပါရှိပါတယ်။ ကြက်ဥပုံသဏ္ဍာန်နှင့် ဆင်ဆင်တူတဲ့ ဝန်းဝန်းဝိုင်းဝိုင်းပတ္တမြားနှစ်ဆယ့်လေးလုံးဟာ မြန်မာ့ပတ္တမြား စစ်စစ်ဖြစ်ပြီး မိုးကုတ်ပတ္တမြားတွင်းများမှ ထွက်ရှိပါတယ်။
ထိုပတ္တမြားများကို ရွှေသားစစ်စစ်၆x၆ မီလီမီတာရှိသောဆဋ္ဌဂံအံဂွက်များထဲတွင်ခိုင်ခိုင်ခံ့ခံ့
ထည့်ထားပါတယ်။
ပတ္တမြားတွေဟာသွေးမထားဘဲမူလပုံစံအတိုင်းထည့်ထားတာဟာအဲဒီ
ပတ္တမြားနှစ်ဆယ့်လေးလုံးရဲ့အသွင်သဏ္ဍာန်တူညီမှုဟာကြွမ်းကျင်သူပညာရှင်များ အံ့သြခဲ့ရပါတယ်။ ရွှေပေ၏အတိုင်းအထွာများမှာ ၅၄.၇x၈.၅ စင်တီမီတာဖြစ်ပြီးပတ္တမြားများ အပါအဝင်ရွှေပေ၏အလေးချိန်အမှန်မှာ ၁ဝဝ ဂရမ်ဖြစ်ပါတယ်။ ရွှေအချိန်ငါးကျပ်သားရှိပါတယ်။
မြန်မာမှတ်တမ်းများအရ ရွှေပေလွှာကိုဆလင်ဒါပုံ ဆင်စွယ်ကြုတ်ထဲ မသွတ်ခင် စက္ကူနီဖြင့်ပတ်ပြီးမှထည့်တာဖြစ်ပါတယ်။ဆင်စွယ်ဟာအာရှဆင်စွယ်ဖြစ်ပြီး ကြုတ်ကို ‘ရွှေရောင်ပိတ်သားအိတ်’ ဖြစ်သော ရွှေဖျင်အိတ်နဲ့သွတ်ထားပါတယ်။ ထိုရွှေဖျင်အိတ်ကိုမှ ရွှေရေးကြုတ်သွတ်ပါတယ်။
ရွှေရေးကြုတ်ကိုဖော်ပြထားပုံကတော့အနီရောင်သစ်စေးဖြင့် အရောင်တင်ထားသော ရွှေရောင်ဒီဇိုင်းများပါသည့်သစ်သားဖြင့်ပြုလုပ်ထားသောဘူး
ဆိုပြီးတော့ဖြစ်ပါတယ်။အဲဒီ ရွှေရေးကြုတ်ကိုတံဆိပ်တော်မှတ်ထားပြီး
အင်္ဂလိပ်ဘာသာဖြင့်ရေးထားသောစက္ကူတရွက်တွဲထားပါတယ်။ နောက်ဆုံးမှာတော့‘ဂုံဇရပ်အိတ်နီ’လို့ခေါ်တဲ့တောင့်တောင့်
တင်းတင်းရှိပုံရတဲ့အနီရောင်အိတ်တွင်းထည့်သွင်းထားပါတယ်။
ရွှေပေလွှာမှာပါတဲ့ရက်စွဲကိုအရှေ့တောင်အာရှပြက္ခဒိန် (SEAC) အရ အရှေ့တောင်အာရှနှင့် အနောက်တိုင်းပြက္ခဒိန်ကွဲပြားပားမှုကိုနှိုင်းယှဉ်တဲ့ကွန်ပြူတာပရိုဂရမ်ကိုသုံးပြီးကြည့်ရာ
မှာနေရက်ဟာ ၁၇၅၆ ခု၊မေလ ရရက်နေ့ဖြစ်ပါတယ်။အင်္ဂလိပ်ဘာသာ ပြန်ထားသော ဖို့ဒ်စိန့်ဂျော့၏ ‘စာချွန်လွှာဆက်သွယ်မှုများ’စာအုပ်အရဆိုလျှင်စိတ်ဝင်စားစရာကွာဟချက်
ကိုတွေ့ရပါတယ်။ ထိုအင်္ဂလိပ်ဘာသာပြန်စာအုပ်ထဲမှာတော့
”၁၇၅၆ ခု၊ဧပြီလရက်စွဲတပ်ထားသော မြန်မာဘုရင်မှပေးပို့သောစာ”
ဟုပါရှိတာကိုတွေ့ရပါတယ်။
အလောင်းမင်းတရားရဲ့ရွှေပေလွှာဟာ မြန်မာ့သမိုင်းကြောင်းထဲမှာတန်ဖိုးမဖြတ်နိုင်တဲ့
ပစ္စည်းတစ်ခုဖြစ်ပြီး ပြိုင်စံကင်းပြီးသာမန်မဟုတ်တဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသာကျန်ရှိနေနိုင်သည့်ရွှေပေလွှာဖြစ်ပါတယ်။
မှတ်ချက်။။ဆရာမဝငြ့်ပုံးမြင့် ဘာသာပြန်တင်ဆက်တဲ့The Mandalay Gazette မှာပါတဲ့ဆောင်းပါးမှနေ
အချက်များကိုကောက်နှုတ်ထားပါတယ်။
@@@@@@@@@@@@@@
No comments:
Post a Comment